ပဲခူးစက်တင်ဘာ၁၂-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းပဲခူးမြို့မှာ ပဲခူးမြစ်ရေဟာစက်တင်ဘာ၁၂မနက်၆နာရီခွဲ တိုင်းတာချက်အရစိုးရိမ်ရေမှတ် အထက် ၁၉စင်တီမီတာကျော်လွန်နေပြီးဆက်လက်မြင့်တက်နေတာကြောင့် ရပ်ကွက်တချို့ ရေဝင်နေပါတယ်။
ရေကြီးနေတဲ့ လူနေအိမ်တွေက မိသားစုတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေပြီးစာသင်ကျောင်း၂၅ကျောင်း ပိတ်ထားရတယ်လို့ ပဲခူးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကသိရပါတယ်။
ပဲခူးမြို့မှာယခုအချိန်ထိကယ်ဆယ်ရေးစခန်းဖွင့်ထားခြင်းမရှိသေးဘဲနီးစပ်ရာဘုန်းကြီးကျောင်းတွေမှာရွှေ့ပြောင်းနေထိုင်ကြတယ်လို့ ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးဇော်ထွဋ်က
“ သူတို့နေရေးထိုင်ရေးအဆင်ပြေစေဖို့် အနောက်ရွှေနံ့သာကျောင်းတိုက်မင်္ဂလာဇေယျုံစာသင်တိုက်ငြိမ်းချမ်းဇေယျာစာသင်တိုက်ဒက္ခိဏာသာခါ ဘုန်းတော်ကြီးကျောင်းတွေမှာယာယီနေထိုင်ဖို့စီစဉ်ပေးထားပါတယ်အိမ်ထောင်စုပေါင်း၁၆၄စုလူဦးရေ၇၂၀နေထိုင်နေပါတယ်” လို့ပြောပါတယ်။
ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး ပြင်ဆင်နေတဲ့အနေအထားကို ပဲခူးတိုင်းအစိုးရအဖွဲ့လယ်/ဆည်ဝန်ကြီးဦးအောင်ဇော်နိုင်ကအခုလိုပြောပါတယ်။
“ အနိမ့်ပိုင်းဖြစ်လို့ မိုးဟေ့ဆိုရေကဝင်မှာဘဲ စိုးရိမ်ရေမှတ်ဖြစ်လို့နေရေးထိုင်ရေးအခက်အခဲဖြစ်ရင်ကယ်ဆယ်ရေးစခန်းတွေဖွင့်ပေးမှာပါ၊ ဒါကလတ်တလောဆောင်ရွက်ရမယ့်ပလန်ပါရေရှည်ဆောင်ရွက်ရမယ့်ပလန်ကတော့ဒီနေရာတွေကိုရေမကြီးဖို့ပဲခူးတိုင်းဒေသကြီးအစိုးရကရေကြီးနစ်မြုပ်မှု ကာကွယ်ရေးကော်မတီဖွဲ့ပြီး ဆောင်ရွက်နေပါတယ်လို့” ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းလက်ပံတန်းမြို့နယ်မှာ စာသင်ကျောင်း၁၄ကျောင်း မင်းလှမြို့နယ်မှာ ၁၉ကျောင်း၊ နတ္တလင်းမြို့နယ်မှာ၃ကျောင်း၊ စုစုပေါင်း၃၆ကျောင်း၊ ပဲခူးအရှေ့ခြမ်း ပဲခူးခရိုင်မှာ၂၅ကျောင်းပိတ်ထားရတယ်လို့ ပဲခူးတိုင်းပညာရေးမှူးရုံးမှသိရပါတယ်။
#voiceofmyanmar #ပဲခူးရေကြီး