တစ်ပတ်ကြာ ဆန္ဒပြတောင်းဆိုနေသော အလုပ်သမားသပိတ် အဆင်ပြေမှုမရရှိသေး

ရန်ကုန် ၊အောက်တိုဘာ ၅
သူရိန် (VOM)

ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ကင်းဝန်မင်းကြီးလမ်းနဲ့ ဒေါ်ဖွားရှင်လမ်းထောင့်ရှိ ကိုင်ချန်ဂါးမဲ့( န်တ်) မြန်မာကုမ္မဏီလီမိတက်အထည်ချုပ်စက်ရုံ မှာလုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့အချက်အပါအဝင်အချက် ၁၄ ချက်ကို အလုပ်သမား ၂၀၀ ကျော်ကစုပေါင်းတောင်းဆိုနေတာဟာ စက်တင်ဘာ ၃၀ရက်နေ့ကစပြီး ဆန္ဒပြတောင်းဆိုနေမှုဟာ ယနေ့အချိန်ထိ အဆင်ပြေမှုမရရှိသေးတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ လုပ်ခလစာအမြန်ဆုံးထုတ်ပေးဖို့ ၊ ရက်မှန်ကြေးတိုးမြှင့်ပေးဖို့ ၊ ABCD ဂရိတ်အဆင့်ကြေးတိုးမြှင့် ပေးဖို့ ၊ All super တွေရဲ့ ဆဲဆိုမှုနဲ့မတရားခိုင်းစေမှုတွေဖြေရှင်းပေးဖို့အပြင်အချက် ၁၄ ချက်ကိုတောင်းဆိုနေတာပါ။

” ကျွန်မတို့တောင်ဆိုတဲ့အချက်တွေကို အလုပ်ရှင်ကိုယ်စားလှယ်နဲ့ စက်ရုံမန်နေဂျာကလာဆွေးနွေးတယ်။အဆင်မပြေဘူး။ အလုပ် သမားရုံးမှာချိန်းတော့လဲသူတို့ကမလာဘူး။ တောင်းဆိုတာတွေမလုပ်ပေးနိူင်ဘူး။စက်ရုံမီးရှို့ရင်မီးသတ်ကားခေါ်မယ်ဆိုပြီး အလုပ် ရှင်ကိုယ်စားလှယ်ကပြောတယ်။လစာကိုလဲစက်ရုံထဲနေတဲ့သူဘဲ ပေးမယ်။ဆန္ဒပြတဲ့သူတွေကိုအဆောင်ခ ၅ သောင်း ၊၆ သောင်းဘဲထုတ်ပေးမယ်ပြောလို့အခုထိစုပေါင်းတောင်းဆိုနေတာလို့ “စက်ရုံစက်ချုပ်သမားမမာလာကပြောပါတယ်။

စုပေါင်းတောင်းဆိုတာတွေကိုအလုပ်ရှင်ကမဖြေရှင်းပေးတဲ့အပြင် အောက်တိုဘာ ၄ ရက်ညပိုင်းက အလုပ်သမားအချို့ကို တော်ယာဉ်နဲ့အလုပ်ရှင်ကဝင်ရောက်တိုက်တဲ့အတွက် အလုပ်သ မားခေါင်းဆောင်အချို့ ဒဏ်ရာရရှိပြီးဆေးရုံတက်ရောက်နေရတယ်လို့သိရပါတယ်။

“ဒီစက်ရုံမှာ အလုပ်ရှင်ကအလုပ်သမားအခွင့်အရေးချိုးဖောက်တယ်။ စုပ်ါင်းတောင်းဆိုတာကို အလုပ်ရှင်ကမလိုက်လျောဘူး။ ၂၄ နာရီသပိတ်စခန်းဖွင့်တယ်။နေ့စဉ်ညှိနှိုင်းပေမယ့်အလုပ်ရှင်က ရွံးချိန်းတိုင်းပျက်တယ်။ တောင်းဆိုတာတွေထဲက ရက်မှန်ကြေးနဲ့ ဂရိတ်ကြေးကိစ္စမပြေလည်သေးဘူး။ဒီလုပ်ခလစာမရရင်အိမ်ဌား ခ၊ အဆောင်စရိတ်တွေပေူရမှာတွေရှိတယ်။ဒာကိုအမြန်ဆုံးဖြေ ရှင်းပေးစေချင်တယ်လို့ ” အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူအဖွဲ့မှ ကိုရန်နောင်သူကပြောပါတယ်။

စက်ရုံအလုပ်သမားတွေတောင်းဆိုတဲ့အချက်တွေကို အောက်တို ဘာ ၈ ရက်မှာညှိနှိုင်းဖို့အတွက်အလုပ်ရှင်နဲ့ အလုပ်သမားကိုယ် စားလှယ်တွေကသဘောတူညီမှုရရှိထားတယ်လို့သိရပြီး အလုပ်ရှင်ကိုသွားရောက်မေမြန်းပေမယ့် ဖြေကြားမယ့်သူမရှိဘူးလို့ပြောပါတယ်။

#voiceofmyanmar#ရန်ကုန်#တစ်ပတ်ကြာဆန္ဒပြတောင်းဆိုနေသောအလုပ်သမားသပိတ်အဆင်ပြေမှုမရရှိသေး#

Zawgyi Code

တစ္ပတ္ၾကာ ဆႏၵျပေတာင္းဆိုေနေသာ အလုပ္သမားသပိတ္္ အဆင္ေျပမွုမရရိွေသး

ရန္ကုန္ ၊ေအာက္တိုဘာ ၅
သူရိန္ (VOM)

ရန္ကုန္ၿမိဳ႕ ၊ လႈိင္သာယာၿမိဳ႕နယ္ ၊ ေ႐ႊလင္ဗန္းစက္မႈဇုန္ ၊ကင္းဝန္မင္းႀကီးလမ္းနဲ႔ ေဒၚဖြားရွင္လမ္းေထာင့္ရွိ ကိုင္ခ်န္ဂါးမဲ့( န္တ္) ျမန္မာကုမၼဏီလီမိတက္အထည္ခ်ဳပ္စက္႐ုံ မွာလုပ္ခလစာအျမန္ဆုံးထုတ္ေပးဖို႔အခ်က္အပါအဝင္အခ်က္ ၁၄ ခ်က္ကို အလုပ္သမား ၂၀၀ ေက်ာ္ကစုေပါင္းေတာင္းဆိုေနတာဟာ စက္တင္ဘာ ၃၀ရက္ေန႕ကစၿပီး ဆႏၵျပေတာင္းဆိုေနမွဳဟာ ယေန႔အခ်ိန္္ထိ အဆင္ေျပမွဳမရရွိေသးတာျဖစ္ပါတယ္။

အလုပ္သမားေတြအေနနဲ႔ လုပ္ခလစာအျမန္ဆုံးထုတ္ေပးဖို႔ ၊ ရက္မွန္ေၾကးတိုးျမႇင့္ေပးဖို႔ ၊ ABCD ဂရိတ္အဆင့္ေၾကးတိုးျမႇင့္ ေပးဖို႔ ၊ All super ေတြရဲ႕ ဆဲဆိုမႈနဲ႔မတရားခိုင္းေစမႈေတြေျဖရွင္းေပးဖို႔အျပင္အခ်က္ ၁၄ ခ်က္ကိုေတာင္းဆိုေနတာပါ။

” ကြၽန္မတို႔ေတာင္ဆိုတဲ့အခ်က္ေတြကို အလုပ္ရွင္ကိုယ္စားလွယ္နဲ႔ စက္႐ုံမန္ေနဂ်ာကလာေဆြးေႏြးတယ္။အဆင္မေျပဘူး။ အလုပ္ သမား႐ုံးမွာခ်ိန္းေတာ့လဲသူတို႔ကမလာဘူး။ ေတာင္းဆိုတာေတြမလုပ္ေပးႏိူင္ဘူး။စက္႐ုံမီးရႈိ႕ရင္မီးသတ္ကားေခၚမယ္ဆိုၿပီး အလုပ္ ရွင္ကိုယ္စားလွယ္ကေျပာတယ္။လစာကိုလဲစက္႐ုံထဲေနတဲ့သူဘဲ ေပးမယ္။ဆႏၵျပတဲ့သူေတြကိုအေဆာင္ခ ၅ ေသာင္း ၊၆ ေသာင္းဘဲထုတ္ေပးမယ္ေျပာလို႔အခုထိစုေပါင္းေတာင္းဆိုေနတာလို႔ “စက္႐ုံစက္ခ်ဳပ္သမားမမာလာကေျပာပါတယ္။

စုေပါင္းေတာင္းဆိုတာေတြကိုအလုပ္ရွင္ကမေျဖရွင္းေပးတဲ့အျပင္ ေအာက္တိုဘာ ၄ ရက္ညပိုင္းက အလုပ္သမားအခ်ိဳ႕ကို ေတာ္ယာဥ္နဲ႔အလုပ္ရွင္ကဝင္ေရာက္တိုက္တဲ့အတြက္ အလုပ္သ မားေခါင္းေဆာင္အခ်ိဳ႕ ဒဏ္ရာရရွိၿပီးေဆး႐ုံတက္ေရာက္ေနရတယ္လို႔သိရပါတယ္။

“ဒီစက္႐ုံမွာ အလုပ္ရွင္ကအလုပ္သမားအခြင့္အေရးခ်ိဳးေဖာက္တယ္။ စုပ္ါင္းေတာင္းဆိုတာကို အလုပ္ရွင္ကမလိုက္ေလ်ာဘူး။ ၂၄ နာရီသပိတ္စခန္းဖြင့္တယ္။ေန႔စဥ္ညႇိႏႈိင္းေပမယ့္အလုပ္ရွင္က ႐ြံးခ်ိန္းတိုင္းပ်က္တယ္။ ေတာင္းဆိုတာေတြထဲက ရက္မွန္ေၾကးနဲ႔ ဂရိတ္ေၾကးကိစၥမေျပလည္ေသးဘူး။ဒီလုပ္ခလစာမရရင္အိမ္ဌား ခ၊ အေဆာင္စရိတ္ေတြေပူရမွာေတြရွိတယ္။ဒာကိုအျမန္ဆုံးေျဖ ရွင္းေပးေစခ်င္တယ္လို႔ ” အလုပ္သမားအခြင့္အေရးတက္ႂကြလႈပ္ရွားသူအဖြဲ႕မွ ကိုရန္ေနာင္သူကေျပာပါတယ္။

စက္႐ုံအလုပ္သမားေတြေတာင္းဆိုတဲ့အခ်က္ေတြကို ေအာက္တို ဘာ ၈ ရက္မွာညႇိႏႈိင္းဖို႔အတြက္အလုပ္ရွင္နဲ႔ အလုပ္သမားကိုယ္ စားလွယ္ေတြကသေဘာတူညီမႈရရွိထားတယ္လို႔သိရၿပီး အလုပ္ရွင္ကိုသြားေရာက္ေမျမန္းေပမယ့္ ေျဖၾကားမယ့္သူမရွိဘူးလို႔ေျပာပါတယ္။

#voiceofmyanmar#ရန္ကုန္#တစ္ပတ္ၾကာဆႏၵျပေတာင္းဆိုေနေသာအလုပ္သမားသပိတ္္အဆင္ေျပမွုမရရိွေသး#

Related posts

Leave a Comment

VOM News

FREE
VIEW