ဖွဲ့စည်းပုံအ​ခြေခံ ဥပ​ဒေဆိုင်​ရာ လူငယ်​ဉာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲကျင်းပ

ရန်​ကုန်​၊ သြဂုတ်​ ၂၆ – ၂၀၁၉ မိုးယံ(VOM)   ရန်​ကုန်​တိုင်း​ဒေသကြီး အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ကနေ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်​ရာ လူငယ်​ဉာဏ်​စမ်းပ​ဟေဠိပြိုင်​ပွဲတစ်ခုကို တိုင်းအတွင်း ခရိုင်လေးခုက NLD ရုံးတွေမှာ ဒီနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။   “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေချိန်မှာ ကျနော်တို့ပါတီက လူငယ်တွေ တော်တော်များများ ပိုမိုနားလည်ဖို့ ပညာပေးလိုတာရယ်၊ ဒီပြိုင်ပွဲကတစ်ဆင့် ပြည်သူတွေဆီ ရောက်သွားအောင်ရယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်တယ်။”လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။   ခရိုင်​အဆင့်​ပြိုင်​ပွဲမှာ ရန်​ကုန်​တိုင်းအတွင်းရှိ ခရိုင်​လေးခုက လူဦး​ရေ ၈၀ ဝန်းကျင်​ဝင်​​ရောက်​ ယှဉ်​ပြိုင်​ခဲ့ကြပြီး ရန်ကုန် မြောက်ပိုင်းခရိုင်အနေနဲ့ ၁၆ ယောက်ဝင်ပြိုင်ရာမှာ ပထမဆုရရှိခဲ့တဲ့…

Read More

ညအချိန် တုတ်၊ဓါးတွေနဲ့ အုပ်စုဖွဲ့ ရမ်းကားတဲ့ လူငယ်တွေကို ဖမ်းဆီး

ပုသိမ်၊ သြဂုတ် ၂၆ – ၂၀၁၉ ကိုအောင် (VOM)   ဧရာဝတီတိုင်း ပုသိမ်မြို့မြကျွန်းသာအိမ်ယာဝင်းလမ်းမပေါ်မှာ မနေ့ သြဂုတ် ၂၅ ရက်ညအချိန်က အုပ်စုဖွဲ့ပြီး တုတ်၊ ဓါးလက်နက်တွေနဲ့  လမ်းသွားလမ်းလာတွေတွေကို အန္တရာယ်ပြုခဲ့တဲ့ လူငယ်တချို့ကို ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။   “ညတွင်းချင်း ၇ ယောက် ချက်ချင်း မိပါတယ်။ ကျန်တဲ့ တရားခံတွေမိဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။   လူငယ် ၁၀ ဦးဟာ အရက်သေစာသောက်စားကာ တုတ်တွေ၊ ဓါးမြှောင်တွေနဲ့ အန္တရာယ်ပြုခဲ့တာကြောင့် ဆိုင်ကယ်စီး လည်ပတ်နေတဲ့လူငယ် ၆ ဦး၊ လမ်းမှာဆိုင်ကယ်စီးသင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦးတို့ ဒဏ်ရာတွေရရှိခဲ့ပြီး ပုသိမ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ခေါင်းကွဲ၊ ပြတ်ရှဒဏ်ရာ ရရှိကြပေမယ့်…

Read More

ဟောင်ကောင်ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး ရဲတပ်ဖွဲ့သတိပေး၊ လူ ၃၆ ဦးဖမ်းဆီးခံရ

ဟောင်ကောင်၊ သြဂုတ်-၂၆-၂၀၁၉ မျိုးဆက် (VOM)   သြဂုတ် ၂၅ ရက်က ဟောင်ကောင်ဆန္ဒပြပွဲတွေ ပြုလုပ်ရာမှာ ဟောင်ကောင်ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ်အဖြစ် သေနတ်ပစ်ဖောက်သတိပေးခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ ဇွန်လအတွင်း ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။   တုတ်တွေကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်နဲ့ ချိန်ရွယ်ထားတဲ့ ဓါတ်ပုံတွေလည်းပျံ့နှံ့နေပါတယ်။ ရဲတပ်ဖွဲ့ဟာ  တနင်္ဂနွေနေ့အစောပိုင်းက ဆန္ဒပြသူတွေကို ဟန့်တားဖို့အတွက် ရေအမြောက်တွေကိုလည်း ဖြန့်ကြက်ချထားခဲ့ပါတယ်။   ဆန္ဒပြပွဲတွေဟာ ချွှန်ဝန်ခရိုင်မှာစတင်ခဲ့ပြီးနောက်မှာတော့ ဆင်းရှားဆူခရိုင်ကို ပြန့်နှံ့သွားပါတယ်။ သြဂုတ် ၂၅ ရက် ဆန္ဒပြမှုတွေမှာ လူ  ၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဖမ်းခံရသူထဲက အသက်အငယ်ဆုံးကတော့ ၁၂ နှစ်အရွယ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။   ဆန္ဒပြမှုတွေဟာ အငြင်းပွား တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအသွင်…

Read More

မြို့နယ်တရားရုံးက ပလပ်ထားတဲ့ ကိုဆွေဝင်းအမှုကို ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်

မန္တလေး၊ဩဂုတ် ၂၆-၂၀၁၉ ဟိန်းကို(VOM)   ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုမှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှုမရှိဆိုပြီး  မဟာအောင်မြေတရားရုံးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က အမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။   မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ရေးသားလို့ဆိုပြီး ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေကနေ  မဟာအောင်မြေတရားရုံးမှာ တရားစွဲဆိုထားခဲ့တာပါ။   တရားရုံးက ပလပ်ထားတဲ့အမှုကို တရားလို ကိုကျော်မျိုးရွှေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဒီနေ့ သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာတော့ မန္တလေးခရိုင်တရားရုံးမှာ ဥပဒေပြင်ဆင်ချက် ဆက်တက်ခဲ့ပြီး ခရိုင်တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုလည်း စောင့်ကြည်သွားမယ်လို့ သိရပါတယ်။   #voiceofmyanmar #မန္တလေး #ကိုဆွေဝင်း #

Read More

မင်းလှမှာ ကျောက်မီးသွေးတွင်း ပြိုကျ လေးဦးပိတ်မိ

မင်းလှ၊ သြဂုတ်၂၆ – ၂၀၁၉ ဂျန်ကိုးလ်(VOM)   မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု မနေ့ သြဂုတ်၂၅ ရက် ညနေက ပြိုကျခဲ့ပြီး လူ ၄ ဦးပိတ်မိနေတယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။   “အင်ကြင်းတောင် ကုမ္ပဏီက တူးဖေါ်နေတဲ့ ကျောက်မီးသွေးတွင်းပါ။ မနေ့က ညနေပိုင်းက ရွာတဲ့ မိုးရေတွေဟာ တောင်ကျချောင်းရေတွေနဲ့ပေါင်းပြီး တွင်းထဲကို ဒလဟောစီးဆင်းပြီး ပြိုကျခဲ့တာ။”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဆပ်ပြာရွာသားတစ်ဦးက ပြောပါတယ်။   ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူတွေကို မင်းလှမြို့နဲ့ ရေနံနယ်မြေရဲစခန်းတို့က ရဲတပ်ဖွဲ့ဝင်တွေ၊ ဆပ်ပြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျောက်မီးသွေးတွင်း အလုပ်သမားတွေ စုပေါင်းတဲ့လူ ၂၀ ခန့်က ရေတွေကို ရေစုတ်စက်နဲ့စုတ်ထုတ်နေပြီး ကယ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။   ပိတ်မိသူတွေဟာ စိုးအောင်…

Read More
VOM News

FREE
VIEW