လေဖြတ်ထားသူတွေအတွက် စိတ်နဲ့ထိန်းချုပ်ပြီးလမ်းလျှောက်နိုင်မယ့် ကိရိယာတီထွင်

လန်ဒန်၊ အောက်တိုဘာ-၆-၂၀၁၉ မျိုးဆက် (VOM)   လေဖြတ်ထားသူ လူနာတွေအတွက် သူတို့ရဲ့ ဦးနောက်ကအချက်ပြလှိုင်းတွေနဲ့ ထိန်းချုပ်ပြီး လမ်းလျှောက်နိုင်မယ့် စက်ရုပ်ခြေလက်စနစ် သို့မဟုတ် Exoskeleton ကို သုတေသီတွေက အောင်မြင်စွာ တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ The Lancet Neurology journal ကဖော်ပြထားပါတယ်။   Exoskeleton စနစ်အတွက် နှစ်နှစ်ကြာစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် လေဖြတ်ထားတဲ့ လက်တွေခြေတွေကို လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဝတ်ဆင်ထားတဲ့ စက်ရုပ်ခြေလက်တွေဆီကို အချက်ပြလှိုင်းတွေပေးဖို့အတွက် ဦးနှောက်အနီးမှာ အာရုံခံစနစ်တစ်ခုကို ထည့်သွင်းပြီး အသက် ၂၈ နှစ်အရွယ် လူနာတစ်ဦးကို ဝတ်ဆင်လမ်းလျှောက်ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ဟာ လေဖြတ်နေတဲ့လူနာတွေအတွက် ဦးနှောက်အချက်ပြလှိုင်းကို အသုံးပြုပြီး ကွန်ပြူတာစနစ်နဲ့ပေါင်းစပ်ကာ ကူညီနိုင်ဖို့အတွက် အလွန်နီးစပ်လာတဲ့ အဆင့်တစ်ခုဖြစ်ပြီး Exoskeleton ကရှေ့ပြေးနမူနာပုံစံတစ်ခုဖြစ်တယ်လို့ စမ်းသပ်မှုမှာဦးဆောင်ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။   Exoskeleton မှာ ဦးနှောက်ကအချက်ပြလှိုင်းတွေကို အာရုံခံစုစည်းပြီး…

Read More

ထိုင်းနိုင်ငံရေတံခွန်တစ်ခုမှာ တစ်ကောင်နဲ့တစ်ကောင်ကယ်ဖို့ကြိုးစားရင်း ဆင်ခြောက်ကောင်သေဆုံး

ဘန်ကောက်၊ အောက်တိုဘာ-၆-၂၀၁၉ မျိုးဆက် (VOM)   ထိုင်နိုင်ငံရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေတံခွန်တစ်ခုမှာ အောက်တိုဘာ ၅ ရက်က ဆင်ခြောက်ကောင်ဟာ တစ်ကောင်နဲ့ တစ်ကောင် ကယ်တင်ဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးသွားပါတယ်။   ထိုင်းနိုင်ငံအလယ်ပိုင်း ငံကော့ရိုင်အမျိုးသားဥယျာဉ်ရှိ ရေတံခွန်ပေါ်ကနေ ဆင်သားပေါက်လေး တစ်ကောင်ချော်ကျပြီးနောက် အဲဒီ မတော်တဆမှုဖြစ်ပေါ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။   တစ်ခြားဆင်နှစ်ကောင်ကိုလည်း အနီးနားရှိချောက်ကမ်ပါးစွန်းပေါ်မှာ ရုန်းကန်လျက်တွေ့ရှိရပြီး သူတို့ကို ပြောင်းရွှေ့ကယ်တင်ပြီးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။   ဟာအယ်နာရော့လို့ အမည်ရတဲ့ ရေတံခွန်မှာ ယခင်ကလည်း အလားတူ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရာဇဝင်ရှိခဲ့ဖူးပါတယ်။ ၁၉၉၂ ခုနှစ်မှာ ရေတံခွန်ပေါ်မှ ပြုတ်ကျပြီးနောက် ဆင်ရှစ်ကောင်သေဆုံးခဲ့ပါတယ်။   ယခုသေဆုံးသွားတဲ့ ဆင်တွေဟာ ရေတံခွန်ကတားဆီးထားလို့ သွားစရာလမ်းမရှိတော့တာကြောင့် အောက်တိုဘာ ၅ ရက်နံနက် သုံးနာရီမှာ မေတော်တဆမှုဖြစ်ပွားခဲ့တာလို့ ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ ၊…

Read More

အုတ်ဖိုမြို့နယ်မှာ ဖခင်အရင်းက ဆယ်နှစ်နှစ်သမီးအားသားမယားပြုကျင့်မှုဖြစ်

အုတ်ဖို အောက်တိုဘာ ၆-၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာအုပ်စု(၁၀)ရပ်ကွက်မှာ အောက်တိုဘာ ၄ရက်နေ့ညနေ၅နာရီဝန်းကျင်က ဖခင်အရင်းကနေ ဆယ့်နှစ်နှစ်သမီးကို သားမယားပြုကျင့်မှုဖြစ်ပွါးခဲ့တယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကသိရပါတယ်။   အောက်တိုဘာ၎ရက်နေ့က မိခင်ဖြစ်သူ အသက်၄၁နှစ်ရှိ ဒေါ်— အိမ်မှာရှိနေစဉ် အသက်ဆယ့်နှစ်နှစ်ခုနှစ်လရှိ မ—အား ဖခင်ရင်းဖြစ်သူက ရှမ်းကုန်းအုပ်စု တောင်သုံးလုံးဘုန်းကြီးကျောင်းဘက်သို့ စက်ဘီးနဲ့တင်ခေါ်သွားခဲ့ပါတယ်။ အဲဒီနောက် ဘုန်း ကြီးကျောင်း မရောက်ခင်အင်တိုင်းတောအနီးမှာ သားမယားပြုကျင့်ခဲ့တယ်လို့ မ—က မိခင်ဖြစ်သူကို ပြန်ပြောခဲ့ကြောင်း ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။   သမီးအရင်းကို သားမယားပြုကျင့်ပြီး ၎င်းအလုပ်လုပ်ကိုင်ရာ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် သဲဝါကျေးရွာအုတ်ကွင်းကိုထွက်ပြေးသွားတဲ့ ဖခင်ကို အရေးယူပေးဖို့ မိခင်ကတိုင်တန်းတဲ့အတွက် ဒီနေ့ နေ့လယ်တစ်နာရီက(ပ)၂၄၈/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကသိရပါတယ်။   သမီးအရင်းအား ဖခင်အရင်းဖြစ်သူမှ အရက်အလွန်အကျွံမူးနေစဉ် အသိဥာဏ်ကင်းမဲ့ပြီး လတ်တလောဖြစ်ပေါ်လာတဲ့စိတ်ရိုင်းကို မထိန်းနိုင်ဘဲ…

Read More
VOM News

FREE
VIEW