ဖမ္းဆီးခံရခ်ိန္ ေသဆုံးသြားခဲ့တဲ့ အိႏၵိယႏိုင္ငံသားရဲ႕ ႐ုပ္အေလာင္းကို ရန္ကုန္သို႔ပို႔ေဆာင္လိုက္ၿပီ

စစ္ေတြ၊ ႏိုဝင္ဘာ ၅-၂၀၁၉

ခိုင္လင္းစံ (VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ကေန ကုလားတန္ျမစ္ေၾကာင္းအတိုင္း စပိဘုတ္နဲ႔ဆင္းလာခဲ့ၾကတဲ့ အိႏၵိယႏိုင္ငံသား ၅ ဦး၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး အပါအဝင္ လူ ၁၀ ဦးကို ႏိုဝင္ဘာ ၃ ရက္ေန႔မနက္ပိုင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ ေအေအတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

အဲ့ဒီဖမ္းဆီးခံရစဥ္မွာ ႐ုတ္တရက္အေမာေဖာက္ၿပီး ေသဆုံးသြားခဲ့တဲ့ အိႏၵိယႏိုင္ငံသား Mr.Vinoo Gopal အသက္ ၆၀ ႏွစ္ခန႔္ရဲ႕အေလာင္းကို ႏိုဝင္ဘာ ၄ ရက္ေန႔ည ၈ နာရီေက်ာ္ေလာက္မွာ စစ္ေတြကေန ရန္ကုန္ကိုေလေၾကာင္းကေနတစ္ဆင့္ ပို႔ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

“သူတို႔ကို မေန႔က မနက္ပိုင္းမွာ လႊတ္ေပးတယ္။ တစ္ဦးေတာ့ ႏွလံုံးေရာဂါရွိတဲ့အတြက္ အဲ့ဒီဖမ္းဆီးခံရလို႔ ေတာင္ေပၚကိုေခၚသြားခ်ိန္မွာ အေမာေဖာက္ၿပီး ေသဆုံးသြားခဲ့တယ္။ အေလာင္းကိုေတာ့ မေန႔က ညေန ၈ နာရီေက်ာ္မွာ ရန္ကုန္ကို ယူသြားၿပီ။”လို႔ ကုလားတန္စီမံကိန္းနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

အဲ့ဒီအိႏၵိယႏိုင္ငံသားေတြဟာ ကုလားတန္စီမံကိန္းအတြင္းမွာ ပလက္ဝကေန အိႏၵိယနယ္စပ္ထိ ေဖာက္လုပ္ဖို႔ရွိေနတဲ့ ကုန္းလမ္းပိုင္းကို တာဝန္ယူေဖာက္လုပ္ဖို႔အတြက္ လာေရာက္ခဲ့ၾကတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအဖြဲ႕ဟာ စစ္ေတြၿမိဳ႕ကို ႏိုဝင္ဘာ ၂ ရက္ေန႔မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ေသဆုံးသူရဲ႕႐ုပ္အေလာင္းကို အိႏၵိယႏိုင္ငံကို သယ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

#voiceofmyanmar #စစ္ေတြ #ေအေအ #အိႏၵိယႏိုင္ငံသား

Unicode

ဖမ်းဆီးခံရချိန် သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသားရဲ့ ရုပ်အလောင်းကို ရန်ကုန်သို့ပို့ဆောင်လိုက်ပြီ

စစ်တွေ၊ နိုဝင်ဘာ ၅-၂၀၁၉
ခိုင်လင်းစံ (VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း စပိဘုတ်နဲ့ဆင်းလာခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် လူ ၁၀ ဦးကို နိုဝင်ဘာ ၃ ရက်နေ့မနက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်းမှာ အေအေတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီဖမ်းဆီးခံရစဉ်မှာ ရုတ်တရက်အမောဖောက်ပြီး သေဆုံးသွားခဲ့တဲ့ အိန္ဒိယနိုင်ငံသား Mr.Vinoo Gopal အသက် ၆၀ နှစ်ခန့်ရဲ့အလောင်းကို နိုဝင်ဘာ ၄ ရက်နေ့ည ၈ နာရီကျော်လောက်မှာ စစ်တွေကနေ ရန်ကုန်ကိုလေကြောင်းကနေတစ်ဆင့် ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

“သူတို့ကို မနေ့က မနက်ပိုင်းမှာ လွှတ်ပေးတယ်။ တစ်ဦးတော့ နှလုံံးရောဂါရှိတဲ့အတွက် အဲ့ဒီဖမ်းဆီးခံရလို့ တောင်ပေါ်ကိုခေါ်သွားချိန်မှာ အမောဖောက်ပြီး သေဆုံးသွားခဲ့တယ်။ အလောင်းကိုတော့ မနေ့က ညနေ ၈ နာရီကျော်မှာ ရန်ကုန်ကို ယူသွားပြီ။”လို့ ကုလားတန်စီမံကိန်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီအိန္ဒိယနိုင်ငံသားတွေဟာ ကုလားတန်စီမံကိန်းအတွင်းမှာ ပလက်ဝကနေ အိန္ဒိယနယ်စပ်ထိ ဖောက်လုပ်ဖို့ရှိနေတဲ့ ကုန်းလမ်းပိုင်းကို တာဝန်ယူဖောက်လုပ်ဖို့အတွက် လာရောက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအဖွဲ့ဟာ စစ်တွေမြို့ကို နိုဝင်ဘာ ၂ ရက်နေ့မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို အိန္ဒိယနိုင်ငံကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်တွေ #အေအေ #အိန္ဒိယနိုင်ငံသား

Related posts

Leave a Comment

VOM News

FREE
VIEW