ဂ်ပန္ဧကရာဇ္နန္းတက္ပြဲ တက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဖိတ္ၾကားထား

တိုက်ိဳ၊ ေအာက္တိုဘာ-၁၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ဂ်ပန္ဧကရာဇ္ နာ႐ူဟီတိုရဲ႕ နားတက္ပြဲအခမ္အနားသို႔ ႏိုင္ငံတကာမွ အဆင့္ျမင့္အရာရွိေတြကို ဖိတ္ၾကားထားတဲ့အထဲမွာ ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္အတိုင္ပင္ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကလည္း ပါဝင္ေနပါတယ္။

နန္းတက္ပြဲအတြက္ ႏိုင္ငံေတြနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေပါင္း ၂၀၀ က ဧည့္သည္ေတြကိုဖိတ္ၾကား ထားတာျဖစ္ၿပီး နန္းတက္ပြဲကိုေတာ့ ေအာက္တိုဘာ ၂၂ ရက္မွာ က်င္းပသြားမွာျဖစ္ပါတယ္။
ဖိတ္ၾကားခံရသူေတြထဲမွာ ၿဗိတိန္အိမ္ေရွ႕မင္းသား ခ်ားလ္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တ႐ုတ္ဒုတိယသမၼတ ဝမ္က်ိရွန္တို႔လည္း ပါဝင္တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးဟာ ေဒၚေအာင္ဆန္းစုၾကည္ပါအဝင္ တက္ေရာက္လာမယ့္ ႏိုင္ငံေပါင္း ၅၀ ကကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံဖို႔စီစဥ္ထားပါတယ္။

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်းအင္ကေတာ့ နန္းတက္ပြဲအခမ္းအနားကို တက္ေရာက္ႏိုင္ဖြယ္မရွိပါဘူး။ ဒါေပမယ့္ ဝန္ႀကီးခ်ဳပ္လီနက္ယြန္ကေတာ့ သမၼတကိုယ္စား အခမ္းအနားတက္ေရာက္ဖို႔ရွိေနၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးနဲ႔ ေတြ႕ဆုံဖြယ္ရွိပါတယ္။

Ref : NHK
Photo :Reuters

#voiceofmyanmar#ဂ်ပန္ဧကရာဇ္နန္းတက္ပြဲ#တက္ေရာက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဖိတ္ၾကားထား#

Unicode

ဂျပန်ဧကရာဇ်နန်းတက်ပွဲ တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထား

တိုကျို၊ အောက်တိုဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ နားတက်ပွဲအခမ်အနားသို့ နိုင်ငံတကာမှ အဆင့်မြင့်အရာရှိတွေကို ဖိတ်ကြားထားတဲ့အထဲမှာ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြလည်း ပါဝင်နေပါတယ်။

နန်းတက်ပွဲအတွက် နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀၀ က ဧည့်သည်တွေကိုဖိတ်ကြား ထားတာဖြစ်ပြီး နန်းတက်ပွဲကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဖိတ်ကြားခံရသူတွေထဲမှာ ဗြိတိန်အိမ်ရှေ့မင်းသား ချားလ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ဒုတိယသမ္မတ ဝမ်ကျိရှန်တို့လည်း ပါဝင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဒေါ်အောင်ဆန်းစုကြည်ပါအဝင် တက်ရောက်လာမယ့် နိုင်ငံပေါင်း ၅၀ ကကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကတော့ နန်းတက်ပွဲအခမ်းအနားကို တက်ရောက်နိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်လီနက်ယွန်ကတော့ သမ္မတကိုယ်စား အခမ်းအနားတက်ရောက်ဖို့ရှိနေပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။

Ref : NHK
Photo :Reuters

Related posts

Leave a Comment

VOM News

FREE
VIEW