ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေဆိုင်​ရာ လူငယ်​ဉာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲကျင်းပ

ရန်​ကုန်​၊ သြဂုတ်​ ၂၆ – ၂၀၁၉

မိုးယံ(VOM)

 

ရန်​ကုန်​တိုင်း​ဒေသကြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ကနေ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်​ရာ လူငယ်​ဉာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲတစ်ခုကို တိုင်းအတွင်း ခရိုင်လေးခုက NLD ရုံးတွေမှာ ဒီနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

 

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေချိန်မှာ ကျနော်တို့ပါတီက လူငယ်တွေ တော်တော်များများ ပိုမိုနားလည်ဖို့ ပညာပေးလိုတာရယ်၊ ဒီပြိုင်ပွဲကတစ်ဆင့် ပြည်သူတွေဆီ ရောက်သွားအောင်ရယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်တယ်။”လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

 

ခရိုင်​အဆင့်​ပြိုင်​ပွဲမှာ ရန်​ကုန်​တိုင်းအတွင်းရှိ ခရိုင်​လေးခုက လူဦး​ရေ ၈၀ ဝန်းကျင်​ဝင်​​ရောက်​ ယှဉ်​ပြိုင်​ခဲ့ကြပြီး ရန်ကုန် မြောက်ပိုင်းခရိုင်အနေနဲ့ ၁၆ ယောက်ဝင်ပြိုင်ရာမှာ ပထမဆုရရှိခဲ့တဲ့ ရွှေပြည်သာမြို့နယ်နေ မောင်မြတ်မင်းသူက“ဖွဲ့စည်းပုံနဲ့ ပတ်သက်တာတွေ ဖတ်တယ်၊ ဆရာဦးကိုနီရဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဟောပြောထားတဲ့ ဗွီဒီယိုဖိုင်တွေပြန်ကြည့်တယ်။”လို့ ပြောပါတယ်။

 

ပထမအဆင့်ဖြစ်တဲ့ ခရိုင်အဆင့်ပြိုင်ပွဲတွေကို ဒီနေ့ ကျင်းပခဲ့ပြီးနောက် တိုင်းအဆင့် ပြိုင်ပွဲကိုတော့ လာမယ့်စက်တင်ဘာ ၁ ရက် မနက် ၈ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေလည်း ပေးအပ်သွားမယ်လို့ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ သတင်းပြန်ကြား တာဝန်ခံ ကိုသက်ပိုင်ရှိန်းက ပြောပါတယ်။ ဒါ့အပြင် တိုင်းအဆင့်​ပြိုင်​ပွဲမှာ လူငယ်​ပ​ဟေဠိ ဉာဏ်​စမ်းပြိုင်​ပွဲအပြင်​ ကျဘန်းစကား​ပြောပြိုင်​ပွဲ Debate ပြိုင်​ပွဲတွေလည်း ကျင်းပမှာဖြစ်​တယ်​လို့ သိရပါတယ်​။

 

#voiceofmyanmar #ရန်ကုန် #NLD #လူငယ်ပဟေဠိ ဉာဏ်စမ်းပြိုင်ပွဲ

Related posts

✕
VOM News

FREE
VIEW