ဟောင်ကောင်ခွဲထွက်ရေးကြိုးစားမှုမှန်သမျှချေမှုန်းခံရမယ်လို့တရုတ်နိုင်ပိုင်သတင်းဌာနဖော်ပြ

ပေကျင်း၊စက်တင်ဘာ-၉-၂၀၁၉

မျိုးဆက်(VOM)

 

ဟောင်ကောင်ဟာတရုတ်နိုင်ငံရဲ့ခွဲမရတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီးဘယ်လိုခွဲထွက်ရေးဝါဒမဆို  ချေမှုန်းခံရမှာဖြစ်တယ်လို့တရုတ်နိုင်ငံပိုင်ချိုင်းနားဒေးလီးသတင်းဌာနကစက်တင်ဘာ၉ရက်မှာဖော်ပြထားပါတယ်။

 

 

ဟောင်ကောင်ဒီမိုကရေစီရရှိရေးသမ္မတဒေါ်နယ်ထရန့်ကူညီပေးဖို့ အမေရိကန်ကောင်စစ်ဝန်ရုံးအရှေ့မှာဆန္ဒပြတောင်းဆိုမှုများပြုလုပ်ပြီးတစ်ရက်အကြာမှာတရုတ်နိုင်ငံပိုင်သတင်းဌာနကယခုလိုရေးသားဖော်ပြတာဖြစ်ပါတယ်။

 

 

စက်တင်ဘာ၈ရက်ကပြုလုပ်ခဲ့တဲ့ဆန္ဒပွဲဟာ  ဆန္ဒပြပွဲတွေနောက်ကွယ်မှာ  တစ်ခြားနိုင်ငံတွေရဲ့တွန်းအားပေးမှုတွေရှိနေတယ်ဆိုတာသက်သေပင်ဖြစ်ပြီးဆန္ဒပြသူတွေအနေဖြင့်ဗဟိုအစိုးရရဲ့စိတ်ရှည်သည်းခံမှုကိုအဆုံးသတ်ဖို့မကြိုးစားသင့်ဘူးလို့ဖော်ပြထားပါတယ်။

 

 

သံသယရှိသူတရားခံကိုတရုတ်ကွန်မြူနစ်ပါတီကထိန်းချုပ်ထားတဲ့တရားရုံးတွေမှာစီရင်ခွင့်ပြုထားတဲ့လူထုမထောက်ခံတဲ့တရားခံလွှဲပြောင်းရေးဥပဒေကြမ်းအပေါ်ဟောင်ကောင်မှာမငြိမ်မသက်မှုတွေဖန်တီးဖြစ်ပေါ်စေပြီးတရုတ်နိုင်ငံကိုထိခိုက်စေဖို့တစ်ခြားနိုင်ငံတွေကကြိုးစားနေတယ်လို့တရုတ်တာဝန်ရှိသူတွေကစွပ်စွဲပြောဆိုထားပါတယ်။

 

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာဆန္ဒပြပွဲတွေအဆုံးသတ်ရေးရည်ရွယ်ပြီးသူ့လုပ်ပိုင်ခွင့်ရဲ့အစိတ်အပိုင်းတစ်ရပ်အနေဖြင့်အဲဒီဥပဒေကြမ်းကိုပြီးခဲ့တဲ့သီတင်းပတ်ကတရားဝင်ရုပ်သိမ်းခဲ့ပါတယ်။

 

 

ဟောင်ကောင်မှာဆန္ဒပြမှုတွေဟာ  အခွင့်အရေးသို့မဟုတ်ဒီမိုကရေစီအတွက်မဟုတ်ဘဲတစ်ခြားနိုင်ငံတွေက၀င်ရောက်စွက်ဖက်မှုရဲ့ရလဒ်ဖြစတယ်လို့ချိုင်းနားဒေးလီးသတင်းဌာနကဖော်ပြပါတယ်။ဒါ့အပြင်ဟောင်ကောင်မှာတရားဥပဒေစိုးမိုးကြောင်းပြသဖို့လိုအပ်ပြီးလက်ရှိအခြေအနေအတိုင်းဆက်လက်လုပ်ဆောင်နေပါကဟောင်ကောင်အနေနဲ့ကြီးမားပြင်းထန်တဲ့အပြစ်ဒါဏ်ကိုရင်ဆိုင်ရမယ်လို့တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကလည်းသီးခြားဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။

 

 

Ref &Photo : Reuters

 

#voiceofmyanmar #ဟောင်ကောင် #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW