သတင်းမီဒီယာတွေအနေနဲ့ ပုံနှိပ်ထုတ်ဝေခြင်းစည်းကမ်းတွေကို လိုက်နာဖို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာအားလုံကို အသိပေးစာပို့

စက်တင်ဘာ ၅-၂၀၁၉

နေလင်း (VOM)

 

 

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အသိမှတ်ပြု လက်မှတ်ရပြီး လုပ်ငန်းလုပ်ကိုင်ကြသူတွေအနေနဲ့  ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်း စည်းကမ်းချက်များကို သိရှိလိုက်နာဖို့. ပြန်ကြားရေးဝန်ကြီးဌာနက စာပို့အကြောင်းကြားလာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်လှထွန်းကိုမေးကြည့်တော့

 

 

” ဒါကတော့ တချို့အေဂျင်စီနာမည်ခံတွေက ကျင့်ဝတ်လိုက်နာမှုအားနည်းတာတွေ မကြာခဏတွေ့ရလို့ သတင်းမီဒီယာအမည်ခံရင် ကျင့်ဝတ်နဲ့ စည်းကမ်းတွေလိုက်နာဖို့ သတိပေးတဲ့သဘောပါလို့ ” ဆိုပါတယ်။

 

ပြန်ကြားရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်စဉ်က သတင်းမီဒီယာကောင်စီကချမှတ်ထားတဲ့ ကျင့်ဝတ်တွေ ဥပဒေတွေကို သိရှိလိုက်နာပါ့မယ်ဆိုတဲ့  ကတိခံဝန်နဲ့ လက်မှတ်ထိုးပြီး ပြန်ကြားရေးအသိမှတ်ပြု လက်မှတ်ထုတ်ပေးပြီး ခုမှ ထပ်ပြီး သတင်းမီဒီယာတွေကို သတိပေးလာတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် မီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှူး  ဦးဇေယျာလှိုင် ကိုမေးကြည့်တော့

 

 

“ ကျနော်တို့ အမ်ပီစီက သတင်းမီဒီယာအတုတွေ သတင်းမီဒီယာအမည်ခံပြီး ကျင့်ဝတ်မလိုက်နာတွေကို  စာရင်းဇယားနဲ့ ၂ကြိမ်ထုတ်ပြန်ခဲ့ပြီး အဲဒီထဲက ပြန်ကြားရေးအသိမှတ်ပြုပြီးသား အေဂျင်စီတွေကို ခေါ်ယူ သတိပေးတာတွေလုပ်ခဲ့သလို ပြန်ကြားရေးကလည်း အဲဒီစာရင်းမှာပါတဲ့ သူတွေထဲက တချို့ကို ခေါ်ယူသတိပေးတာတွေ လုပ်တယ်လို့သိရပါတယ်။ တချို့လည်း ပြုပြင်သွားတာတွေရှိသလို တချို့လည်း အမ်ပီစီရဲ့ ရှင်းပြချက်တွေကို မကျေနပ်တာတချို့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ပြန်ကြားရေးက ခုလိုထပ်သတိပေးတာကောင်းပါတယ်။ ဒါ့ထက်ပိုလုပ်နိုင်တာက ဖေ့ဘုတ်အဖွဲ့နဲ့ အစိုးရက ချိတ်ဆက်ပြီး ကျင့်ဝတ်မလိုက်နာတာတွေကို ဆောင်ရွက်နိုင်ရင်တော့ ပိုကောင်းပါတယ်လို့ “ မှတ်ချက်ပြုပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ ဂျာနယ် ၁၅၅ စောင် ၊ နေ့စဉ်ထုတ်သတင်းစာ ၂၂ စောင် ၊ သတင်းအေဂျင်စီ ၂၁၄ ခုနဲ့ မဂ္ဂဇင်း ၁၂၀ ထွက်ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနစာရင်းအရသိရပါတယ်။

 

#voiceofmyanmar #ပြန်ကြားရေးဝန်ကြီးဌာန #သတင်းမီဒီယာကောင်စီ #ပုံနှိပ်ဥပဒေ

Related posts

Leave a Comment

VOM News

FREE
VIEW