၈ တန်းကျောင်းသူကို ခိုးပြေးတဲ့ ကျောင်းထိုင်ဘုန်းကြီးကို မိခင်ဖြစ်သူက အမှုဖွင့်

Unicode

ပြည်-အောက်တိုဘာ၂-၂၀၁၉
ဂျန်ကိုးလ် (VOM)

ပဲခူးတိုင်း ပြည်ခရိုင်ပေါင်းတလည်မြို့နယ်မှာ ညောင်ကုန်းရွာက အသက်၁၃ နှစ်၅လအရွယ် ၈ တန်းကျောင်းသူကို တရွာတည်းနေ ကျောင်းထိုင်ဆရာတော်က ကားတင်ပြီး ခိုးပြေးခဲ့လို့ မိခင်ဖြစ်သူက ပေါင်းတလည် နယ်မြေရဲခစန်းမှာ အမှုဖွင့်ထားပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းကျောင်းသွားချိန် စာသင်ကျောင်းအနီးမှာ ကားနဲ့အသင့်စောင့်နေပြီး ကျောင်းသူကို ပြည်ဘက်ကားလမ်းအတိုင်းခေါ်ဆောင်သွားတာလို့ ကျောင်းတက်ဖေါ် ညီမဝမ်းကွဲက မြင်တွေ့ခဲ့ပြီးမိခင်ဖြစ်သူကို အကြောင်းကြားခဲ့လို့ မိခင်က အမှုဖွင့်ခဲ့တာလို့ ပြောပါတယ်။

 

အသက်မပြည့်သေးတဲ့ ကလေးကိုခေါ်သွားတဲ့ ဘုန်းကြီးဟာ ပေါင်းတလည်မြို့နယ် သူဋ္ဌေးအုပ်စု ညောင်ကုန်းရွာ ရှမ်းကန်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အဂ္ဂဓမ္မ အသက် ၄၀ ဝါ ၂၀ ဖြစ်တယ်လို့ သိရပါတယ်။

 

“ကျမသမီးလေးကို ပြန်လိုချင်ပါတယ် အသက်ကလည်း မပြည့်သေးဘူး အရမ်းစိတ်ပူနေတယ် အရမ်းစိုးရိမ်မိတယ် ရောင်းစားဘို့ တစ်ဖက်နိုင်ငံပါသွားမှာကိုအရမ်းစိတ်ပူတယ် သမီးကလေးကိုလည်း ရောက်ရာအရပ်က အမြန်ဆက်သွယ်ပေးပါ ပြန်လာရင်အမေမဆူပါဘူး ခွင့်လွှတ်တယ်လို့ မှာချင်ပါတယ်” လို့ ကျောင်းသူရဲ့ မိခင်က ပြောပါတယ်။

 

”ကျောင်းကိုမနက်၇နာရီလောက်သွားတာ ၈နာရီခွဲလောက်ကြတော့ ဆရာမကဖုန်းဆက်တယ်မ…..ကျောင်းကိုမလာဘူးတဲ့ အဲဒီကျမှကျမတို့သိရတာ သမီးကအသက်၁၃နှစ်နဲ့၅လရှိပါပြီ”လို့မိခင်ကဆက်ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ခဲ့ပြီး ရှမ်းကန်ကျောင်းတိုက်က သီတင်းသုံးဖေါ် ဦးဇင်း ဦးအရိယာဝံသ မိန့်တာက

”အခုလိုဖြစ်တာမကောင်းဘူးလေ ဒီကျောင်းအတွက်လည်းမကောင်း ဒီမှာနေတဲ့သံဃာတွေအတွက်လည်းမကောင်း ကျောင်းထိုင်ဆရာတော်တပါးအနေနဲ့မဖြစ်သင့်ဘူး” လို့မိန့်ပါတယ်။

 

အမှုနှင့်ပတ်သက်ပြီး အရွယ်မရောက်သေးတဲ့ အုပ်ထိန်းသူ လက်အောက်ရှိသူကိုခေါ်ဆောင်သွားတာကြောင့် ပေါင်းတလည်နယ်မြေရဲခစန်းမှာ (ပ)၃၉/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၆၃ နဲ့ အမှုဖွင့်စုံစမ်းနေကြောင်းသိရပါတယ်။

#voiceofmyanmar #ပဲခူး #ကျောင်းထိုင်ဘုန်းကြီးကကျောင်းသူကိုခိုးပြေး #ပေါင်းတလည်

Zawgyi

၈ တန္းေက်ာင္းသူကို ခိုးေျပးတဲ့ ေက်ာင္းထိုင္ဘုန္းႀကီးကို မိခင္ျဖစ္သူက အမႈဖြင့္

ျပည္-ေအာက္တိုဘာ၂-၂၀၁၉
ဂ်န္ကိုးလ္ (VOM)

ပဲခူးတိုင္း  ေပါင္းတလည္ၿမိဳ႕နယ္မွာ ေညာင္ကုန္း႐ြာက အသက္၁၃ ႏွစ္၅လအ႐ြယ္ ၈ တန္းေက်ာင္းသူကို တ႐ြာတည္းေန ေက်ာင္းထိုင္ဆရာေတာ္က ကားတင္ၿပီး ခိုးေျပးခဲ့လို႔ မိခင္ျဖစ္သူက ေပါင္းတလည္ နယ္ေျမရဲခစန္းမွာ အမႈဖြင့္ထားပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ မနက္ပိုင္းေက်ာင္းသြားခ်ိန္ စာသင္ေက်ာင္းအနီးမွာ ကားနဲ႔အသင့္ေစာင့္ေနၿပီး ေက်ာင္းသူကို ျပည္ဘက္ကားလမ္းအတိုင္းေခၚေဆာင္သြားတာလို႔ ေက်ာင္းတက္ေဖၚ ညီမဝမ္းကြဲက ျမင္ေတြ႕ခဲ့ၿပီးမိခင္ျဖစ္သူကို အေၾကာင္းၾကားခဲ့လို႔ မိခင္က အမႈဖြင့္ခဲ့တာလို႔ ေျပာပါတယ္။

အသက္မျပည့္ေသးတဲ့ ကေလးကိုေခၚသြားတဲ့ ဘုန္းႀကီးဟာ ေပါင္းတလည္ၿမိဳ႕နယ္ သူေ႒းအုပ္စု ေညာင္ကုန္း႐ြာ ရွမ္းကန္ဘုန္းႀကီးေက်ာင္းက ေက်ာင္းထိုင္ဆရာေတာ္ အဂၢဓမၼ အသက္ ၄၀ ဝါ ၂၀ ျဖစ္တယ္လိုု႕ သိရပါတယ္။

“က်မသမီးေလးကို ျပန္လိုခ်င္ပါတယ္ အသက္ကလည္း မျပည့္ေသးဘူး အရမ္းစိတ္ပူေနတယ္ အရမ္းစိုးရိမ္မိတယ္ ေရာင္းစားဘို႔ တစ္ဖက္ႏိုင္ငံပါသြားမွာကိုအရမ္းစိတ္ပူတယ္ သမီးကေလးကိုလည္း ေရာက္ရာအရပ္က အျမန္ဆက္သြယ္ေပးပါ ျပန္လာရင္အေမမဆူပါဘူး ခြင့္လႊတ္တယ္လို႔ မွာခ်င္ပါတယ္” လို႔ ေက်ာင္းသူရဲ႕ မိခင္က ေျပာပါတယ္။

”ေက်ာင္းကိုမနက္၇နာရီေလာက္သြားတာ ၈နာရီခြဲေလာက္ၾကေတာ့ ဆရာမကဖုန္းဆက္တယ္မ…..ေက်ာင္းကိုမလာဘူးတဲ့ အဲဒီက်မွက်မတို႔သိရတာ သမီးကအသက္၁၃ႏွစ္နဲ႔၅လရွိပါၿပီ”လို႔မိခင္ကဆက္ေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ခဲ့ၿပီး ရွမ္းကန္ေက်ာင္းတိုုက္က သီတင္းသံုုးေဖၚ ဦးဇင္း ဦးအရိယာဝံသ မိန႔္တာက

”အခုလိုျဖစ္တာမေကာင္းဘူးေလ ဒီေက်ာင္းအတြက္လည္းမေကာင္း ဒီမွာေနတဲ့သံဃာေတြအတြက္လည္းမေကာင္း ေက်ာင္းထိုင္ဆရာေတာ္တပါးအေနနဲ႔မျဖစ္သင့္ဘူး” လို႔မိန႔္ပါတယ္။

အမႈႏွင့္ပတ္သက္ၿပီး အ႐ြယ္မေရာက္ေသးတဲ့ အုပ္ထိန္းသူ လက္ေအာက္ရွိသူကိုေခၚေဆာင္သြားတာေၾကာင့္ ေပါင္းတလည္နယ္ေျမရဲခစန္းမွာ (ပ)၃၉/၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၆၃ နဲ႔ အမႈဖြင့္စုံစမ္းေနေၾကာင္းသိရပါတယ္။

#voiceofmyanmar #ပဲခူး #ေက်ာင္းထုုိင္ဘုုန္းၾကီးကေက်ာင္းသူကိုုခိုုးေျပး #ေပါင္းတလည္

Related posts

Leave a Comment

VOM News

FREE
VIEW