အီရတ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ တစ်နေ့တည်း လူ ၄၀ သေဆုံး

ဘဂ္ဂဒက်၊ အောက်တိုဘာ-၂၆-၂၀၁၉
မျိုးဆက် (VOM)

 

အီရတ်နိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ တစ်နေ့တည်း လူ ၄၀ ဦးထက်မနည်း သေဆုံးသွားပါတယ်။

 

သေဆုံးသူတွေထဲက နှစ်ဦးကတော့ ဘဂ္ဂဒက်မြို့မှာ လုံခြုံရေးတပ်ဖွဲ့၀င်တွေ ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးတွေကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူ ထက်၀က်ကတော့ အီရတ်စစ်ဘက်နဲ့ အစိုးရရုံးတွေကို ၀င်ရောက်စီးနှင်းဖို့ ကြိုးစားရင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

 

ဆန္ဒပြသူတွေဟာ အလုပ်အကိုင်ရရှိရေးနဲ့ ပြည်သူတွေအပေါ် ပေးတဲ့ ပြည်သူ့၀န်ဆောင်မှုတွေ ကောင်းမွန်စွာရရှိရေးနဲ့ အကျင့်ပျက်ချစားမှုတွေ အဆုံးသတ်ရေးတို့ကို တောင်းဆိုနေကြပါတယ်။
နိုင်ငံတစ်၀န်း ဆန္ဒပြပွဲတွေကြောင့် လူ ၂၀၀၀ ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဆိုပါတယ်။

 

အီရတ်မှာ အလားတူဆန္ဒပြပွဲတွေ ယခုလအစောပိုင်းကလည်း ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေရဲ့ နှိမ်နှင်းမှုတွေကြောင့် လူ ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဒီလိုနှိမ်နှင်းရာမှာ အာဏာပိုင်တွေက အင်အားအလွန်အကျွံအသုံးပြုခဲ့တယ်ဆိုတာကို အစိုးရရဲ့ အစီရင်ခံစာတစ်ခုမှာ ၀န်ခံထားပါတယ်။

 

ယခုနောက်ဆုံး ဆန္ဒပြပွဲများမတိုင်မီက ဆန္ဒပြပွဲများကိုဖြိုခွဲရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် အီရတ် ဘာသာရေးခေါင်းဆောင်များနှင့် ကုလသမဂ္ဂတို့က တိုက်တွန်းတောင်းဆိုထားကြသည်။

Ref : BBC
Photo :Reuters

(Zawgyi)

 

အီရတ္အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲ တစ္ေန႔တည္း လူ ၄၀ ေသဆုံး

ဘဂၢဒက္၊ ေအာက္တိုဘာ-၂၆-၂၀၁၉
မ်ိဳးဆက္ (VOM)

 

အီရတ္ႏိုင္ငံမွာ ေအာက္တိုဘာ ၂၅ ရက္က ျဖစ္ပြားခဲ့တဲ့ အစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြမွာ တစ္ေန႔တည္း လူ ၄၀ ဦးထက္မနည္း ေသဆုံးသြားပါတယ္။

 

ေသဆုံးသူေတြထဲက ႏွစ္ဦးကေတာ့ ဘဂၢဒက္ၿမိဳ႕မွာ လုံၿခဳံေရးတပ္ဖြဲ႕၀င္ေတြ ပစ္လိုက္တဲ့ မ်က္ရည္ယိုဗုံးေတြေၾကာင့္ ေသဆုံးခဲ့တာျဖစ္ပါတယ္။ ေသဆုံးသူ ထက္၀က္ကေတာ့ အီရတ္စစ္ဘက္နဲ႔ အစိုးရ႐ုံးေတြကို ၀င္ေရာက္စီးႏွင္းဖို႔ ႀကိဳးစားရင္း ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

 

ဆႏၵျပသူေတြဟာ အလုပ္အကိုင္ရရွိေရးနဲ႔ ျပည္သူေတြအေပၚ ေပးတဲ့ ျပည္သူ႔၀န္ေဆာင္မႈေတြ ေကာင္းမြန္စြာရရွိေရးနဲ႔ အက်င့္ပ်က္ခ်စားမႈေတြ အဆုံးသတ္ေရးတို႔ကို ေတာင္းဆိုေနၾကပါတယ္။

 

ႏိုင္ငံတစ္၀န္း ဆႏၵျပပြဲေတြေၾကာင့္ လူ ၂၀၀၀ ထိခိုက္ဒါဏ္ရာရရွိခဲ့တယ္လို႔ လုံၿခဳံေရးသတင္းရင္းျမစ္တစ္ဦးကို ကိုးကားၿပီး ေအအက္ဖ္ပီသတင္းဌာနက ဆိုပါတယ္။

 

အီရတ္မွာ အလားတူဆႏၵျပပြဲေတြ ယခုလအေစာပိုင္းကလည္း ျဖစ္ပြားခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္ေတြရဲ႕ ႏွိမ္ႏွင္းမႈေတြေၾကာင့္ လူ ၁၅၀ နီးပါး ေသဆုံးခဲ့ပါတယ္။ ဒီလိုႏွိမ္ႏွင္းရာမွာ အာဏာပိုင္ေတြက အင္အားအလြန္အကြၽံအသုံးျပဳခဲ့တယ္ဆိုတာကို အစိုးရရဲ႕ အစီရင္ခံစာတစ္ခုမွာ ၀န္ခံထားပါတယ္။

 

ယခုေနာက္ဆုံး ဆႏၵျပပြဲမ်ားမတိုင္မီက ဆႏၵျပပြဲမ်ားကိုၿဖိဳခြဲရာတြင္ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကရန္ အီရတ္ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ကုလသမဂၢတို႔က တိုက္တြန္းေတာင္းဆိုထားၾကသည္။

Ref : BBC
Photo :Reuters

Related posts

Leave a Comment

VOM News

FREE
VIEW