
Zawgyi

ဂျန်ကိုး လ်(VOM)

 




 


 


 


Unicode

မိုးကြိုးပစ်လို့ နွားတွေအစုလိုက်သေဆုံး

ပန်းတောင်း အောက်တိုဘာ၁၅-၂၀၁၉
ဂျန်ကိုး လ်(VOM)

ပဲခူးတိုင်းပြည်ခရိုင် ပန်းတောင်းမြို့နယ် မကျီးထုံးအုပ်စု ကွေ့ မကျေးရွာတွင်အောက်တိုဘာ၁၄ရက် ညက မိုးကြိုးထိမှန်ပြီး နွား၁၁ကောင်သေဆုံးသွားခဲ့ပါတယ်။

ဒီအကြောင်း မကျီးထုံးအုပ်စု ဥက္ကဋ္ဌ ပြောပြတာကတော့

“ကိုတင်ဝင်းလှိုင်ရဲ့မွေးနွားတွေနွားတွေက မြက်ခြံထဲမှာထားတာ လူကရွာထဲမှာနေတာ
မနက်နွားလွှတ်ဘို့သွားမှ မိုးကြိုးပစ်ခံထားရမှန်းသိတာ အကြီးအသေး အထီးအမ၁၁ကောင်ပါ” ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်သက်ပြီး မြို့နယ်ကိုတင်ပြထားပြီး နွားတွေဟာ မွေးစားဖက်ယူ (နွားပိုင်ရှင်နဲ့ ကျွေးပေးသူ တယောက်တဝက်ပိုင်စနစ်) နဲ့ မွေးထားတာလို့ သိရပါတယ်။

ပန်းတောင်းမြို့နယ်အတွင်း မိုးကြိုးကြောင့် လူနဲ့နွားသေဆုံးမှုဖြစ်စဉ်ရှိခဲ့ဘူးပေမဲ့ ခုလိုအစုလိုက်အပြုံ လိုက်သေဆုံးဖြစ်စဉ်မရှိဘူးသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

#voiceofmyanmar #ပန်းတောင်း #မိုးကြိုးပစ် #နွားတွေအစုလိုက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW