ရိုဟင်ဂျာတွေ မြန်မာနိုင်ငံပြန်ပို့ရေး နယူးယောက်မှာ သုံးပွင့်ဆိုင်ဆွေးနွေးမယ်

နယူးယောက်၊ စက်တင်ဘာ-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

ပိုနက်ရှိုင်းလာတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုနဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆွေးနွေးပွဲကို ယခုလအတွင်း နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

 

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၇ ရက်မှာပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ပါလီမန်ကြီးကြပ်ရေးကော်မတီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့တာလို့ ကော်မတီအကြီးအကဲ မိုဟာမက် ဖာရွတ်ခန်းက အတည်ပြုပြောဆိုပါတယ်။

 

 

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်နိုင်ငံတို့ရဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အဓိကဆွေးနွေးသွားမှာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်းမှာ ဆွေးနွေးကြမှာလို့ သူက ပြောပါတယ်။

 

ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့်နှစ်ကတစ်ကြိမ် ယခုနှစ်တွင်တစ်ကြိမ် နှစ်နိုင်ငံအကြား အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရိုဟင်ဂျာ အများစုကတော့ ရခိုင်ပြည်နယ်ရဲ့ လုံခြုံရေးအခြေ အနေတွေကို စိုးရိမ်နေကြတယ်လို့ ဖာရွတ်ခန်းက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ဟာ ရိုဟင်ဂျာတွေပြန်လည်နေထိုင်ဖို့ အခြေအနေတွေအသင့်မဖြစ်သေးဘူးလို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားပြီး နေရပ်ပြန်ရေး မအောင်မြင်တာနဲ့ ပတ်သက်ပြီး မြန်မာ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား အပြန်အလှန်ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။

 

 

Ref & Photo : bdnews24

#voiceofmyanmar #ဘဂါၤလီ

Related posts

Leave a Comment

VOM News

FREE
VIEW