အထက်မင်းလှမှာပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းမှာ ကယ်ဆယ်ရေးရပ်နားမည်

မင်းလှ စက်တင်ဘာ ၁ -၂၀၁၉

ဂျန်ကိုးလ်-(VOM)

 

သြဂုတ်လ၂၅ရက်နေ့ကပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူ ၄ဦးအနက် ၂ဦးကိုသြဂုတ်လ၂၆ရက်နေ့မှာရုပ်အလောင်းအဖြစ်ပြန်ရခဲ့ပြီး ကျန်၂ဦးကိုတပတ်ကျော်တဲ့အထိ ပြန်မရတော့လို့ ကယ်ဆယ်ရှာဖွေရေးအစီအစဉ်ရပ်နားရတော့မယ်လို့ စစ်ဆေးရေးကော်မတီဆီက သိရပါတယ်။

 

နတ်မောက်မြို့နယ် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ (ဥက္ကဌ သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ)က Voice of Myanmarကိုပြောပြတာက

 

“ ကာယကံရှင်သဘောတူညီချက်ရရင် ရပ်ချင်တယ်ပေါ့ တပတ်ကြာလာပြီဆိုတော့ တွင်းကလည်းပေ၂၈၀လောက်မှာဆိုတော့ ကယ်ဆယ်ရေးတွေအတွက်လည်းအန္တရယ်ရှိတယ်”လို့ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သယံဇာတကော်မတီရဲ့ ကွင်းဆင်းဆောင်ရွက်ချက်တွေကိုလည်း သူက ဆက်ပြောပြပါတယ်။

 

“ တွင်းပေါက်ဝက ရိုး၂ခုကြားမှာရှိနေတယ် ရိုးကိုဆည်တုတ်တော့ထားတယ် ခိုင်ခန့်မှု့မရှိဘူးပေါ့ နောက်ရေပြွန်တွေနဲ့ လွှဲဘို့လုပ်ထားတာတွေက အဆင်သင့်ရှိပြီးမလုပ်နိုင်ဘူး၊ နောက်ကျင်းထဲကိုဆင်းတဲ့၎ဦးရဲ့အသက်အန္တရယ်အတွက် အပြင်မှာအစောင့်၃-၄ဦးရှိရမယ်။ သူတို့အပြောအရ အခင်းဖြစ်ချိန်မှာ အဲဒီအစောင့်တွေက ဒေါက်တိုင်လုပ်ဘို့ တိုင်သွားထမ်းနေတယ် အရေးပေါ်လို့ ဘဲလ်တီးမယ်ဆိုတော့ ရေဝင်ပြီးဘဲလ်ကရှော့ဖြစ်ပြီးတီးမရဘူး ရေပြွန်တွေမလုပ်ဘဲအောက်ကိုဘဲမဲတူးနေတယ်ပေါ့ ချုပ်ရရင် လုပ်ငန်းခွင်အန္တရယ်ဆိုင်ရာတွေ ပေါ့လျော့တယ်။ ကုမ္ပဏီကလည်းပေါ့လျော့တယ်။ သတ္တုတွင်းဌာနကလည်း ကြီးကြပ်ဆောင်ရွက်မှု့အားနည်းတယ်။  နည်းပညာအကြံပေးမရှိဘူး လာကြည့်ပြီးတော မှတ်ချက်မပေးခဲ့ဘူး”

 

တိုင်းအစိုးရဖွဲ့ပေးထားတဲ့ သယံဇာတကော်မတီ စစ်ဆေးတွေ့ရှိချက်တွေက ကျင်းတွေမှာ အဓိကဒေသခံအာဏာပိုင်တွေ သတ္တုတွင်းဌာနတွေရယ် ပြည်ထောင်စုအစိုးရရယ်က ဒီဟာတွေကို ပြီးလွယ်စီးလွယ်မပေးဘို့နဲ့ သေချာမသိဘဲ ကျွမ်းကျင်တဲ့လူတွေမဟုတ်ဘဲ လုပ်ရင် တိုင်းပြည်ရဲ့သယံဇာတတွေဆုံးရှုံးပြီးလူသားအရင်းအမြစ်တွေလည်းဆုံးရှုံးနိုင်လို့ လိုအပ်တဲ့ထိမ်းသိမ်းကြပ်မတ်မှု့တွေလိုအပ်ကြောင်းလည်းဦးသောင်းရွှေ (ဥက္ကဌ သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ)က ပြောပါတယ်။

 

 

နောက်ထပ်ဒီလို အဖြစ်ဆိုးတွေ မဖြစ်ရအောင် မကွေးတိုင်းထဲမှာရှိတဲ့ ကျောက်မီးသွေးလုပ်ကွက်၃၀ကို ကွင်းဆင်းစစ်ဆေးကြပ်မတ်သွားမယ်လို့လည်းဆိုပါတယ်။  လုပ်ငန်းခွင်အတွင်း ကျရောက်ခဲ့တဲ့အန္တရယ်နဲ့ပတ်သက်လို့ ကုမ္ပဏီဘက်ကလည်း ကာယကံရှင်တွေကို လိုအပ်သလိုစောင့်ရှောက်ထောက်ပံ့ဖို့ ကုမ္ပဏီဘက်ကသဘောတူထားတယ်လို့လည်း ပြောပါတယ်။

 

လက်ရှိအနေအထားမှာတော့ ကျောက်မီးသွေးတွင်းမှာ လူသေတာနဲ့ ပတ်သက်လို့ နယ်မြေခံ ရဲစခန်းက လူသေမှုနဲ့ အမှုဖွင့်ထားပြီး သတ္တုတွင်း ဥပဒေတွေနဲ့လည်း အရေးယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မင်းလှ  #ကျောက်မီးသွေးတွင်းပြိုကျ #ကယ်ဆယ်ရေး

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW