

ကိုအောင်(VOM)

 


 

ဒီနေ့နံနက်၇နာရီအချိန်ကမြောင်းမြမြို့သဲပုံဆိပ်ကမ်းမှာဆိုက်ကပ်ထားတဲ့မြောင်းမြမြို့ကနေ လူတော်ကျေးရွာကိုပြေးဆွဲတဲ့အောင်ချမ်းသာလိုင်းစက်လှေဟာမီးလောင်မူဖြစ်ပွားခဲ့တာကြောင့်မီးသတ်တပ်ဖွဲ့ကမီငြိမ်းသတ်ခဲ့ရပြီး စက်လှေထဲမှာ မီးလောင်ကျွမ်းနေတဲ့ အမျိုးသားအမည်မသိ အလောင်းတစ်လောင်းနဲ့ မီးလောင်ဒဏ်ရာရရှိတဲ့အမျိုးသားတစ်ဦး အမျိုးသမီးနစ်ဦးကိုမြောင်းမြဆေးရုံကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

 

“စက်လှေကထမင်းအိုးတည်ရင်းဆီဖြည့်တုန်းထလောင်တာတစ်ဦးသေပြီးဒဏ်ရာရသူထဲကအမျိုးသမီးတစ်ဦးကလဲအခြေအနေသိပ်မကောင်းဘူး”မြောင်းမြဒေသခံ ကိုရဝေမောင်ကပြောပါတယ်။

 


 


 

Unicode

မြောင်းမြမှာ စက်လှေမီးလောင်လို့ တယောက်သေ ၃ယောက်ဒဏ်ရာရ

မြောင်းမြ-အောက်တိုဘာ၁၀-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း မြောင်းမြမြို့ ရွှေးမြစ်ကမ်းမှာ ဒီနေ့မနက်ပိုင်းက စက်လှေတစ်စီးမီးလောင်မူ
ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပါတယ်။

ဒီနေ့နံနက်၇နာရီအချိန်က မြောင်းမြမြို့ သဲပုံဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောင်းမြမြို့ကနေ
လူတော်ကျေးရွာကိုပြေးဆွဲတဲ့ အောင်ချမ်းသာလိုင်းစက်လှေဟာ မီးလောင်မူ ဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ကမီငြိမ်းသတ်ခဲ့ရပီး စက်လှေထဲမှာ မီးလောင်ကျွမ်းနေတဲ့ အမျိုးသားအမည်မသိ အလောင်းတစ်လောင်းနဲ့ မီးလောင်ဒဏ်ရာရရှိတဲ့ အမျိုးသားတစ်ဦး အမျိုးသမီးနစ်ဦးကို မြောင်းမြဆေးရုံကိုပို့ဆောင် ပေးထားတယ်လို့သိရပါတယ်။

“စက်လှေကထမင်းအိုးတည်ရင်းဆီဖြည့်တုန်းထလောင်တာ တစ်ဦးသေပြီး ဒဏ်ရာရသူ ထဲကအမျိုးသမီးတစ်ဦးကလဲအခြေအနေသိပ်မကောင်းဘူး”မြောင်းမြဒေသခံ ကိုရဝေမောင်ကပြောပါတယ်။

လတ်တလော ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပီး မီးလောင်ရခြင်းအကြောင်းရင်းနဲ့ သေဆုံးသူမည်သူဖြစ်တာကိုစုံစမ်းပြီးမှ သတင်းထုတ်ပြန်ပေးမယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကဒုတိယရဲမူးကြီးထွန်းရွှေက ပြောပါတယ်။

#voiceofmyanmar #မြောင်းမြ #စက်လှေမီးလောင်

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW