ရဲတပ္ဖြဲ႕ဝင္နဲ႔ အရပ္သား ၃၀ ေက်ာ္ကို ရေသ့ေတာင္ကေန ေအေအအဖြဲ႕ ေခၚသြား

စစ္ေတြမွ ဘူးသီးေတာင္သို႔ ေျပးဆြဲေနသည့္ ေရယာဥ္မ်ား

 

ရေသ့ေတာင္၊ ေအာက္တိုဘာ ၂၆-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ကေန ဘူးသီးေတာင္ကို ေျပးဆြဲေနတဲ့ ခရီးသည္ပို႔ေဆာင္ေရးေရယာဥ္တစ္စီးျဖစ္တဲ့ ေ႐ႊနဒီအျမန္ေရယာဥ္လိုင္းမွ ေရယာဥ္တစ္စီးကို ဒီကေန႔ ေအာက္တိုဘာလ ၂၆ ရက္ေန႔ မနက္ပိုင္း ၁၀ နာရီဝန္းက်င္မွာ ေအေအတပ္ဖြဲ႕က ကမ္းကပ္ခိုင္းၿပီး ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ ခရီးသည္တခ်ိဳ႕ကို ေခၚေဆာင္သြားခဲ့တယ္လို႔ သတင္းရရွိပါတယ္။

အဲ့ဒီေရယာဥ္ဟာ ဒီကေန႔မနက္ပိုင္း ၆ နာရီမွာ စစ္ေတြဆိပ္ကမ္းကေန ဘူးသီးေတာင္ၿမိဳ႕ကို ထြက္ခြာသြားခဲ့တာျဖစ္ၿပီး မနက္ပိုင္း ၉ နာရီေလာက္မွာ ရေသ့ေတာင္ၿမိဳ႕ကို ဆိုက္ေရာက္ခဲ့ပါတယ္။
ေ႐ႊနဒီ ေရယာဥ္ဟာ ရေသ့ေတာင္ကေန ထြက္ခြာလာခဲ့ၿပီး နာရီခြဲေလာက္အၾကာ ၿပိန္းေတာေက်း႐ြာနဲ႔ ေရမ်က္ေက်း႐ြာအၾကားမွာအခုလို ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ေဒသခံေတြကေတာ့ ေ႐ႊနဒီ ေရယာဥ္ေပၚမွာလိုက္ပါလာခဲ့တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ တပ္မေတာ္သားေတြကို ေခၚေဆာင္သြားခဲ့တာျဖစ္သလို အရပ္သားတခ်ိဳ႕လဲ ပါဝင္ေနတယ္လို႔ ဆိုပါတယ္။

“ရေသ့ေတာင္ကအထြက္ေပါ့ေနာ္။ ၿပိန္းေတာ႐ြာနဲ႔ ေရမ်က္႐ြာအၾကားမွာ သူတို႔က ေသနတ္ပစ္ေဖာက္ၿပီးေတာ့ အဲ့ဒီ ေ႐ႊနဒီကိုရပ္ခိုင္းတယ္။ ၿပီးေတာ့ အဲ့ဒီမွာပါလာတဲ့ တပ္မေတာ္သားေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ေခၚသြားတယ္။ အကုန္လုံး လူူသုံးဆယ္ေလာက္ကိုေခၚသြားတယ္လို႔ သတင္းရတယ္။ အဲ့ဒီမွာ အရပ္သားေတြလည္း ပါေနတယ္လို႔ ၾကားပါတယ္”လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ျပည္သူူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကေျပာပါတယ္။

ေရယာဥ္ဖမ္းဆီးခံရတာနဲ႔ပတ္သက္လို႔ ေနျပည္ေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းစာရွင္းလင္းပြဲတစ္ခုကို ေနျပည္ေတာ္မွာ ဒီေန႔ေန႔လည္ပိုင္းက ျပဳလုပ္ခဲ့ပါတယ္။

 

အဲ့ဒီေရယာဥ္ကို ရခိုင္ျပည္နယ္အတြင္းမွာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ေအေအတပ္ဖြဲ႕ကေန ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အရပ္သားတခ်ိဳ႕ကို ဖမ္းဆီးသြားတာျဖစ္တယ္လို႔ သတင္းမွန္ျပန္ၾကားေရးဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက အတည္ျပဳေျပာၾကားခဲ့ေပမယ့္ ဖမ္းဆီးခံရသူေတြထဲမွာ တပ္မေတာ္သားေတြ ပါဝင္မႈကိုေတာ့ ထုတ္ျပန္ေျပာဆိုတာ မရွိပါဘူး။

“ေရယာဥ္ေပၚမွာရွိတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သတင္းရရွိပါတယ္။ တခ်ိဳ႕ အရပ္သားေတြနဲ႔ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သတင္းရပါတယ္။ ၁၁ နာရီေလာက္မွာေတာ့ ေရယာဥ္ကို ျပန္လႊတ္ေပးလိုက္တယ္လို႔ေတာ့ ၾကားတယ္”လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။

အဲ့ဒီရဲတပ္ဖြဲ႕ဝင္ေတြဟာ ေမာင္ေတာမွာရွိတဲ့ နယ္ျခားေစာင့္တပ္ဖြဲ႕မွာ တာဝန္ထမ္းေဆာင္ဖို႔သြားတဲ့သူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီေရယာဥ္ဟာ အမ်ားအသုံးျပဳေနတဲ့ေရယာဥ္ျဖစ္ၿပီး စစ္ဆင္ေရးအတြက္ အသုံးျပဳေနတာမဟုတ္ဘဲ သာမာန္ခရီးသည္ေတြက အသုံးျပဳေနတာျဖစ္တယ္လို႔ သူကဆက္လက္ေျပာၾကားခဲ့ပါတယ္။

အခုလိုမ်ိဳး အမ်ားအသုံးျပဳေနတဲ့ေရယာဥ္ေပၚမွာ လိုက္ပါလာခဲ့တဲ့သူေတြကို ဖမ္းဆီးခဲ့ျခင္းဟာ ျပည္သူလူထု ခရီးသြားေရး လုံၿခဳံမႈအေျခအေနေတြကို ေဖာက္ဖ်က္တာျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ ေ႐ႊနဒီအျမန္ယာဥ္လိုင္းကိုဆက္သြယ္လို႔မရရွိခဲ့သလို ေအေအရဲ႕ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကိုလဲ ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါဘူး။

………………..

Unicode

ရဲတပ်ဖွဲ့ဝင်နဲ့ အရပ်သား ၃၀ ကျော်ကို ရသေ့တောင်ကနေ အေအေအဖွဲ့ ခေါ်သွား

ရသေ့တောင်၊ အောက်တိုဘာ ၂၆-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘူးသီးတောင်ကို ပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေးရေယာဉ်တစ်စီးဖြစ်တဲ့ ရွှေနဒီအမြန်ရေယာဉ်လိုင်းမှ ရေယာဉ်တစ်စီးကို ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ အေအေတပ်ဖွဲ့က ကမ်းကပ်ခိုင်းပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ခရီးသည်တချို့ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီရေယာဉ်ဟာ ဒီကနေ့မနက်ပိုင်း ၆ နာရီမှာ စစ်တွေဆိပ်ကမ်းကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာသွားခဲ့တာဖြစ်ပြီး မနက်ပိုင်း ၉ နာရီလောက်မှာ ရသေ့တောင်မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။
ရွှေနဒီ ရေယာဉ်ဟာ ရသေ့တောင်ကနေ ထွက်ခွာလာခဲ့ပြီး နာရီခွဲလောက်အကြာ ပြိန်းတောကျေးရွာနဲ့ ရေမျက်ကျေးရွာအကြားမှာအခုလို ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ ရွှေနဒီ ရေယာဉ်ပေါ်မှာလိုက်ပါလာခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေကို ခေါ်ဆောင်သွားခဲ့တာဖြစ်သလို အရပ်သားတချို့လဲ ပါဝင်နေတယ်လို့ ဆိုပါတယ်။

“ရသေ့တောင်ကအထွက်ပေါ့နော်။ ပြိန်းတောရွာနဲ့ ရေမျက်ရွာအကြားမှာ သူတို့က သေနတ်ပစ်ဖောက်ပြီးတော့ အဲ့ဒီ ရွှေနဒီကိုရပ်ခိုင်းတယ်။ ပြီးတော့ အဲ့ဒီမှာပါလာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်သွားတယ်။ အကုန်လုံး လူူသုံးဆယ်လောက်ကိုခေါ်သွားတယ်လို့ သတင်းရတယ်။ အဲ့ဒီမှာ အရပ်သားတွေလည်း ပါနေတယ်လို့ ကြားပါတယ်”လို့ ရသေ့တောင်မြို့နယ် ပြည်သူူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

ရေယာဉ်ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ နေပြည်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုကို နေပြည်တော်မှာ ဒီနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီရေယာဉ်ကို ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အေအေတပ်ဖွဲ့ကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပြောကြားခဲ့ပေမယ့် ဖမ်းဆီးခံရသူတွေထဲမှာ တပ်မတော်သားတွေ ပါဝင်မှုကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

“ရေယာဉ်ပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ တချို့ အရပ်သားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရပါတယ်။ ၁၁ နာရီလောက်မှာတော့ ရေယာဉ်ကို ပြန်လွှတ်ပေးလိုက်တယ်လို့တော့ ကြားတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အဲ့ဒီရဲတပ်ဖွဲ့ဝင်တွေဟာ မောင်တောမှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့သွားတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီရေယာဉ်ဟာ အများအသုံးပြုနေတဲ့ရေယာဉ်ဖြစ်ပြီး စစ်ဆင်ရေးအတွက် အသုံးပြုနေတာမဟုတ်ဘဲ သာမာန်ခရီးသည်တွေက အသုံးပြုနေတာဖြစ်တယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး အများအသုံးပြုနေတဲ့ရေယာဉ်ပေါ်မှာ လိုက်ပါလာခဲ့တဲ့သူတွေကို ဖမ်းဆီးခဲ့ခြင်းဟာ ပြည်သူလူထု ခရီးသွားရေး လုံခြုံမှုအခြေအနေတွေကို ဖောက်ဖျက်တာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရွှေနဒီအမြန်ယာဉ်လိုင်းကိုဆက်သွယ်လို့မရရှိခဲ့သလို အေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုလဲ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

 

Related posts

Leave a Comment

VOM News

FREE
VIEW