
မြဝတီ၊ နိုဝင်ဘာ ၂-၂၀၁၉
သူရိန်(VOM)


အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အချိန်ပိုသင်ကြားနေတဲ့ ည ၆နာရီခွဲ အချိန်မှာ တရုတ်နိုင်ငံသားတွေဝင်လာပြီး ဘောင်းဘီ ချွတ် မဖွယ်မရာ အပေါ့စွန့်ခဲ့ ကြတဲ့အတွက် လူစုလူဝေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။




Unicode

မြဝတီမြို့က အထက်တန်းကျောင်းခွဲတစ်ခုမှာ တရုတ်နိုင်ငံသား‌တွေအပေါ့စွန့်လို့ လူစုလူဝေးဖြစ်ပွား

မြဝတီ၊ နိုဝင်ဘာ ၂-၂၀၁၉
သူရိန်(VOM)

ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် (၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ ) ကျောင်းဝင်းအတွင်းမှာ နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသားတွေ အုပ်စုလိုက်အပေါ့စွန့်တဲ့အတွက် လူစုလူဝေးဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းကနေ သိရပါတယ်။

အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အချိန်ပိုသင်ကြားနေတဲ့ ည ၆နာရီခွဲ အချိန်မှာ တရုတ်နိုင်ငံသားေတွေဝင်လာပြီး ဘောင်းဘီ ချွတ် မဖွယ်မရာ အပေါ့စွန့်ခဲ့ ကြတဲ့အတွက် လူစုလူဝေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ အမှုဖွင့်ထားတယ် လက်ရှိတော့ထိန်းသိမ်းထားပါတယ်၊ အာမခံတော့ မပေးသေးပါဘူး” လို့ မြဝတီမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီလို မဖွယ်မရာ အပေါ့စွန့်နေတဲ့ တရုတ်နိုင်သားတွေကို ကျောင်းသားမိဘ၊ ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ကို အကြောင်းကြားခဲ့တဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက မြဝတီမြို့မရဲစခန်းမှာစစ်ဆေးပြီး (ပ) ၁၂၃၂ / ၂၀၁၉ ၊ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ / ၂၁၄ တို့နဲ့ အရေးယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #မြဝတီ #တရုတ်နိုင်ငံသား #မဖွယ်မရာပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW