တိုက္ပြဲအၾကားပိတ္မိေနသူေတြကို ၾကက္ေျခနီကယ္ထုတ္

 

ဘူးသီးေတာင္၊ ေအာက္တိုဘာ ၁၀-၂၀၁၉
ခိုင္လင္းစံ (VOM)

တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ဘူးသီးေတာင္ၿမိဳ႕နယ္ သရက္ျပင္ေက်းရြာက ပိတ္မိေနတဲ့ေက်းရြာသားတခ်ိဳ႕ကို ျမန္မာႏုိင္ငံ ၾကက္ေျခနီအသင္း MRCS ကေနၿပီးေတာ့ မေန႔ကညေနပိုင္းမွာ ကယ္ထုတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီကယ္ထုတ္ယူလာခဲ့တဲ့ ေက်းရြာသားစုစုေပါင္းဟာ ၁၁ ဦးျဖစ္ၿပီး ေက်းရြာအနီးမွာ တိုက္ပြဲေတြျဖစ္ပြားေနၿပီးေတာ့ တပ္မေတာ္က ရြာသားေတြကို အျပင္ထြက္ခြင့္မေပးတာေၾကာင့္ ႏွစ္ရက္အၾကာပိတ္မိေနခဲ့ၾကတာျဖစ္ပါတယ္။

“မေန႔က ကၽြန္မတုိ႔ကို ၾကက္ေျခနီက ရြာကေနလာထုတ္တဲ့အတြက္ ထြက္လာခဲ့ရတယ္။ ရြာမွာ ပိတ္မိေနတာ ႏွစ္ရက္ၾကာခဲ့တယ္။ စားေရးေသာက္ေရးကအစ အခက္အခဲေတြျဖစ္ခဲ့တယ္။ တိုက္ပြဲေတြလည္းျဖစ္ေနတယ္။ စစ္သားေတြက မျပင္မထြက္ရဘူး။ အခုကၽြန္မတုိ႔ ၁၁ ေယာက္ လမ္းမ ဘုန္းေတာ္ႀကီးေက်ာင္းကိုေရာက္ေနၿပီ”လို႔ ကယ္ထုတ္ရာမွာပါလာတဲ့ အမ်ိဳးသမီးတစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီေက်းရြာသားေတြဟာ ေအာက္တုိဘာ ၅ ရက္ေန႔ တိုက္ပြဲစတင္ျဖစ္ပြားခ်ိန္မွာ အနီးရွိေရခ်မ္းျပင္ဘဂၤါလီေက်းရြာကို ယာယီထြက္ေျပးခဲ့ၾကၿပီး ျပန္လာခဲ့တဲ့အခ်ိန္မွာ တပ္မေတာ္နဲ႔ေတြ႔ၿပီး ျပန္လည္ထြက္ေျပးခြင့္မျပဳ တာေၾကာင့္ အခုလိုပိတ္မိေနခဲ့တာျဖစ္ပါတယ္။

“သူတုိ႔က တိုက္ပြဲအတြင္းမွာ ပိတ္မိေနခဲ့တယ္။ အဲ့ဒါကို ၿမိဳ႕နယ္ေထြအုပ္က စီစဥ္ေပးတယ္။ MRCS ကသြားေခၚတယ္။ အခုလမ္းမဘုန္းေတာ္ႀကီးေက်ာင္းကိုေရာက္ေနပါၿပီ။ ထခိုက္ေသဆံုးတာေတာ့မရွိခဲ့ဘူး။”လို႔ ဒုကၡသည္ကူညီေပးရးအဖြဲ႔႔ ဦးေဇာ္ဝင္းကေျပာပါတယ္။

အခုရက္ပိုင္းအတြင္း ဘူးသီးေတာင္ၿမိဳ႕နယ္ တုိက္ပြဲျဖစ္ပြားမႈေၾကာင့္ သရက္ျပင္၊ ၿမိဳမေခ်ာင္း၊ ျပင္ေခ်ာင္း၊ ဥယာဥ္သာ၊ စံဂိုးေထာင္၊ သွ်စ္သွ်ားေတာင္၊ စည္ေတာင္၊ ကံျပင္၊ ႏြားရံုေတာင္ စတဲ့ေက်းရြာေတြက ထြက္ေျပးေနၾကရတာျဖစ္ပါတယ္။

#voiceofmyanmar #ရခိုုင္ျပည္နယ္ #ဘူးသီးေတာင္ #တုုိက္ပြဲၾကားပိတ္မိသူေတြကယ္ထုုတ္

Unicode

တိုက်ပွဲအကြားပိတ်မိနေသူတွေကို ကြက်ခြေနီကယ်ထုတ်

ဘူးသီးတောင်၊ အောက်တိုဘာ ၁၀-၂၀၁၉
ခိုင်လင်းစံ (VOM)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာက ပိတ်မိနေတဲ့ကျေးရွာသားတချို့ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း MRCS ကနေပြီးတော့ မနေ့ကညနေပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကယ်ထုတ်ယူလာခဲ့တဲ့ ကျေးရွာသားစုစုပေါင်းဟာ ၁၁ ဦးဖြစ်ပြီး ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ တပ်မတော်က ရွာသားတွေကို အပြင်ထွက်ခွင့်မပေးတာကြောင့် နှစ်ရက်အကြာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။

“မနေ့က ကျွန်မတို့ကို ကြက်ခြေနီက ရွာကနေလာထုတ်တဲ့အတွက် ထွက်လာခဲ့ရတယ်။ ရွာမှာ ပိတ်မိနေတာ နှစ်ရက်ကြာခဲ့တယ်။ စားရေးသောက်ရေးကအစ အခက်အခဲတွေဖြစ်ခဲ့တယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ စစ်သားတွေက မပြင်မထွက်ရဘူး။ အခုကျွန်မတို့ ၁၁ ယောက် လမ်းမ ဘုန်းတော်ကြီးကျောင်းကိုရောက်နေပြီ”လို့ ကယ်ထုတ်ရာမှာပါလာတဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ အောက်တိုဘာ ၅ ရက်နေ့ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ အနီးရှိရေချမ်းပြင်ဘင်္ဂါလီကျေးရွာကို ယာယီထွက်ပြေးခဲ့ကြပြီး ပြန်လာခဲ့တဲ့အချိန်မှာ တပ်မတော်နဲ့တွေ့ပြီး ပြန်လည်ထွက်ပြေးခွင့်မပြု တာကြောင့် အခုလိုပိတ်မိနေခဲ့တာဖြစ်ပါတယ်။

“သူတို့က တိုက်ပွဲအတွင်းမှာ ပိတ်မိနေခဲ့တယ်။ အဲ့ဒါကို မြို့နယ်ထွေအုပ်က စီစဉ်ပေးတယ်။ MRCS ကသွားခေါ်တယ်။ အခုလမ်းမဘုန်းတော်ကြီးကျောင်းကိုရောက်နေပါပြီ။ ထခိုက်သေဆုံးတာတော့မရှိခဲ့ဘူး။”လို့ ဒုက္ခသည်ကူညီပေးရးအဖွဲ့ ဦးဇော်ဝင်းကပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဘူးသီးတောင်မြို့နယ် တိုက်ပွဲဖြစ်ပွားမှုကြောင့် သရက်ပြင်၊ မြိုမချောင်း၊ ပြင်ချောင်း၊ ဥယာဉ်သာ၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ စည်တောင်၊ ကံပြင်၊ နွားရုံတောင် စတဲ့ကျေးရွာတွေက ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #ရခိုင်ပြည်နယ် #ဘူးသီးတောင် #တိုက်ပွဲကြားပိတ်မိသူတွေကယ်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW