
စောပြည့်ချမ်းသာ(VOM)

စစ်ကို်င်းမြို့ အင်းဝတံတား စစ်ကိုင်းဘက်ခြမ်းမှာ သိန်းပေါင်း ၃၀၀၀ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ အောက်တိုဘာလ ၈ ရက်နေ့ ည ၁၁ နာရီ ခန့် အချိန်က ဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းကနေသိရပါတယ်။

အင်းဝတံတား စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကိုင်းမြို့ ရဲတပ်ဖွဲ့ က ပိတ်ဆို့ရှာဖွေ ရေးလုပ်နေတုန်း မန္တလေး ဘက်ကနေ စစ်ကိုင်းဘက်ကိုမောင်းလာတဲ့ NISSAN SL အမျိုးအစား MDY 5Q/4571 အနက်ရောင် ကားကို ရပ်တန့်ရှာဖွေတာမှာ ယာဉ်ရဲ့ နောက်အဖုံး ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းမှာ အဝါ ရောင် ဘိန်းဖြူ တွေထည့်ထားတဲ့ ၁ခွက်ကို ၁၀ ဂရမ်ပါ ဆပ်ပြာခွက် ၁၀၉ ခွက် စုစုပေါင်း ဂရမ် ၁၀၉၀ ဂရမ် ပလပ်စတစ်နဲ့ ပတ်ထားတဲ့ ဂရမ် ၆၀ ပါ ဘိန်းမဲ (၁) ထုပ် တိပ်အကြည်နဲ့ ပတ်ထားပြီးအတွင်းမှာ မှိုင်းခံ စက္ကူ နဲ့ထုပ်ထားတဲ့ အထုပ် (၂)ထုပ် အတွင်းက ကပ်ခွာအိတ်ထဲ ထည့်ထားတဲ့ စိတ်ကြွဆေးအထုပ် ပန်းရောင် စိတ်ကြွဆေး တံဆိပ်မပါတဲ့ တစ်ထုပ်ကို အပြား(၂၀၀)ပါ အထုပ် (၂၀) စုစုပေါင်းအပြား ၄၀၀၀ အလေးချိန် ဂရမ် ၄၀၀ နဲ့ အတူကား အတွင်း ထိုင် ခုံ ရှေ့ ဒက်စဘုတ် ထဲ က ၉မမ နံပါတ်( ၂၆၅၅၄၂) ပစ်စတို သေနတ် (၁)လတ် | ကျည်တောင့် ၆ တောင့်နဲ့ ကျည်အိမ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး စုစုပေါင်း ငွေကျပ်တန်ဖိုး (၃၀၄၁၈၀၀၀၀)ကျပ် ရှိ တယ်လို့ မှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။

KNPA

မူးယစ်ဆေးတွေ တင်ပြီးမောင်းလာတဲ့ ယာဉ်မောင်း မှာ စောခွန်းချို (၃၃)နှစ်ဖြစ်ပြီး ဘေးထိုင်ခုံမှာကျော်သူ(၃၅)နှစ် ကားနောက်ခန်းမှာ အောင်ဖြိုးမင်း(၂၁)နှစ်နဲ့ ဝေမင်းသူ(၂၂)နှစ် စုစုပေါင်း ၄ ဦး တွေ့ရှိပြီး ကားနောက်ခန်းမှာ Karen National Pacific Association(K.N.P.A) ငြိမ်းချမ်းရေးလိုလားတဲ့ ကရင်အမျို ;သား တပ်ဖွဲ့ တံဆိပ်ပါတဲ့ ဗိုလ်ကြီး အဆင့်တပ်ဆင်ထားတဲ့ ပျောက်ကျားစစ်စိမ်းရောင်း အင်္ကျီ(၁)ထည် |ကောင်းခါး ပြည်သူ့စစ်(ဌာနေ)တံဆိပ်တပ်ဆင်ထားတဲ့ ယူနီဖောင်း အင်္ကျီ(၁)ထည်တိုနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက အမည်မဖေါ်လိုတဲ့ အရာရှိတဦးကပြောပါတယ်။

 



 

Unicode

စစ်ကိုင်းမြို့ မှာ သိန်းပေါင်း၃၀၀၀ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေမိ

စစ်ကိုင်း | အောက်တိုဘာ ၉- ၂၀၁၉
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့ အင်းဝတံတား စစ်ကိုင်းဘက်ခြမ်းမှာ သိန်းပေါင်း ၃၀၀၀ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ အောက်တိုဘာလ ၈ ရက်နေ့ ည ၁၁ နာရီ ခန့် အချိန်က ဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းမြို့မ ရဲစခန်းကနေသိရပါတယ်။

အင်းဝတံတား စစ်ကိုင်းဘက်ခြမ်းမှာ စစ်ကိုင်းမြို့ ရဲတပ်ဖွဲ့ က ပိတ်ဆို့ရှာဖွေ ရေးလုပ်နေတုန်း မန္တလေး ဘက်ကနေ စစ်ကိုင်းဘက်ကိုမောင်းလာတဲ့ NISSAN SL အမျိူ းအစား MDY 5Q/4571 အနက်ရောင် ကားကို ရပ်တန့်ရှာဖွေတာမှာ ယာဉ်ရဲ့ နောက်အဖုံး ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းမှာ အဝါ ရောင် ဘိန်းဖြူ တွေထည့်ထားတဲ့ ၁ခွက်ကို ၁၀ ဂရမ်ပါ ဆပ်ပြာခွက် ၁၀၉ ခွက် စုစုပေါင်း ဂရမ် ၁၀၉၀ ဂရမ် ပလပ်စတစ်နဲ့ ပတ်ထားတဲ့ ဂရမ် ၆၀ ပါ ဘိန်းမဲ (၁) ထုပ် တိပ်အကြည်နဲ့ ပတ်ထားပြီးအတွင်းမှာ မှိုင်းခံ စက္ကူ နဲ့ထုပ်ထားတဲ့ အထုပ် (၂)ထုပ် အတွင်းက ကပ်ခွာအိတ်ထဲ ထည့်ထားတဲ့ စိတ်ကြွဆေးအထုပ် ပန်းရောင် စိတ်ကြွဆေး တံဆိပ်မပါတဲ့ တစ်ထုပ်ကို အပြား(၂၀၀)ပါ အထုပ် (၂၀) စုစုပေါင်းအပြား ၄၀၀၀ အလေးချိန် ဂရမ် ၄၀၀ နဲ့ အတူကား အတွင်း ထိုင် ခုံ ရှေ့ ဒက်စဘုတ် ထဲ က ၉မမ နံပါတ်( ၂၆၅၅၄၂) ပစ်စတို သေနတ် (၁)လတ် | ကျည်တောင့် ၆ တောင့်နဲ့ ကျည်အိမ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး စုစုပေါင်း ငွေကျပ်တန်ဖိုး (၃၀၄၁၈၀၀၀၀)ကျပ် ရှိ တယ်လို့ မှုခင်းမှတ်တမ်းမှာဖော်ပြထားပါတယ်။

မူးယစ်ဆေးတွေ တင်ပြီးမောင်းလာတဲ့ ယာဉ်မောင်း မှာ စောခွန်းချို (၃၃)နှစ်ဖြစ်ပြီး ဘေးထိုင်ခုံမှာကျော်သူ(၃၅)နှစ် ကားနောက်ခန်းမှာ အောင်ဖြိူးမင်း(၂၁)နှစ်နဲ့ ဝေမင်းသူ(၂၂)နှစ် စုစုပေါင်း ၄ ဦး တွေ့ရှိပြီး ကားနောက်ခန်းမှာ Karen National Pacific Association(K.N.P.A) ငြိမ်းချမ်းရေးလိုလားတဲ့ ကရင်အမျိူ းသား တပ်ဖွဲ့ တံဆိပ်ပါတဲ့ ဗိုလ်ကြီး အဆင့်တပ်ဆင်ထားတဲ့ ပျောက်ကျားစစ်စိမ်းရောင်း အင်္ကျ ီ(၁)ထည် |ကောင်းခါး ပြည်သူ့စစ်(ဌာနေ)တံဆိပ်တပ်ဆင်ထားတဲ့ ယူနီဖောင်း အင်္ကျ ီ(၁)ထည်တိုနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက အမည်မဖေါ်လိုတဲ့ အရာရှိတဦးကပြောပါတယ်။

ပြစ်မှုကျူ းလွန်တဲ့သူတွေကို စစ်ကိုင်းမြို့မ ရဲစခန်းက မယ(ပ)၁၅/၂၀၁၉ မူးစိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့နဲ့ အမှုဖွင့် ပြီး ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #မူးယစ်ဆေးမိ

Related posts

Leave a Comment

VOM News

FREE
VIEW