ဆီးရီးယားထိုးစစ္ အဆံုးသတ္ေရး အေမရိကန္ရဲ႕ေတာင္းဆိုမႈ တူရကီသမၼတပယ္ခ်

အန္ကာရာ၊ ေအာက္တိုဘာ ၁၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ဆီးရီးယားနုိင္ငံ ေျမာက္ပိုင္းမွာ တူရကီရဲ႕ ထိုးစစ္ဆင္ႏႊဲေနတာေတြကို ခ်က္ခ်င္းရပ္ဆိုင္းဖို႔အတြက္ အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္ကို တူရကီသမၼတ အာဒိုဂန္က ပယ္ခ်လိုက္ပါတယ္။

အေမရိကန္ဒုသမၼတ မိုက္ပင္႔စ္နဲ႔ နိုင္ငံျခားေရး၀န္ၾကီး မိုက္ပြန္ပီယိုတို႔ရဲ႕ တူရကီခရီးစဥ္မတိုင္မီမွပဲ သမၼတအာဒိုဂန္ရဲ႕ မွတ္ခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

ဆီးရီးယားနယ္စပ္မွာရိွတဲ႔ ကာ႔ဒ္တပ္ဖြဲ႔ဝင္ေတြရဲ႕ မဟာမိတ္ အေမရိကန္တပ္ဖြဲ႔ဝင္ေတြရုပ္သိမ္းျပီးေနာက္ ကာ႔ဒ္ေတြကို နယ္စပ္ကေနေမာင္းထုတ္ဖို႔ ရည္ရြယ္ျပီး တူရကီက ထိုးစစ္ဆင္ေနတာျဖစ္ပါတယ္။

တူရကီထိုးစစ္ကို တံုျပန္ဖို႔အတြက္ ကာ႔ဒ္ေတြနဲ႔ ဆီးရီးယားအစိုးရတပ္ဖြဲ႔တို႔အၾကား သေဘာတူညီခ်က္ရရိွသြားျပီးေနာက္ အဲဒီေဒသကို အစိုးရတပ္ဖြဲ႕ေတြ ျဖန္ၾကက္ထားလိုက္ျပီျဖစ္ပါတယ္။

ဒါေပမယ္႔ ဆီးရီးယားအစိုးရကို ေက်ာေထာက္ေနာက္ခံေပးထားတဲ႔ ရုရွားကေတာ႔ တူရကီနဲ႔ ဆီးရီးယားအစိုးရတပ္ဖြဲ႕၀င္ေတြအၾကား တိုက္ပြဲမျဖစ္ေအာင္ ကာကြယ္တားဆိီးမယ္လို႔ ေျပာပါတယ္။

လက္ရိွတြင္ တူရကီရိွ ဆီးရီးယားဒုကၡသည္ နွစ္သန္းေက်ာ္ကို ျပန္လည္ေနရာခ်ထားရန္ ဆီးရီးယားနုိင္ငံအတြင္း မိုင္ ၂၀ ပမာဏရိွ ေဘးကင္းဇုန္တစ္ခုတည္ေဆာက္ဖို႔ တူရကီက ဆႏၵရိွေနတာျဖစ္ပါတယ္။

တူရကီရဲ႕ ထိုးစစ္ဆင္ႏႊဲမႈေၾကာင္႔ အရပ္သားဒါဇင္မ်ားစြာ ေသဆံုးခဲ႔ျပီး အဲဒီေဒသကေန လူ တစ္သိန္းေျခာက္ေသာင္းေက်ာ္ ထြက္ေျပးခ႔ဲရတယ္လို႔ ကုလသမဂၢရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Ref : BBC Photo : Reuters
#voiceofmyanmar#ဆီးရီးယားထိုးစစ္#အဆံုးသတ္ေရးအေမရိကန္ရဲ႕ေတာင္းဆိုမႈ#တူရကီသမၼတပယ္ခ်#

Unicode

ဆီးရီးယားထိုးစစ် အဆုံးသတ်ရေး အမေရိကန်ရဲ့တောင်းဆိုမှု တူရကီသမ္မတပယ်ချ

အန်ကာရာ၊ အောက်တိုဘာ ၁၆-၂၀၁၉
မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ တူရကီရဲ့ ထိုးစစ်ဆင်နွှဲနေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တူရကီသမ္မတ အာဒိုဂန်က ပယ်ချလိုက်ပါတယ်။

အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ရဲ့ တူရကီခရီးစဉ်မတိုင်မီမှပဲ သမ္မတအာဒိုဂန်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဆီးရီးယားနယ်စပ်မှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေရဲ့ မဟာမိတ် အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းပြီးနောက် ကာ့ဒ်တွေကို နယ်စပ်ကနေမောင်းထုတ်ဖို့ ရည်ရွယ်ပြီး တူရကီက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တူရကီထိုးစစ်ကို တုံပြန်ဖို့အတွက် ကာ့ဒ်တွေနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တို့အကြား သဘောတူညီချက်ရရှိသွားပြီးနောက် အဲဒီဒေသကို အစိုးရတပ်ဖွဲ့တွေ ဖြန်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားကတော့ တူရကီနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲမဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ ပြောပါတယ်။

လက်ရှိတွင် တူရကီရှိ ဆီးရီးယားဒုက္ခသည် နှစ်သန်းကျော်ကို ပြန်လည်နေရာချထားရန် ဆီးရီးယားနိုင်ငံအတွင်း မိုင် ၂၀ ပမာဏရှိ ဘေးကင်းဇုန်တစ်ခုတည်ဆောက်ဖို့ တူရကီက ဆန္ဒရှိနေတာဖြစ်ပါတယ်။

တူရကီရဲ့ ထိုးစစ်ဆင်နွှဲမှုကြောင့် အရပ်သားဒါဇင်များစွာ သေဆုံးခဲ့ပြီး အဲဒီဒေသကနေ လူ တစ်သိန်းခြောက်သောင်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref : BBC Photo : Reuters
#voiceofmyanmar#ဆီးရီးယားထိုးစစ်#အဆုံးသတ်ရေးအမေရိကန်ရဲ့တောင်းဆိုမှု#တူရကီသမ္မတပယ်ချ#

Related posts

Leave a Comment

VOM News

FREE
VIEW