ေက်ာက္ၾကီးမွာ အခ်ဳပ္နဲ႕အမွုုရင္ဆိုုင္ရသူတဦး ရဲကရိုုက္လိုု႕ အေရးေပၚေဆးရံုုတင္ရ

 

Zawgyi

ေက်ာက္ႀကီး၊ ႏိုဝင္ဘာ ၂-၂၀၁၉
သူရိန္(VOM)

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းမွာ ရဲအခ်ဳပ္နဲ႕ အမွဳရင္ဆိုုင္ေနရတဲ႕ ကိုုသက္ခိုုင္ကိုု ရဲတပ္ဖြဲ႕ဝင္ေတြက ရိုုက္နက္လိုု႕ ရန္ကုုန္ျပည္သူ႕ေဆးရံုုၾကီးကိုု အေရးေပၚ ပိုု႕လိုုက္ရတဲ႕ ျဖစ္စဥ္တခုု နိုုဝင္ဘာ ၁ ရက္ မေန႕က ျဖစ္ခဲ႕ပါတယ္။

ပုဒ္မ ၃၇၉ ခိုုးမႈနဲ႔ ရင္ဆိုင္ေနရတဲ့ ကိုုသက္ခုုိင္ ကို ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕က ေအာက္တိုဘာ ၃၁ ရက္ ညက ႐ိုက္ႏွက္ခဲ့လို႔ နုုိဝင္ဘာ ၁ရက္ေန႕ တရား႐ုံးထုတ္အၿပီးမွာ မူးေမ့လဲက်မႈ ျဖစ္ေပၚရာကေန ရန္ကုုန္ေဆးရံုုၾကီးထိ ပိုု႕လိုုက္ရတဲ႕ အထိျဖစ္သြားတာပါ။

ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းမွာ ပုဒ္မ ၃၇၉ အမႈနဲ႔ စက္တင္ဘာလ ၁၃ ရက္ကစၿပီး အမႈရင္ဆိုင္ေနရတဲ့ ကိုသက္ခိုင္ ၂၇ ႏွစ္ကို ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းက အမႈစစ္အရာရွိ ဒုရဲအုပ္ ေအာင္သက္ဦး၊ ဂါတ္စာေရးအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ၾကပ္ မ်ိဳးမင္းလတ္နဲ႔ အမည္မသိ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ႐ိုက္ႏွက္ႏွိပ္စက္ခဲ့တယ္လို႔ ကာယကံရွင္ ကိုုသက္ခိုုင္က ေျပာပါတယ္။

“ ကြၽန္ေတာ့ဆီကို မိသားစုဝင္ေတြ ႐ုံးခ်ိန္းလာေတာ့ အခ်ဳပ္ထဲမွာရွိတဲ့ အသိတစ္ေယာက္က အိမ္နဲ႔အဆက္အသြယ္လုပ္ခ်င္လို႔ဆိုၿပီး အကူအညီေတာင္းတာနဲ႔ အခ်ဳပ္ခန္းအျပင္ဘက္က မိသားစုဝင္ေတြရဲ႕ ဖုန္းနဲ႔ေပးေျပာမိတယ္။ အဲ့ဒီဟာကို မေက်နပ္လို႔ သူတို႔သုံးေယာက္က အမႈစစ္အခန္းထဲကို ညအခ်ိန္မွာေခၚၿပီး “မင္းက ဆရာႀကီးလား၊ ငါ့အေၾကာင္းျပရေသးတာေပါ့လို႔ဆိုၿပီး ထိုးတယ္၊ သံတုတ္နဲ႔႐ိုက္တယ္၊ လည္ပင္းကိုလည္း သံႀကိဳးနဲ႔ ညႇစ္တယ္” လို႔ ရန္ကုုန္ေဆးရံုုၾကီးကိုုေရာက္ေနတဲ႕ ကိုုသက္ခုုိင္က ေျပာပါတယ္။

ဒီကိစၥႏွင့္ပတ္သက္ၿပီး ေက်ာက္ႀကီးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး သိန္းစိုးဦး ကိုု ဖုန္းနဲ႔ဆက္သြယ္ေမးျမန္းရာ ” ၎ျဖစ္စဥ္ႏွင့္ပတ္သက္၍ မျဖစ္ေပၚခဲ့ေၾကာင္း၊ အဲ့လို႐ိုက္ႏွက္တာလဲ မရွိခဲ့ေၾကာင္းသာ ဖုန္းနဲ႕ ျပန္လည္ေျဖဆိုခဲ့ပါတယ္။

#voiceofmyanmar #ေက်ာက္ၾကီး #ရဲအခ်ဳပ္နဲ႕အမွဳရင္ဆုုိင္ရသူကိုုရဲကရိုုက္ႏွက္

Unicode

 

ကျောက်ကြီးမှာ အချုပ်နဲ့အမှုရင်ဆိုင်ရသူတဦး ရဲကရိုက်လို့ အရေးပေါ်ဆေးရုံတင်ရ

ကျောက်ကြီး၊ နိုဝင်ဘာ ၂-၂၀၁၉
သူရိန်(VOM)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မရဲစခန်းမှာ ရဲအချုပ်နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုသက်ခိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့လိုက်ရတဲ့ ဖြစ်စဉ်တခု နိုဝင်ဘာ ၁ ရက် မနေ့က ဖြစ်ခဲ့ပါတယ်။

ပုဒ်မ ၃၇၉ ခိုးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကိုသက်ခိုင် ကို ရဲတပ်ဖွဲ့ဝင်အချို့က အောက်တိုဘာ ၃၁ ရက် ညအက ရိုက်နှက်ခဲ့လို့ နိုဝင်ဘာ ၁ရက်နေ့ တရားရုံးထုတ်အပြီးမှာ မူးမေ့လဲကျမှု ဖြစ်ပေါ်ရာကနေ ရန်ကုန်ဆေးရုံကြီးထိ ပို့လိုက်ရတဲ့ အထိဖြစ်သွားတာပါ။

ကျောက်ကြီးမြို့မရဲစခန်းမှာ ပုဒ်မ ၃၇၉ အမှုနဲ့ စက်တင်ဘာလ ၁၃ ရက်ကစပြီး အမှုရင်ဆိုင်နေရတဲ့ ကိုသက်ခိုင် ၂၇ နှစ်ကို ကျောက်ကြီးမြို့မရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ် အောင်သက်ဦး၊ ဂါတ်စာရေးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ် မျိုးမင်းလတ်နဲ့ အမည်မသိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ကာယကံရှင် ကိုသက်ခိုင်က ပြောပါတယ်။

“ ကျွန်တော့ဆီကို မိသားစုဝင်တွေ ရုံးချိန်းလာတော့ အချုပ်ထဲမှာရှိတဲ့ အသိတစ်ယောက်က အိမ်နဲ့အဆက်အသွယ်လုပ်ချင်လို့ဆိုပြီး အကူအညီတောင်းတာနဲ့ အချုပ်ခန်းအပြင်ဘက်က မိသားစုဝင်တွေရဲ့ ဖုန်းနဲ့ပေးပြောမိတယ်။ အဲ့ဒီဟာကို မကျေနပ်လို့ သူတို့သုံးယောက်က အမှုစစ်အခန်းထဲကို ညအချိန်မှာခေါ်ပြီး “မင်းက ဆရာကြီးလား၊ ငါ့အကြောင်းပြရသေးတာပေါ့လို့ဆိုပြီး ထိုးတယ်၊ သံတုတ်နဲ့ရိုက်တယ်၊ လည်ပင်းကိုလည်း သံကြိုးနဲ့ ညှစ်တယ်” လို့ ရန်ကုန်ဆေးရုံကြီးကိုရောက်နေတဲ့ ကိုသက်ခိုင်က ပြောပါတယ်။

ဒီကိစ္စနှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းစိုးဦး ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာ ” ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ မဖြစ်ပေါ်ခဲ့ကြောင်း၊ အဲ့လိုရိုက်နှက်တာလဲ မရှိခဲ့ကြောင်းသာ ဖုန်းနဲ့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

#voiceofmyanmar #ကျောက်ကြီး #ရဲအချုပ်နဲ့အမှုရင်ဆိုင်ရသူကိုရဲကရိုက်နှက်

Related posts

Leave a Comment

VOM News

FREE
VIEW