ဖခင်က ၁၇နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်

မိတ္ထီလာ ၊ စက်​တင်​ဘာ ၁၈-၂၀၁၉

သူရိန်(VOM)

 

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊စက်မှုဇုံ(၄)လမ်းက ယက္ကန်းအလုပ်သမားတန်းလျားမှာ ဖခင်ဖြစ်သူ က သမီးအရင်းကို တစ်နေ့တည်း နာရီခြားပြီး သားမယား(၂)ကြိမ်ပြုကျင့်မှုဖြစ်ပွားခဲ့တယ်​လို့သိရပါတယ်​။

 

လွန်ခဲ့တဲ့ (၃)လခန့် (နေ့ရက်မမှတ်မိ) ည(၉)နာရီ အချိန်ခန့်မ_________(၁၇)နှစ်ဟာ ယက္ကန်းအလုပ်နားပြီး ဖခင်ဦး—–နဲ့အတူနေထိုင်တဲ့ ယက္ကန်းအလုပ်သမားတန်းလျားမှာ တစ်ဦးတည်းရှိနေစဉ် ဖခင်—-ရောက်ရှိလာပြီး မပြောမဆို ပါးစပ်ပိတ်ကာ အလိုမတူပဲသားမယား(၁)ကြိမ်ပြုကျင့်ခဲ့သလို​ နောက်​(၃)နာရီခန့် အကြာမှာ သားမယားအဖြစ်(၁)ကြိမ်ထပ်မံပြုကျင့်ခဲ့ပြီး ဘယ်သူကိုမှပြန်​မပြောဖို့​ ပြောပြီးထွက်​သွားတယ်​လို့သိရပါတယ်​။

 

 

စက်​မှုဇုန်​၄လမ်းကန်​သာ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​သက်​လင်းက “ က​လေးမ​လေးရဲ့ မိ​ထွေး​က သူ​ယောကျာင်္းနဲ့က​လေးမ​လေး​ နေထိုင်​တာကို​တွေ့လို့ လာတိုင်​ရာက​နေ စက်​တင်​ဘာ ၁၆ ရက်​က​ကောင်​မ​လေးကို စက်​မှုဇုံရဲကင်း​ခေါ်ပြီး ဖြစ်​စဉ်​အမှန်​ကို​ပြောပြခိုင်းမှ သူ့ဖခင်​ကသားမယား ပြုကျင့်​ တာ​ပြောပြတာ “ လို့​ပြောပါတယ်​။

 

 

ဒါ​ကြောင့်သမီးဖြစ်သူမ____________(၁၇)နှစ်က ၄င်းအားအလိုမတူပဲ သားမယား(၂)ကြိမ်တိုင်ပြုကျင့်ခဲ့တဲ့ ဖခင်—–ကို အရေးယူပေးဖို့ တိုင်တန်းတဲ့အတွက်​မိတ္တီလာမြို့ အမှတ်(၃)နယ်မြေရဲစခန်း(ပ)၃၃၂/၂၀၁၉ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်အရေးယူထားပါတယ်​။

 

ပြစ်မှုကျူးလွန်သူ ယက္ကန်းလုပ်သား စက်မှုဇုံ(၄)လမ်း မိတ္တီလာမြို့နေသူ —— အသက်(၅၂)နှစ်ကို စက်တင်ဘာ(၁၇)ရက်ည(၇း၄၀)အချိန်ဖမ်းဆီးရမိပြီး စစ်ဆေးဆောင်ရွက်​နေတယ်​လို့သိရပါတယ်​။

 

#vocieofmyanmar #မိတ္ထိလာ #ဖခင်ရင်းကသမီးကိုမုဒိမ်းကျင့်

Related posts

Leave a Comment

VOM News

FREE
VIEW