ကျိုက်​ထီးရိုး​​တောင်​​ခြေ ယာဉ်ရပ်နားကွင်းမှာ ကျေးရွာအခွင့်အရေးအတွက်ဆိုပြီး တားမြစ်တဲ့ကြားက အဆောက်အဦးတွေဆောက်

ကျိုက်​ထို၊စက်​တင်​ဘာ ၁၇-၂၀၁၉

သူရိန်(VOM)

 

 

မွန်​ပြည်​နယ်​၊ကျိုက်​ထိုမြို၊ ဆံ​တော်​ရှင်​ ကျိုက်ထီးရိုး​စေတီ​တော်​မြတ်ကြီးရဲ့တောင်​​ခြေ ယာဉ်ရပ်​နားကွင်းအတွင်းမှာ ကျူးကျော်​အဆောက်ဦးများဆောက်​လုပ်​နေတယ်​လို့သိရပါတယ်​။

 

ဒီကျူး​ကျော်​အ​ဆောက်​အဦး​တွေ ​ဆောက်​လုပ်​​နေတာက​ဆယ်​အိမ်​မှူး၊ရာအိမ်​မှူး​တွေအတွက်​ရံပုံ​ငွေရရှိ​အောင်​ဆောက်​လုပ်​နေတာဖြစ်​တယ်​လို့သိရပါတယ်​။

 

အခု ​ဆောက်​လုပ်နေမှု့ကိုဒေသဆိုင်ရာတာဝန်ရှိသူတွေက တားမြစ်​ခဲ့ပေမယ့်​ ဒီနေရာကကျေးရွာပိုင်​​မြေဖြစ်ပြီး​​ အခုအချိန်​မှာ ​ဂေါပကပိုင်​​မြေဖြစ်​​နေ​တဲ့အတွက်​​​ကျေးရွာသူ​ကျေးရွာသား​တွေရဲ့ရပိုင်​ခွင့်​​တွေဆုံးရှုံး​နေရ​တယ်​လို့ ရောင်​ခြည်​ဦးရပ်​ကွက်​(၆)လမ်း​နေ ဆယ်​အိမ်​စုမှူး ဦးရခိုင်​​(ခေါ် )ဦးလှ​ကျော်​စိန်​က​ပြောပါတယ်​။

 

အုပ်ချုပ်​​ရေးမှူး၊ ကျိုက်​ထီးရိုး​စေတီ​တော်​​ ဂေါပကအဖွဲက ဆောက်​လုပ်​(ခွင့်​ပြုချက်​)မရှိပါဘဲ​ မိမိကိုယ်​တိုင်​ဆောက်​လုပ်​​နေတာဖြစ်​တဲ့အတွက်​ ဒီဖြစ်​စဉ်နဲ့ပတ်​သက်​ပြီး အ​ရေးယူရင်​ကြည်​ဖြူစွာခံယူမှာပါ။ ဒေသပိုင်​တာဝန်​ရှိသူ​တွေအကြိမ်​ကြိမ်​တားမြစ်​ထား​ပေမယ့်​ဆိုင်​ခန်း​တွေ ဆက်​​ဆောက်​မှာပါလို့ သူကဆက်​​ပြောပါတယ်​။

 

ဒီကားဝင်းအတွင်းမှာအရင်​က ဘုရာဖူးလာ​ရောက်​ကြတဲ့​ နယ်​စုံကမော်​​တော်​ယာဉ်​​တွေညအိပ်​ရပ်​နားကြတဲ့မော်​​တော်​ယာဉ်​ကွင်း​နေရာဖြစ်​ပြီး အခုချိန်​မှာစက်​တင်​ဘာ ၁၅ ရက်​ည ၁၀ နာရီဝန်းကျင်​က ကျူး​ကျော်​တဲ​တွေ​ဆောက်​လုပ်​​နေတာ ၁၀ လုံးနီးပါးရှိ​နေပြီးဖြစ်​ပါတယ်​။

 

 

ဂေါပကဥက္ကဌ ဦး​ကျော်​ဝင်းလှိုင်က​ အထက်​ကစီမံခန့်​ခွဲ မှုအဖွဲ့က​နေ​ဆောက်​​နေတာ​တော့သိတယ်​။ တရားစွဲတာ တော့ ညွန်​ကြားလာရင်​စွဲမယ်​။ အခု​လော​လောဆယ်​ဘာမှ အစီအစဉ်​ မရှိ​သေးဘူးလို့​ပြောပါတယ်​။

 

#voiceofmyanmar #ကျိုက်ထီးရိုး

 

Related posts

Leave a Comment

VOM News

FREE
VIEW