ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာ စကားနဲ႔ပတ္သက္ၿပီးေဒသခံေတြရွင္းလင္းစဥ္ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြား

နတၱလင္း -ေအာက္တိုဘာ၁၅-၂၀၁၉

 

မိုးယံ(VOM)

 

ရပ္ေဝးမွ တာဝန္ထမ္းေဆာင္သည့္ဆရာမမ်ားအားေဒသခံလူငယ္မ်ားမွရည္းစားစကားလိုက္ေျပာရန္ေျပာဆိုခဲ့သည့္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ေျပာစကားနဲ႔ပတ္သက္ၿပီးပဲခူးတိုင္းသာယာဝတီခ႐ိုင္နတၱလင္းၿမိဳ႕နယ္ဒမငယ္ေက်း႐ြာမွာဒီေန႔နံက္၁၀နာရီခန႔္ကေဒသခံမ်ားရွင္းလင္းပြဲျပဳလုပ္စဥ္႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ပါတယ္။

 

စန္းေခ်ာင္းအုပ္စုေဒသခံဦးျမင့္ႏိုင္က “ ဝန္ထမ္းအိမ္ယာမရေသးလို႔ ျပည္သူေတြစိတ္ညစ္မွာစိုးလို႔ဝန္ႀကီးခ်ဳပ္ကရီစရာေႏြးေႏြးေထြးေထြးေျပာတာကို မလိုသူတစ္စုကလိုင္းေပၚမွာျပည္သူေတြအထင္လြဲေအာင္ စိတ္ဆိုးေအာင္ဂုဏ္သိကၡာက်ဆင္းေအာင္အစိုးရပုံရိပ္က်ေအာင္လုပ္ၾကတာပါဒါေၾကာင့္ျပည္သူေတြအေျခအေနမွန္သိေအာင္အခုလိုရွင္းလင္းရျခင္းျဖစ္ပါတယ္လို႔“ ေျပာပါတယ္။

 

အထက္ပါအတိုင္းရွင္းလင္းေျပာၾကားေနစဥ္မွာျပည္ခိုင္ၿဖိဳးပါတီဝင္ကိုတာတာဦးမွရွင္းလင္းပြဲဦးေဆာင္ျပဳလုပ္သူကိုခ်စ္ကိုအားဝင္ေရာက္ထိုးႀကိတ္ၿပီးရွင္းလင္းပြဲဆက္မလုပ္ဖို႔ ဟန႔္တားတဲ့အတြက္႐ုန္းရင္းဆန္ခတ္ျဖစ္ပြားခဲ့ပါတယ္။

 

“ က်ေနာ္တို႔ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကိုအေၾကာင္းၾကားၿပီးမွ လုပ္တာပါအခုလိုလုပ္တာလည္း ပါတီပုံရိပ္လည္းမပါပါဘူးဝန္ႀကီးခ်ဳပ္ၫႊန္ၾကားတာလည္းမရွိပါဘူးဝန္ႀကီးခ်ဳပ္အေပၚကို ပကတိအမွန္ျမင္ေစခ်င္တာရယ္အေျခအေနမွန္သိေစခ်င္တာရယ္ အမွန္တရားေပၚေပါက္ေစခ်င္လို႔ အခုလိုရွင္းလင္းပြဲလုပ္တာပါဒီအေပၚမွာဟန႔္တားေႏွာက္ယွက္တဲ့သူေတြကိုလည္းဥပေဒအတိုင္းဆက္ၿပီးေဆာင္႐ြက္သြားမွာပါ “ လို႔ရွင္းလင္းပြဲ ဦးေဆာင္ျပဳလုပ္သူကိုခ်စ္ကိုကေျပာပါတယ္။

 

ဒမငယ္ေက်း႐ြာမွာျပဳလုပ္တဲ့ရွင္းလင္းပြဲကို ဟန႔္တားခံရတဲ့အတြက္ ဥယ်ာဥ္စု ေက်း႐ြာမွာဆက္လက္ျပဳလုပ္ခဲ့ၿပီး ရွင္းလင္းပြဲကိုေဒသခံ ျပည္သူတစ္ရာေက်ာ္တက္ေရာက္ခဲ့ပါတယ္။

 

ၿပီးခဲ့တဲ့ေအာက္တိုဘာလ၅ရက္ေန႔က သစ္ခ်ိဳၿခံခန္းမမွာပဲခူးတိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေဒသခံေတြေတြ႕ဆုံစဥ္ “ စာသင္ေက်ာင္းေတြမွာ ရပ္ေဝးကဆရာဆရာမေတြအတြက္ေဘာ္ဒါေဆာင္ေတြဘာေတြကတကယ္ေတာ့ပူစရာမလိုပါဘူးတာဝန္က်တဲ့ေနရာကေဒသခံလူငယ္ေလးေတြကရည္းစားစကားလိုက္ေျပာဒါမွတကယ္လို႔ညားသြားရင္အိမ္ငွားေနစရာမလိုေတာ့ဘူးေဘာ္ဒါေဆာင္လည္းမလိုေတာ့ဘူးေပါ့လို႔”ေျပာၾကားခဲ့တဲ့စကားနဲ႔ပတ္သက္ၿပီးလူမႈကြန္ယက္မွာေဝဖန္မႈေတြျမင့္တက္ခဲ့ပါတယ္။

 

ဒီစကားနဲ႕ပတ္သက္ျပီး ပဲခူးတိုုင္းဝန္ၾကီးခ်ဳပ္ ဦးဝင္းသိန္းကလည္း သူ႕စကားကိုု စိတ္ဆိုုးတယ္ဆိုုရင္ ေတာင္းပန္တယ္လိုု႕  ေနာက္ပိုုင္းမွာ ေျပာဆိုုခဲ႕ပါတယ္။

 

#voiceofmyanmar #ပဲခူးတုုိင္းဝန္ၾကီးခ်ဳပ္ #နတၱလင္း

 

Unicode

 

ပဲခူးတိုင်းဝန်ကြီးချုပ်ပြော စကားနဲ့ပတ်သက်ပြီး ဒေသခံတွေရှင်းလင်းစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွား

နတ္တလင်း အောက်တိုဘာ ၁၅-၂၀၁၉

မိုးယံ(VOM)

ရပ်ဝေးမှ တာဝန်ထမ်းဆောင်သည့်ဆရာမများအားဒေသခံလူငယ်များမှ ရည်းစားစကား လိုက်ပြောရန် ပြောဆိုခဲ့သည့် ပဲခူးတိုင်းဝန်ကြီးချုပ် ပြောစကားနဲ့ပတ်သက်ပြီး ပဲခူးတိုင်း သာယာဝတီခရိုင် နတ္တလင်းမြို့နယ် ဒမငယ်ကျေးရွာမှာ ဒီနေ့နံက် ၁၀နာရီခန့်က ဒေသခံများ ရှင်းလင်းပွဲပြုလုပ်စဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

စန်းချောင်းအုပ်စု ဒေသခံဦးမြင့်နိုင်က “ ဝန်ထမ်းအိမ်ယာမရသေးလို့
ပြည်သူတွေစိတ်ညစ်မှာစိုးလို့ ဝန်ကြီးချုပ်က ရီစရာနွေးနွေးထွေးထွေးပြောတာကို
မလိုသူတစ်စုက လိုင်းပေါ်မှာ ပြည်သူတွေ အထင်လွဲအောင်
စိတ်ဆိုးအောင် ဂုဏ်သိက္ခာကျဆင်းအောင် အစိုးရပုံရိပ်ကျအောင် လုပ်ကြတာပါ ဒါကြောင့် ပြည်သူတွေ အခြေအနေ မှန်သိအောင်အခုလို ရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ “ ပြောပါတယ်။

အထက်ပါအတိုင်းရှင်းလင်းပြောကြားနေစဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင် ကိုတာတာဦးမှ ရှင်းလင်းပွဲဦးဆောင်ပြုလုပ်သူ ကိုချစ်ကိုအား ဝင်ရောက်ထိုးကြိတ်ပြီး ရှင်းလင်းပွဲဆက်မလုပ်ဖို့ ဟန့်တားတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

“ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုအကြောင်းကြားပြီးမှ လုပ်တာပါ အခုလိုလုပ်တာလည်း
ပါတီပုံရိပ်လည်းမပါပါဘူးဝန်ကြီးချုပ် ညွှန်ကြားတာလည်းမရှိပါဘူး ဝန်ကြီးချုပ် အပေါ်ကို
ပကတိအမှန်မြင်စေချင်တာရယ် အခြေအနေ မှန်သိစေချင်တာရယ်
အမှန်တရားပေါ်ပေါက်စေချင်လို့ အခုလိုရှင်းလင်းပွဲလုပ်တာပါ ဒီအပေါ်မှာဟန့်တားနှောက်ယှက်တဲ့သူတွေကို လည်း ဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားမှာပါ “ လို့ ရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်သူ ကိုချစ်ကိုကပြောပါတယ်။

ဒမငယ်ကျေးရွာမှာပြုလုပ်တဲ့ရှင်းလင်းပွဲကို ဟန့်တားခံရတဲ့အတွက် ဉယျာဉ်စု ကျေးရွာမှာဆက်လက်ပြုလုပ်ခဲ့ပြီး ရှင်းလင်းပွဲကိုဒေသခံ ပြည်သူတစ်ရာကျော်တက်ရောက်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ရက်နေ့က သစ်ချိုခြံခန်းမမှာ ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဒေသခံတွေတွေ့ဆုံစဉ်
“ စာသင်ကျောင်းတွေမှာ ရပ်ဝေးကဆရာ ဆရာမတွေအတွက် ဘော်ဒါဆောင်တွေဘာတွေက တကယ်တော့ပူစရာမလိုပါဘူး တာဝန်ကျတဲ့နေရာက ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော ဒါမှတကယ်လို့ညားသွားရင် အိမ်ငှားနေစရာမလိုတော့ဘူး ဘော်ဒါဆောင်လည်း မလိုတော့ဘူးပေါ့လို့” ပြောကြားခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

ဒီစကားနဲ့ပတ်သက်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကလည်း သူ့စကားကို စိတ်ဆိုးတယ်ဆိုရင် တောင်းပန်တယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar #ပဲခူးတိုင်းဝန်ကြီးချုပ် #နတ္တလင်း

 

Related posts

Leave a Comment

VOM News

FREE
VIEW