ပန်းတောင်းမြို့နယ် သူရဲတန်းကျေးရွာမှာ ကမ်းပါးပြိုလို့ ကားလမ်းပြတ်တောက်

ပန်းတောင်း ။စက်တင်ဘာ၁၁-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်ပန်းတောင်းမြို့နယ်က သူရဲတန်းကျေးရွာမှာ သူရဲတန်းချောင်းရေတိုက်စားပြီး ကမ်းပါးတွေပြိုကျနေတာကြောင့် ကျေးရွာ၅ရွာကိုဆက်သွယ်တဲ့လမ်းဟာ ၃ပေခန့်ဘဲကျန်တော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

အရင်နှစ်တွေပြိုကျစဉ်ကတိုင်းအစိုးရက ရေကာတာရိုက်ပေးခဲ့သော်လည်း ထပ်မံပြိုကျနေဆဲဖြစ်လို့ ကျေးရွာနေပြည်သူတွေကို ဆရာတော်များကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ သဲအိတ်တွေကာရံနေရပါတယ်။

 

”သဲအိတ်တွေနဲ့အရေးပေါ်လုပ်ရတော့ငွေအား၊လုပ်အားအလှူတွေလိုအပ်နေတယ်”လို့သူရဲတန်းကျေးရွာသရက်တောကျောင်းတိုက်ကဆရာတော်ဦးပညာသာမိကမိန့်ပါတယ်။

 

ကမ်းပါးပြိုကျတာဟာ ကျေးရွာ၅ရွာရဲ့ဆက်သွယ်ရေးလမ်းကို ထိခိုက်နေတာကြောင့် အကူအညီများစွာလိုအပ်နေတယ်လို့လည်းသိရပါတယ်။

 

“ ကမ်းပါးပြိုကျမှုကြောင့်အခုလမ်းက၃ပေလောက်ဘဲကျန်နေပါတော့တယ်ကျောင်းသားတွေအရေးပေါ်မီးသတ်ကားတွေအရေးပေါ်လူနာတွေအတွက်အရမ်းခက်ခဲနေတယ်ကားကြီးတွေဝင်မရတော့တဲ့အတွက်ရွာကားတွေကလမ်းဆုံမှာရပ်ပြီး၊ဒီဘက်ကိုကယ်ရီနဲ့ကုန်တွေကိုတဆင့်ပြန်သယ်ရတော့၊ရွာထဲမှာဆန်၊ရေသန်ဘူးကအစအကုန်ဈေးတွေမြင့်ကုန်တယ်မီးဘေးအန္တရာယ်ကြုံရင်လဲမီးသတ်ကားဝင်လို့မရတော့တဲ့အခြေအနေဖြစ်နေတယ်”လို့သူရဲတန်းလူငယ်ပရဟိတအဖွဲ့ကမတိုးတိုးလွင်ကပြောပါတယ်

 

သူရဲတန်းကျေးရွာဟာတိုက်နယ်ကျေးရွာကြီးဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်အောင်ရဲ့ရွာလည်းဖြစ်ကာ ပန်းတောင်းမြို့နယ်အတွင်း ပုသိမ်မုံရွာလမ်းမကြီးဘေး  သူရဲတန်းတံအနီးကနေတဆင့် အတွင်းကို ၁မိုင်ခန့်ဝင်ရောက်ရတာဖြစ်ပါတယ်။

 

#voiceofmyanamr #ပြည် #ပန်းတောင်း #ကမ်းပြို

Related posts

Leave a Comment

VOM News

FREE
VIEW