လေဖြတ်ထားသူတွေအတွက် စိတ်နဲ့ထိန်းချုပ်ပြီးလမ်းလျှောက်နိုင်မယ့် ကိရိယာတီထွင်

လန်ဒန်၊ အောက်တိုဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

 

လေဖြတ်ထားသူ လူနာတွေအတွက် သူတို့ရဲ့ ဦးနောက်ကအချက်ပြလှိုင်းတွေနဲ့ ထိန်းချုပ်ပြီး လမ်းလျှောက်နိုင်မယ့် စက်ရုပ်ခြေလက်စနစ် သို့မဟုတ် Exoskeleton ကို သုတေသီတွေက အောင်မြင်စွာ တီထွင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ The Lancet Neurology journal ကဖော်ပြထားပါတယ်။

 

Exoskeleton စနစ်အတွက် နှစ်နှစ်ကြာစမ်းသပ်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် လေဖြတ်ထားတဲ့ လက်တွေခြေတွေကို လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဝတ်ဆင်ထားတဲ့ စက်ရုပ်ခြေလက်တွေဆီကို အချက်ပြလှိုင်းတွေပေးဖို့အတွက် ဦးနှောက်အနီးမှာ အာရုံခံစနစ်တစ်ခုကို ထည့်သွင်းပြီး အသက် ၂၈ နှစ်အရွယ် လူနာတစ်ဦးကို ဝတ်ဆင်လမ်းလျှောက်ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီစနစ်ဟာ လေဖြတ်နေတဲ့လူနာတွေအတွက် ဦးနှောက်အချက်ပြလှိုင်းကို အသုံးပြုပြီး ကွန်ပြူတာစနစ်နဲ့ပေါင်းစပ်ကာ ကူညီနိုင်ဖို့အတွက် အလွန်နီးစပ်လာတဲ့ အဆင့်တစ်ခုဖြစ်ပြီး Exoskeleton ကရှေ့ပြေးနမူနာပုံစံတစ်ခုဖြစ်တယ်လို့ စမ်းသပ်မှုမှာဦးဆောင်ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။

 

Exoskeleton မှာ ဦးနှောက်ကအချက်ပြလှိုင်းတွေကို အာရုံခံစုစည်းပြီး စက်ရုပ်ခြေလက်တွေဆီ ပို့ပေးဖို့အတွက် အီလက်ထရုတ် ၆၄ ခုကိုအသုံးပြုထားပြီး ဒီစနစ်က လူနာရဲ့ဦးနှောက်က ရွေ့လျားမှုအတွေးကို ဒစ်ဂျစ်တယ်စနစ်နဲ့ဘာသာပြန်ပြီး Exoskeleton ကိုအမိန့်ပေးစေခိုင်းမှာဖြစ်ပါတယ်။

 

Exoskeleton ကိုအောင်မြင်စွာစမ်းသပ်နိုင်ဖို့အတွက် အသက် ၂၈ နှစ်အရွယ်လူနာဟာ သူ့အတွေးတွေကို စက်ရုပ်ခြေလက်လှုပ်ရှားမှုစနစ်ကနားလည်နိုင်ဖို့အတွက် ၂၄ လကြာစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့ရပြီး ဦးနှောက်ရဲ့ စေခိုင်းမှုနဲ့ လှုပ်ရှားနိုင်တဲ့အရေအတွက်ဟာ တိုးမြင့်လာခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။

 

Ref: Reuters
Photo : The Lancet Neurology

 

Zawgyi

 

ေလျဖတ္ထားသူေတြအတြက္ စိတ္နဲ႔ထိန္းခ်ဳပ္ျပီးလမ္းေလွ်ာက္နိုင္မယ္႔ ကိရိယာတီထြင္

လန္ဒန္၊ ေအာက္တိုဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ေလျဖတ္ထားသူ လူနာေတြအတြက္ သူတို႔ရဲ႕ ဦးေနာက္ကအခ်က္ျပလိႈင္းေတြန႔ဲ ထိန္းခ်ဳပ္ျပီး လမ္းေလွ်ာက္နုိင္မယ္႔ စက္ရုပ္ေျခလက္စနစ္ သို႔မဟုတ္ Exoskeleton ကိုု သုေတသိီေတြက ေအာင္ျမင္စြာ တီထြင္အသံုးျပဳနုိင္ျပီျဖစ္တယ္လို႔ The Lancet Neurology journal ကေဖာ္ျပထားပါတယ္။

Exoskeleton စနစ္အတြက္ နွစ္နွစ္ၾကာစမ္းသပ္မႈေတြလုပ္ေဆာင္ခဲ႔ျပီးေနာက္ ေလျဖတ္ထားတဲ႔ လက္ေတြေျခေတြကို လႈပ္ရွားသြားလာနုိင္ဖို႔အတြက္ ၀တ္ဆင္ထားတဲ႔ စက္ရုပ္ေျခလက္ေတြဆိီကို အခ်က္ျပလိႈင္းေတြေပးဖို႔အတြက္ ဦးေနွာက္အနီးမွာ အာရံုခံစနစ္တစ္ခုကို ထည္႔သြင္းျပီး အသက္ ၂၈ နွစ္အရြယ္ လူနာတစ္ဦးကို ၀တ္ဆင္လမ္းေလွ်ာက္ရာမွာ ေအာင္ျမင္ခဲ႔တာျဖစ္ပါတယ္။

ဒီစနစ္ဟာ ေလျဖတ္ေနတဲ႔လူနာေတြအတြက္ ဦးေနွာက္အခ်က္ျပလိႈင္းကို အသံုးျပဳျပီး ကြန္ျပဴတာစနစ္နဲ႔ေပါင္းစပ္ကာ ကူညီနိုင္ဖို႔အတြက္ အလြန္နီးစပ္လာတဲ႔ အဆင္႔တစ္ခုျဖစ္ျပီး Exoskeleton ကေရွ႕ေျပးနမူနာပံုစံတစ္ခုျဖစ္တယ္လို႔ စမ္းသပ္မႈမွာဦးေဆာင္ပါ၀င္တဲ႔ သုေတသီေတြက ေျပာပါတယ္။

Exoskeleton မွာ ဦးေနွာက္ကအခ်က္ျပလိႈင္းေတြကို အာရံုခံစုစည္းျပီး စက္ရုပ္ေျခလက္ေတြဆီ ပို႔ေပးဖို႔အတြက္ အီလက္ထရုတ္ ၆၄ ခုကိုအသံုးျပဳထားျပီး ဒီစနစ္က လူနာရဲ႕ဦးေနွာက္က ေရြ႕လ်ားမႈအေတြးကို ဒစ္ဂ်စ္တယ္စနစ္နဲ႔ဘာသာျပန္ျပီး Exoskeleton ကိုအမိန္႔ေပးေစခိုင္းမွာျဖစ္ပါတယ္။

Exoskeleton ကိုေအာင္ျမင္စြာစမ္းသပ္နိုင္ဖို႔အတြက္ အသက္ ၂၈ နွစ္အရြယ္လူနာဟာ သူ႔အေတြးေတြကို စက္ရုပ္ေျခလက္လႈပ္ရွားမႈစနစ္ကနားလည္နိုင္ဖို႔အတြက္ ၂၄ လၾကာစိတ္ပိုင္းဆုိင္ရာ ေလ႔က်င္႔မႈေတြလုပ္ေဆာင္ခဲ႔ရျပီး ဦးေနွာက္ရဲ႕ ေစခိုင္းမႈနဲ႔ လႈပ္ရွားနိုင္တဲ႔အေရအတြက္ဟာ တိုးျမင္႔လာခဲ႔တယ္လုိ႔ သုေတသီေတြက ဆိုပါတယ္။

Ref: Reuters
Photo : The Lancet Neurology

Related posts

Leave a Comment

VOM News

FREE
VIEW