ဆော်ဒီတပ်ရင်းသုံးရင်းကိုဖမ်းဆီးထားတယ်လို့ဟူသီသူပုန်အဖွဲ့အတည်ပြု

ဆာနား၊စက်တင်ဘာ-၂၉-၂၀၁၉

မျိုးဆက်(VOM)

 

ဆော်ဒီအာရေဗျနဲ့ယီမင်နိုင်ငံနယ်စပ်မှာအကြီးအကျယ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်ဆော်ဒီတပ်ဖွဲ့ဝင်အများအပြားကိုဖမ်းဆီထားတယ်လို့ယီမင်မှာရှိတဲ့ဟူသီသူပုန်အဖွဲ့ကပြောပါတယ်။

 

 

ဆော်ဒီမှာရှိတဲ့နာဂျရန်ဆော်ဒီမြို့အနီးဆော်ဒီတပ်ရင်းသုံးခုလက်နက်ချလိုက်တယ်လို့ဟူသီသူပုန်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဘီဘီစီကိုအတည်ပြုပြောဆိုပါတယ်။

 

ထောင်ချီရှိတဲ့ဆော်ဒီစစ်သားတွေကိုဖမ်းဆီးခဲ့ရမိခဲ့ပြီအခြားသူများစွာလည်းအသတ်ခံခဲ့ရတယ်လို့သူကဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဆော်ဒီအာဏာပိုင်တွေကအတည်ပြုတာမျိုးမရှိသေးပါဘူး။

 

ဒီစစ်ဆင်ရေးဟာနှစ်ဘက်အကြားပဋိပက္ခစတင်ပြီးနောက်ပိုင်းအကြီးဆုံးဖြစ်တယ်လို့ဟူသီသူပုန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ဆော်ဒီတပ်ဖွဲ့ဝင်အတော်များများအသက်ဆုံးရှုံးမှုတွေနဲ့စက်ယန္တယားတွေဆုံးရှုံးမှု  ရှိခဲ့တယ်လို့ဗိုလ်မှူးကြီးယာဟီယာဆာရီအာကပြောပါတယ်။

 

ဒီိလိုဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတာတွေကိုဟူသီသူပုန်အဖွဲ့ပိုင်ဆိုင်တဲ့AL Masirah ရုပ်သံလိုင်းကစက်တင်ဘာ၂၉ရက်မှာထုတ်ဖော်ပြသသွားမယ်လို့သူကဖြည့်စွက်ပြောဆိုပါတယ်။

 

 

Ref : BBC

Photo : Reuters

 

#voiceofmyanamr #ဆော်ဒီ

 

Related posts

Leave a Comment

VOM News

FREE
VIEW