Food court ကိစၥ စုံစမ္းစစ္ေရးအဖြဲ႕ရဲ႕ ၾကန႔္ၾကာမႈအတြက္ ႏိုင္ငံေတာ္သမၼတ႐ုံးနဲ႔ အတိုင္ပင္ခံ႐ုံးကို စာတင္မယ္

မႏၲေလး၊ ေအာက္တိုဘာ ၁၈-၂၀၁၉
ျဖဴျဖဴ(VOM)

မႏၲေလးတကၠသိုလ္ထဲမွာ ေဆာက္လုပ္ထားတဲ့ food court နဲ႔ပတ္သက္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ ေဆာင္႐ြက္ခ်က္ေတြ ေႏွာင့္ေႏွးေနတဲ့အတြက္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးနဲ႔ ႏိုင္ငံေတာ္သမၼတ႐ုံးကို ဒီေန႔ ေအာက္တိုဘာ ၁၈ ရက္မွာ စာေပးပို႔သြားမယ္လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢေတြက ေျပာပါတယ္။

“ သူတို႔စုံစမ္းစစ္ေဆးေရး သုံးခါလုံးလုပ္ၿပီးလို႔ တစ္လနီးပါးျပည့္ေတာ့မယ္။ ဒါေပမယ့္ အခုခ်ိန္အထိ ရပို႔ေရးၿပီးျခင္းမရွိဘူး၊ သမၼတ႐ုံးကို တင္တာလည္းမရွိဘူး။ လုပ္ငန္းေဆာင္တာေတြ အရမ္းကိုေႏွာင့္ေႏွးေနတယ္ ” လို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠ႒ မယမင္းသူက ေျပာပါတယ္။

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္အေနနဲ႔ ႏိုင္ငံေတာ္ သမၼတ ၫႊန္ၾကားခ်က္ကို ေက်ာ္လြန္ၿပီး တင္ဒါေခၚယူျခင္းမရွိဘဲ ရင္းႏွီးတဲ့လုပ္ငန္းရွင္ကို food court ေဆာက္လုပ္ခြင့္ျပဳခဲ့တဲ့အတြက္
အေရးယူေပးဖို႔ စက္တင္ဘာ ၂ ရက္ေန႔ကေန ၇ ရက္ေန႔အထိ ေက်ာင္းသားသမဂၢေတြက သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကတာပါ။

အဲဒီေနာက္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုအဆင့္ ဒုဝန္ႀကီးပါတဲ့ စုံစမ္း စစ္ေဆးေရးအဖြဲ႕တို႔ စုံစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ရရွိတဲ့ report ကို ႏိုင္ငံေတာ္ သမၼတ႐ုံးတင္ျပရမွာ ျဖစ္ေပမယ့္ မလိုအပ္ဘဲၾကန႔္ၾကာေနတယ္ဆိုၿပီး ဒီေန႔မွာ ေက်ာင္းသားသမဂၢေတြဘက္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ပါတယ္။

“အကုန္လုံးၿပီးစီးေနတဲ့အေနအထားမွာ ဒီ report ထုတ္ဖို႔ကိစၥပဲ က်န္ေနတယ္။ report ကလည္း လက္ရွိအေနအထားအရ မၿပီးတာလိုလို ၿပီးတာလိုလိုနဲ႔ ျဖစ္ေနတယ္။ ၿပီးေတာ့ သူတို႔ဘယ္လိုသြားေနတယ္ဆိုတဲ့ လုပ္ငန္းစဥ္ကိုလည္း က်ေနာ္တို႔ကို ပြင့္ပြင့္လင္းလင္းမေျပာဘူး။ က်ေနာ့္အထင္ ဒါကသက္သက္ေမွ်ာခ်ေနတဲ့ ပုံစံျဖစ္ေနတယ္။”လို႔ သပိတ္ေကာ္မတီဝင္ ကိုေဝယံထက္က ေျပာပါတယ္။

ဒါ့အျပင္ စုံစမ္းစစ္ေဆးမႈလုပ္ေဆာင္တဲ့အခါမွာ ေက်ာင္းဘက္ကစီမံခန႔္ခြဲတဲ့သူ ၊ ဆရာသမဂၢ ၊ ေက်ာင္းသားသမဂၢေတြနဲ႔ ပြင့္လင္းျမင္သာစြာ စစ္ေဆးခဲ့ေပမယ့္ လာမယ့္အပတ္မွာ တကၠသိုလ္ပါေမာကၡခ်ဳပ္နဲ႔ Food court ေဆာက္လုပ္ခြင့္ရထားတဲ့ Oriental House ပိုင္ရွင္ကို သီးသန႔္ စစ္ေဆးသြားမယ္ဆိုတာက
မ႐ိုးသားတဲ့ လုပ္ေဆာင္ခ်က္ျဖစ္တယ္လို႔ ေက်ာင္းသားေတြက စြပ္စြဲေျပာဆိုထားပါတယ္။

ေက်ာင္းသားေတြရဲ႕သတင္းစာရွင္းလင္းပြဲနဲ႔ စြပ္စြဲေျပာဆိုမႈေတြနဲ႔ ပတ္သက္လို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕မွာပါဝင္တဲ့ ပညာေရးဝန္ႀကီးဌာန ဒု-ဝန္ႀကီး ဦးဝင္းေမာ္ထြန္းထံ ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

တကၠသိုလ္ပိုင္ေျမ (၅၅ေပ-ေပ၁၄၀)ေပၚမွာ ေဆာက္လုပ္ထားတဲ့ Food Court ကိစၥမွာ ပါေမာကၡခ်ဳပ္ အေနနဲ႔ ႏိုင္ငံေတာ္သမၼတၫႊန္ၾကားခ်က္ျဖစ္တဲ့ တင္ဒါစည္းမ်ဥ္း၊ စည္းကမ္းေတြကို ေဖာက္ဖ်က္ေက်ာ္လြန္ၿပီး လုပ္ကိုင္ခြင့္ျပဳတာ၊ ပညာေရးဝန္ႀကီး႒ာနနဲ႔ အဆင့္ျမင့္ပညာဦးစီးဌာနရဲ႕ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ခြင့္ ခ်ေပးတာေတြကို စစ္ေဆးအေရးယူေပးဖို႔ မႏၲေလးတကၠသိုလ္သမဂၢအဖြဲ႕က သပိတ္ေမွာက္ ဆႏၵျပခဲ့တဲ့အတြက္ ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုအဆင့္ရွိတဲ့ ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း၊ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫႊန႔္ နဲ႔ ေမာ္လၿမိဳင္တကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေအာင္ျမတ္ေက်ာ္စိန္တို႔ ပါဝင္တဲ့ အဖြဲ႕ကေန စုံစမ္းစစ္ေဆးအဖြဲ႕ဖဲ့ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #မႏၲေလးတကၠသိုလ္#FoodCourt#

Unicode

Food court ကိစ္စ စုံစမ်းစစ်ရေးအဖွဲ့ရဲ့ ကြန့်ကြာမှုအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးကို စာတင်မယ်

မန္တလေး၊ အောက်တိုဘာ ၁၈-၂၀၁၉
ဖြူဖြူ(VOM)

မန္တလေးတက္ကသိုလ်ထဲမှာ ဆောက်လုပ်ထားတဲ့ food court နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ နှောင့်နှေးနေတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ နိုင်ငံတော်သမ္မတရုံးကို ဒီနေ့ အောက်တိုဘာ ၁၈ ရက်မှာ စာပေးပို့သွားမယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂတွေက ပြောပါတယ်။

“ သူတို့စုံစမ်းစစ်ဆေးရေး သုံးခါလုံးလုပ်ပြီးလို့ တစ်လနီးပါးပြည့်တော့မယ်။ ဒါပေမယ့် အခုချိန်အထိ ရပို့ရေးပြီးခြင်းမရှိဘူး၊ သမ္မတရုံးကို တင်တာလည်းမရှိဘူး။ လုပ်ငန်းဆောင်တာတွေ အရမ်းကိုနှောင့်နှေးနေတယ် ” လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက ပြောပါတယ်။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ နိုင်ငံတော် သမ္မတ ညွှန်ကြားချက်ကို ကျော်လွန်ပြီး တင်ဒါခေါ်ယူခြင်းမရှိဘဲ ရင်းနှီးတဲ့လုပ်ငန်းရှင်ကို food court ဆောက်လုပ်ခွင့်ပြုခဲ့တဲ့အတွက်
အရေးယူပေးဖို့ စက်တင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျောင်းသားသမဂ္ဂတွေက သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။

အဲဒီနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရရှိတဲ့ report ကို နိုင်ငံတော် သမ္မတရုံးတင်ပြရမှာ ဖြစ်ပေမယ့် မလိုအပ်ဘဲကြန့်ကြာနေတယ်ဆိုပြီး ဒီနေ့မှာ ကျောင်းသားသမဂ္ဂတွေဘက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“အကုန်လုံးပြီးစီးနေတဲ့အနေအထားမှာ ဒီ report ထုတ်ဖို့ကိစ္စပဲ ကျန်နေတယ်။ report ကလည်း လက်ရှိအနေအထားအရ မပြီးတာလိုလို ပြီးတာလိုလိုနဲ့ ဖြစ်နေတယ်။ ပြီးတော့ သူတို့ဘယ်လိုသွားနေတယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလည်း ကျနော်တို့ကို ပွင့်ပွင့်လင်းလင်းမပြောဘူး။ ကျနော့်အထင် ဒါကသက်သက်မျှောချနေတဲ့ ပုံစံဖြစ်နေတယ်။”လို့ သပိတ်ကော်မတီဝင် ကိုဝေယံထက်က ပြောပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်တဲ့အခါမှာ ကျောင်းဘက်ကစီမံခန့်ခွဲတဲ့သူ ၊ ဆရာသမဂ္ဂ ၊ ကျောင်းသားသမဂ္ဂတွေနဲ့ ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ပေမယ့် လာမယ့်အပတ်မှာ တက္ကသိုလ်ပါမောက္ခချုပ်နဲ့ Food court ဆောက်လုပ်ခွင့်ရထားတဲ့ Oriental House ပိုင်ရှင်ကို သီးသန့် စစ်ဆေးသွားမယ်ဆိုတာက
မရိုးသားတဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကျောင်းသားတွေက စွပ်စွဲပြောဆိုထားပါတယ်။

ကျောင်းသားတွေရဲ့သတင်းစာရှင်းလင်းပွဲနဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာပါဝင်တဲ့ ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းထံ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

တက္ကသိုလ်ပိုင်မြေ (၅၅ပေ-ပေ၁၄၀)ပေါ်မှာ ဆောက်လုပ်ထားတဲ့ Food Court ကိစ္စမှာ ပါမောက္ခချုပ် အနေနဲ့ နိုင်ငံတော်သမ္မတညွှန်ကြားချက်ဖြစ်တဲ့ တင်ဒါစည်းမျဉ်း၊ စည်းကမ်းတွေကို ဖောက်ဖျက်ကျော်လွန်ပြီး လုပ်ကိုင်ခွင့်ပြုတာ၊ ပညာရေးဝန်ကြီးဋ္ဌာနနဲ့ အဆင့်မြင့်ပညာဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခွင့် ချပေးတာတွေကို စစ်ဆေးအရေးယူပေးဖို့ မန္တလေးတက္ကသိုလ်သမဂ္ဂအဖွဲ့က သပိတ်မှောက် ဆန္ဒပြခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့်ရှိတဲ့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့် နဲ့ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်တို့ ပါဝင်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေးအဖွဲ့ဖဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #မန္တလေးတက္ကသိုလ်#FoodCourt#

Related posts

Leave a Comment

VOM News

FREE
VIEW