သရုပ်ဆောင်ဂျိုလီနဲ့တူဖို့ ခွဲစိတ်မှု ၅၀ ပြုလုပ်ခဲ့တဲ့အမျိုးသမီး အီရန်မှာအဖမ်းခံရ

တီဟီရန်၊ အောက်တိုဘာ ၇-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်သရုပ်ဆောင် အင်ဂျလီနာဂျိုလီနဲ့ သရုပ်တူတဲ့ ဓါတ်ပုံတွေကိုတင်လေ့ရှိတာကြောင့် အင်စတာဂရမ်မှာ ကျော်ကြားတဲ့ အီရန်အမျိုးသမီးကို အီရန်တရားရုံးတစ်ခုက အမိန့်ထုတ်ပြီး ဖမ်းဆီးလိုက်ပါတယ်။

ဆာဟာတာဘာလို့ အမည်ရှိတဲ့ အမျိုးသမီးဟာ ယဉ်ကျေးမှုဆိုင်ရာ ရာဇဝတ်မှုတွေ ၊ ကိုယ်ကျင့်တရားပျက်ပြားစေတာတွေကြောင့် တီဟီရန်တရားရုံးက ဖမ်းဆီးဖို့ အမိန့်ထုတ်ပြန်ခဲ့တာလို့ အီရန်အခြေစိုက် သတင်းဌာနတစ်ခုက အောက်တိုဘာ ၆ ရက်နှောင်းပိုင်းမှာ ဖော်ပြပါတယ်။

သူမဟာ ဘုရားသခင်ကို စော်ကားခြင်း၊ အကြမ်းဖက်မှုလှုံ့ဆော်ခြင်း၊ မသင့်လျော်တဲ့ နည်းလမ်းတွေက တစ်ဆင့် ဝင်ငွေရရှိခြင်း၊ လူငယ်တွေကို အကျင့်ပျက်ခြစားမှု အားပေးအားမြှောက်ပြုခြင်းစတဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ဓါတ်ပုံတွေလူမှုကွန်ရက်မှာ ပြန့်နှံ့သွားချိန်မှာတော့ တာဘာနဲ့ ပတ်သက်တဲ့ သတင်းတွေဟာ နိုင်ငံတကာသတင်းခေါင်းကြီးပိုင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။

သူမဟာ ဟောလိဝုဒ်အကျော်အမော် အင်ဂျလီနာဂျိုလီနဲ့ တူဖို့ ခွဲစိတ်မှုအကြိမ် ၅၀ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆာဟာတာဘာဟာ ဟောလိဝုဒ်မင်းသမား အင်ဂျလီနာဂျိုလီနဲ့ ဆင်တူတဲ့ ဖုတ်ကောင်ပုံစံ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကြောင့် ကမ္ဘာ့သတင်းဌာနတွေရဲ့ အာရုံစိုက်မှု ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှတော့ တာဘာရဲ့အင်စတာဂရမ်အကောင့်ဟာ ဖျက်သိမ်းခံထားရပြီး သူ့ကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို အွန်လိုင်းပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
Ref : Guardian
Photo : Instagram
#voiceofmyanmar#တီတီရန်#သရုပ်ဆောင်ဂျိုလီနဲ့တူဖို့ ခွဲစိတ်မှု ၅၀ ပြုလုပ်ခဲ့တဲ့အမျိုးသမီး အီရန်မှာအဖမ်းခံရ#

Zawgyi Code

သရုပ္ေဆာင္ဂ်ိဳလီနဲ႔တူဖို႔ ခြဲစိတ္မႈ ၅၀ ျပဳလုပ္ခဲ႔တဲ႔အမ်ိဳးသမီး အီရန္မွာအဖမ္းခံရ

တီဟီရန္၊ ေအာက္တိုဘာ ၇-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္သရုပ္ေဆာင္ အင္ဂ်လီနာဂ်ဳိလီနဲ႔ သရုပ္တူတဲ႔ ဓါတ္ပံုေတြကိုတင္ေလ႔ရိွတာေၾကာင္႔ အင္စတာဂရမ္မွာ ေက်ာ္ၾကားတဲ႔ အီရန္အမ်ိဳးသမီးကို အီရန္တရားရံုးတစ္ခုက အမိန္႔ထုတ္ျပီး ဖမ္းဆီးလိုက္ပါတယ္။

ဆာဟာတာဘာလို႔ အမည္ရိွတဲ႔ အမ်ိဳးသမိီးဟာ ယဥ္ေက်းမႈဆိုင္ရာ ရာဇ၀တ္မႈေတြ ၊ ကိုယ္က်င္႔တရားပ်က္ျပားေစတာေတြေၾကာင္႔ တီဟီရန္တရားရံုးက ဖမ္းဆီးဖို႔ အမိန္႔ထုတ္ျပန္ခဲ႔တာလို႔ အီရန္အေျခစိုက္ သတင္းဌာနတစ္ခုက ေအာက္တိုဘာ ၆ ရက္ေနွာင္းပိုင္းမွာ ေဖာ္ျပပါတယ္။

သူမဟာ ဘုရားသခင္ကို ေစာ္ကားျခင္း၊ အၾကမ္းဖက္မႈလႈ႕ံေဆာ္ျခင္း၊ မသင္႔ေလ်ာ္တဲ႔ နည္းလမ္းေတြက တစ္ဆင္႔ ဝင္ေငြရရိွျခင္း၊ လူငယ္ေတြကို အက်င္႔ပ်က္ျခစားမႈ အားေပးအားေျမွာက္ျပဳျခင္းစတဲ႔ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး ျပီးခဲ႔တဲ႔နွစ္က သူ႔ရဲ႕ဓါတ္ပံုေတြလူမႈကြန္ရက္မွာ ျပန္႔နွံ႕သြားခ်ိန္မွာေတာ႔ တာဘာနဲ႔ ပတ္သက္တဲ႔ သတင္းေတြဟာ နုိင္ငံတကာသတင္းေခါင္းၾကီးပိုင္းေတြမွာ ေဖာ္ျပခံခဲ႔ရပါတယ္။

သူမဟာ ေဟာလိဝုဒ္အေက်ာ္အေမာ္ အင္ဂ်လီနာဂ်ိဳလီနဲ႔ တူဖို႔ ခြဲစိတ္မႈအၾကိမ္ ၅၀ ျပဳလုပ္ခဲ႔တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ အသက္ ၂၂ နွစ္အရြယ္ ဆာဟာတာဘာဟာ ေဟာလိ၀ုဒ္မင္းသမား အင္ဂ်လီနာဂ်ိဳလီနဲ႔ ဆင္တူတဲ႔ ဖုတ္ေကာင္ပံုစံ ဓါတ္ပံုနဲ႔ ဗီဒီယိုေတြေၾကာင္႔ ကမၻာ႔သတင္းဌာနေတြရဲ႕ အာရံုစိုက္မႈ ခံခဲ႔ရသူျဖစ္ပါတယ္။ လက္ရိွမွေတာ႔ တာဘာရဲ႕အင္စတာဂရမ္အေကာင္႔ဟာ ဖ်က္သိမ္းခံထားရျပီး သူ႔ကို ဖမ္းဆီးတာနဲ႔ ပတ္သက္ျပီး အာဏာပိုင္ေတြကို အြန္လိုင္းေပၚမွာ ျပစ္တင္ေ၀ဖန္မႈေတြ ထြက္ေပၚေနပါတယ္။
Ref : Guardian
Photo : Instagram
#voiceofmyanmar#တီတီရန္#သရုပ္ေဆာင္ဂ်ိဳလီနဲ႔တူဖို႔ ခြဲစိတ္မႈ ၅၀ ျပဳလုပ္ခဲ႔တဲ႔အမ်ိဳးသမီး အီရန္မွာအဖမ္းခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW