ဂ်ပန္မွာ အင္အားျပင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင္႔ ေသဆံုးသူ ၆၇ ဦးအထိရိွလာ

တိုက်ိဳ၊ ေအာက္တိုဘာ-၁၅-၂၀၁၉
မ်ိဳးဆက္ (VOM)

 

ဂ်ပန္နုိင္ငံမွ အင္အားျပင္းတိုင္ဖြန္းမုန္တိုင္းတိုက္ခတ္ျပီးေနာက္ ကယ္ဆယ္ေရးသမား တစ္သိန္းေက်ာ္က ရွာေဖြကယ္ဆယ္ေရးေတြလုပ္ေဆာင္ေနၾကျပီး ေအာက္တိုဘာ ၁၅ ရက္အထိ ေသဆံုးသူအေရအတြက္ဟာ ၆၇ ဦးအထိရိွလာျပီျဖစ္ပါတယ္။

 

တိုင္ဖြန္းမုန္တိုင္း ဟာဂီဘစ္ဟာ ဂ်ပန္နိုင္ငံမွာ ေလတိုက္နႈန္းျမင္႔မားျပီး မိုးေရခ်ိန္မ်ားျပားစြာနဲ႔ ေအာက္တိုဘာ ၁၂ ရက္ကတိုက္ခတ္သြားတာျဖစ္ျပီး ေျမျပိဳျခင္းနဲ႔ ေရၾကီးေရလွ်ံတာေတြ အၾကီးအက်ယ္ျဖစ္ေပၚေစခဲ႔ပါတယ္။

 

မုန္တိုင္းဒါဏ္ေၾကာင္႔ ေသဆံုးသူအေရအတြက္ဟာ တစ္ျဖည္းျဖည္းတိုးျမင္႔လာျပီး လူ ၅၈ ဦးေသဆံုးတယ္လို႔ အင္န္အိပ္ခ်္ေက သတင္းဌာနက ေအာက္တိုဘာ ၁၅ ရက္အေစာပိုင္းမွာ ေဖာ္ျပထားျပီး ေန႔လည္ပိုင္းမွာေတာ႔ ေသဆံုးသူ ၆၇ ဦးအထိတိုးျမင္႔လာျပီး လူ ၁၂ ဦးေပ်ာက္ဆံုးေနတယ္လို႔ ဆိုပါတယ္။

 

မုန္တိုင္းဒါဏ္သင္႔ေဒသမ်ားမွာ လက္ရိွအခ်ိန္ထိ လူေပါင္းမ်ား ေပ်ာက္ဆံုးေနဆဲျဖစ္တယ္လို႔ တနလၤာေန႔မွာျပဳလုပ္တဲ႔ သဘာ၀ေဘးအႏၱရာယ္ အေရးေပၚအစည္းအေ၀းမွာ ဂ်ပန္၀န္ၾကီးခ်ဳပ္ ရွင္ဇုိအာေဘးက ေျပာဆုိျပီး ဒီလူေတြကို ကယ္ဆယ္ေရးအဖြဲ႔ေတြက ေန႔ေရာ ညပါ ရွာေဖြကယ္ဆယ္ေနတယ္လို႔ ဆိုပါတယ္။

 

ေအာက္တိုဘာ ၁၅ ရက္မနက္ပိုင္းအထိ အိမ္ေထာင္စု ၃၄၀၀၀ မွာ လွ်ပ္စစ္ဓါတ္အား မရေသးသလို ေနအိမ္ ၁၃၃၀၀၀ မွာလည္း ေရရရိွျခင္းမရိွေသးပါဘူး။ ေသာင္းေပါင္းမ်ားစြာေသာ ေဒသခံေတြဟာ တနလၤာေန႔ညက အစိုးရဲ႕ ကယ္ဆယ္ေရးစခန္းေတြမွာ ေနထိုင္ခဲ႔ရျပီး အမ်ားစုကေတာ႔ ဘယ္အခ်ိန္မွာ အိမ္ျပန္နိုင္မယ္ဆိုတာ မသိရေသးပါဘူး။

 

မုန္တိုင္းေၾကာင္႔ သေဘၤာတစ္စင္းနစ္ျမဳပ္ခဲ႔ရာ ျမန္မာ၊ တရုတ္၊ ဗီယက္နမ္ နုိင္ငံသား သေဘၤာသားေလးဦးကို ကယ္တင္နိုင္ခဲ႔ျပီး က်န္ရိွေနသူတစ္ဦးကို ဂ်ပန္ကမ္းေျခေစာင္႔တပ္ဖြဲ႔က ရွာေဖြကယ္ဆယ္ေရးေတြလုပ္ေဆာင္ေနပါတယ္။

 

Ref : CNA
Photo : AP

#voiceofmyanmar #ဂ်ပန္ #မုုန္တိုုင္း

 

Unicode

ဂျပန်မှာ အင်အားပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူ ၆၇ ဦးအထိရှိလာ

တိုကျို၊ အောက်တိုဘာ-၁၅-၂၀၁၉
မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံမှ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးသမား တစ်သိန်းကျော်က ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေကြပြီး အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူအရေအတွက်ဟာ ၆၇ ဦးအထိရှိလာပြီဖြစ်ပါတယ်။

 

တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ ဂျပန်နိုင်ငံမှာ လေတိုက်နှုန်းမြင့်မားပြီး မိုးရေချိန်များပြားစွာနဲ့ အောက်တိုဘာ ၁၂ ရက်ကတိုက်ခတ်သွားတာဖြစ်ပြီး မြေပြိုခြင်းနဲ့ ရေကြီးရေလျှံတာတွေ အကြီးအကျယ်ဖြစ်ပေါ်စေခဲ့ပါတယ်။

 

မုန်တိုင်းဒါဏ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တစ်ဖြည်းဖြည်းတိုးမြင့်လာပြီး လူ ၅၈ ဦးသေဆုံးတယ်လို့ အင်န်အိပ်ချ်ကေ သတင်းဌာနက အောက်တိုဘာ ၁၅ ရက်အစောပိုင်းမှာ ဖော်ပြထားပြီး နေ့လည်ပိုင်းမှာတော့ သေဆုံးသူ ၆၇ ဦးအထိတိုးမြင့်လာပြီး လူ ၁၂ ဦးပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

 

မုန်တိုင်းဒါဏ်သင့်ဒေသများမှာ လက်ရှိအချိန်ထိ လူပေါင်းများ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တနင်္လာနေ့မှာပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောဆိုပြီး ဒီလူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက နေ့ရော ညပါ ရှာဖွေကယ်ဆယ်နေတယ်လို့ ဆိုပါတယ်။

 

အောက်တိုဘာ ၁၅ ရက်မနက်ပိုင်းအထိ အိမ်ထောင်စု ၃၄၀၀၀ မှာ လျှပ်စစ်ဓါတ်အား မရသေးသလို နေအိမ် ၁၃၃၀၀၀ မှာလည်း ရေရရှိခြင်းမရှိသေးပါဘူး။ သောင်းပေါင်းများစွာသော ဒေသခံတွေဟာ တနင်္လာနေ့ညက အစိုးရဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်ခဲ့ရပြီး အများစုကတော့ ဘယ်အချိန်မှာ အိမ်ပြန်နိုင်မယ်ဆိုတာ မသိရသေးပါဘူး။

 

မုန်တိုင်းကြောင့် သင်္ဘောတစ်စင်းနစ်မြုပ်ခဲ့ရာ မြန်မာ၊ တရုတ်၊ ဗီယက်နမ် နိုင်ငံသား သင်္ဘောသားလေးဦးကို ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိနေသူတစ်ဦးကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။

 

Ref : CNA
Photo : AP

#voiceofmyanmar #ဂျပန် #မုန်တိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW