ကျုံပျော်နဲ့ လေးမျက်နှာက အင်းလုပ်သားငယ်တွေ ပုသိမ်မှာဆန္ဒပြ

ပုသိမ်၊ စက်တင်ဘာ ၉ -၂၀၁၉

ကိုအောင် (VOM)

 

 

ဒီနေ့ပုသိမ်မြို့မှာ ကျုံပျော်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်မှာရှိတဲ့ အင်း၅အင်းက ဒေသခံရေလုပ်သားငယ်တွေဟာ ဧရာဝတီတိုင်း စိုက်မွေးဝန်ကြီး တိုင်းခရိုင်မြို့နယ် ငါးလုပ်ငန်း ဦးစီးတွေအလိုမရှိ ခေါင်းစဉ်နဲ့စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

လေးမျက်နှာမြို့နယ် ကကင်းမွန်းချောင်းအင်း မြေနုမြစ်ကျိုးအင်း ကျုံတလုပ်အင်းနဲ့ ကျုံပျော်မြို့နယ်က ရှားခဲကြီး အင်း ၊ ရှားခဲလေးအင်းတွေကို ကြေးတိုင်စနစ်ဖျက်သိမ်းထားတာကို အင်းသားကြီးတွေကို ၃နစ်ဆက်တိုက်လုပ်ကိုင်ခွင့်ချပေးလိုက်တဲ့အတွက် အင်းသားငယ်ရေလုပ်သားအစုအဖွဲ့များ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ကြတာလို့သိရပါတယ်။

 

 

“ဒီအင်းတွေက လူသတ်မူ အမြဲဖြစ်နေလို့၂၀၁၆မှာ ကြေးတိုင်စနစ်ကို ဖျက်သိမ်းထားတယ်လို့ပြောတယ်။ ၃နှစ်ရှိပြီ ကျွန်တော်တို့ရေလုပ်သားငယ်တွေလဲမရဘူး တိုင်စာတင်တာတွေလဲ တပုံကြီးဖြစ်နေပြီ ဘာမှထူးမလာလို့ဆန္ဒဖော်ထုတ်တာ”ဟု လေးမျက်နှာမြို့နယ်က ရေလုပ်သားငယ် ဦးစန်းကျော်ကပြောပါတယ်

 

ကျုံပျော်မြို့နယ် ကရှားခဲကြီးရှားခဲလေးအင်း၂၀၁၂ခုနစ်က အင်းသားကြီးတွေနဲ့အင်းသားငယ်တွေကြား အဓိကရုဏ်းဖြစ်ပွာခဲဘူးပီး ၃ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ဒေါ်စန္ဒာကြည်က ခုလိုပြောပါတယ်။

 

“အစိုးရကညာနေတာလား ရွာကိုလာတုန်းကတော့ အင်းသားငယ်တွေရော အင်းသားကြီးတွေရော မျှမျှတတ ရစေမယ် ကတိပေးပီး ခုကြတော့ ချမ်းသာတဲ့လူတွေကိုပေးလိုက်တာ ဘာသဘောလဲမသိဘူး ၂၀၁၂တုန်းက ကျွန်မလူသတ်မူနဲ့ထောင်ကျခဲ့တာ အင်းကိစ္စနဲ့ ဒါမျိုးတွေထပ်မဖြစ်ချင်တော့ဘူး “လို့ပြောပါတယ်။

 

အင်းသားငယ်တွေဟာ ပြီးခဲ့တဲ့ဇူလိုင်၉ရက်နေ့ကလည်း ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးမူးရုံးရှေ့မှာ

ခုလိုဆန္ဒဖော်ထုတ်ခဲ့ကြပြီး ကျုံပျော်မြို့နယ်ငါးလုပ်ငန်းဦးစီးမူး ဒေါ်ခင်မျိုးနိင်ကတော့ ကြေးတိုင်စနစ် ဧရာဝတီတိုင်းရေချိုငါးလုပ်ငန်းဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာလို့ မီဒီယာတွေကိုဖြေကြားခဲ့ပါတယ်။

 

#voiceofmyanmar #ပုသိမ်   #အင်းလုပ်သား

Related posts

Leave a Comment

VOM News

FREE
VIEW