ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက်ရုံးချိန်းကို ဒီနေ့ စစ်ဆေးခဲ့

နေပြည်တော်၊ သြဂုတ် ၂၈ – ၂၀၁၉

ကိုထွန်း(VOM)

 

လူအများစိတ်ဝင်စားခဲ့တဲ့ နေပြည်တော်က ဗစ်​တိုးရီယားအမှုနဲ့ ပတ်သက်ပြီး ပဉ္စမအကြိမ်မြောက်ရုံးချိန်းကို  ဒီနေ့ သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းက နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

 

ဒီနေ့ ရုံးချိန်းမှာ ဗစ်တိုးရီးယားရဲ့အဘွားနဲ့ ကျောင်းက cctv ကိုအပ်နှံခဲ့တဲ့ ကိုရန်နိုင်ဌေးကိုစစ်ဖို့ ချိန်းထားခဲ့ရာမှာ အဘွားဖြစ်သူကို စစ်ဆေးခဲ့ပေမယ့် ကိုရန်နိုင်ဌေးဘက်က ကွန်ပျူတာပုံးသာပါပြီး Hard disk ပါမလာတဲ့အတွက် စစ်ဆေးဖို့ခက်ခဲတာကြောင့် နောက်ရုံးချိန်းကို ပြန်လည်ရွှေ့ဆိုင်းခဲ့ရပါတယ်။

 

နောက်​တစ်​ပတ်​ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်​​သို့ ပြန်​လည်​ချိန်​ဆိုခဲ့ပြီး ဗစ်​တိုးရီယား​(ကလေးငယ်)ကိုလည်း စစ်​​ဆေးမယ်လို့ ကလေးငယ်ဘက်က ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။

 

#voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW