စက်လှေမီးလောင်မှုကြောင့် လူ ၅ ဦးဒဏ်ရာရ

စစ်တွ၊ စက်တင်ဘာ ၂၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်နဲ့ မြို့နယ်ချောင်းတို့ဆုံရာအနီးမှာ ရပ်နားထားတဲ့စက်တပ်လှေ မော်တော်တစ်စီးဟာ ဒီကနေ့မနက် ၂ နာရီကျော်လောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

 

အဲ့ဒီမီးလောင်မှုကြောင့် စက်လှေပေါ်မှာရှိနေတဲ့ စက်လှေပိုင်ရှင်အပါအဝင် လူငါးဦးတို့ဟာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးကုသမှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။

 

 

“စက်လှေက အဲ့ဒီမိဇံရပ်ကွက်မှာရှိတဲ့ မြို့လယ်ချောင်းနားမှာ ရပ်ထားတာဖြစ်ပါတယ်။ စက်လှေကို သူတို့စက်နှိုးတဲ့အချိန် မှာ ဆီထည့်ရာကနေ မီးလောင်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့စက်လှေမီးလောင်နေတယ်ဆိုတာကို သတင်းရလို့သွား ရောက်ငြိမ်းသတ်ခဲ့ရပါတယ်။”လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းကပြောပါတယ်။

 

အဲ့ဒီစက်လှေဟာ ပေါက်တောမြို့နယ် သရက်ချောင်းကျေးရွာကဖြစ်ပြီး မီးလောင်မှုကြောင့် စက်လှေပိုင်ရှင် ဦးခင်မောင်ရွှေ မှာ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။

 

“ကျွန်တော်တို့ကို သင်းပို့လို့ ကျွန်တော်တို့ မီးငြိမ်းသတ်ဖို့လိုက်သွားတဲ့အချိန်မှာ မီးကတော်တော်လောင်နေပြီ။ မနက် ၄ နာရီလောက်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရလူနာတွေကိုတော့ ဆေးရုံကိုပို့ထားပါတယ်။”လို့ မီးသတ်တပ်ဖွဲ့ကပြော ပါတယ်။

 

စစ်တွေမြို့ကို အနီးဝန်းကျင်မြို့နယ်တွေက ခရီးသည်ပို့ဆောင်ရေး၊ ရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းတွေအတွက် စက်လှေအများအပြားလာရောက်လျက်ရှိနေပြီး ယခုကဲ့ စက်လှေတွေမီးလောင်ကျွမ်းမှု မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။

 

ဓါတ်ပုံ – ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့

 

#voiceofmyanmar  #ရခိုင်ပြည်နယ် #စစ်တွေ  #စက်လှေမီးလောင်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW