အေျမႇာက္ဆံထိလို႔ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ

ေျမာက္ဦး၊ ႏိုဝင္ဘာ ၅-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အေရွ႕ဘက္၊ ေလးၿမိဳ႕ျမစ္ကမ္းနံေဘးေက်း႐ြာတစ္႐ြာျဖစ္တဲ့ ေက်ာင္းေတာင္ေက်း႐ြာမွာ ႏိုဝင္ဘာ၄ ရက္ေန႔ ေန႔လည္ပိုင္းက လက္နက္ႀကီး အေျမႇာက္က်ည္တစ္လုံး ေက်း႐ြာထဲက်ေရာက္ေပါက္ကြဲခဲ့ၿပီး အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

အဲ့ဒီလက္နက္ႀကီးက်ည္ဟာ ေျမာက္ဦးၿမိဳ႕ဘက္ကေန ပန္းေျမာင္းေက်း႐ြာအေရွ႕ဘက္ကို လွန္းပစ္ရာမွာ ေက်ာင္းေတာင္ေက်း႐ြာအတြင္းကို က်ေရာက္ ေပါက္ကြဲခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေဒၚမေထြးေလးရဲ႕ ေပါင္ကို က်ည္စထိမွန္ခဲ့တာျဖစ္တယ္လို႔ ႐ြာသားတစ္ဦးက ေျပာပါတယ္။

“ေန႔လည္ပိုင္း ၁၂ နာရီ ေက်ာ္ေလာက္မွာ ျဖစ္တာပါ။ လက္နက္ႀကီးက်ည္က အဲ့ဒီဒဏ္ရာရသြားတဲ့ မေထြးေလးတို႔ေနအိမ္ၿခံဝင္းအတြင္းမွာ က်တယ္။ ေပါက္ကြဲၿပီးေတာ့ ထမင္းစာဖို႔လုပ္ေနတဲ့ သူ႔ရဲ႕ေပါင္မွာ ေဖာက္ဝင္သြားတာေပါ့။”လို႔ အဲ့ဒီ႐ြာသားက ဆိုပါတယ္။

လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အရပ္သားထိခိုက္မႈနဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ကို ဆက္သြယ္ေမးျမန္းရာ “အဲ့ဒါေတာ့မသိဘူးဗ်။ အဲ့ဒီေက်ာင္းေတာင္႐ြာဘက္မွာ တိုက္ပြဲျဖစ္တာလည္းမရွိဘူး။ တပ္ေတြလည္းမရွိဘူး။”လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ဒဏ္ရာရရွိခဲ့တဲ့ မေထြးေလးကို ေက်ာင္းေတာင္ေက်း႐ြာနဲ႔ အနီးအနားက ပန္းေျမာင္းတိုက္နယ္ေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ၿပီး အဲ့ဒီကေနတစ္ဆင့္ ေျမာက္ဦးေဆး႐ုံကို ထပ္မံပို႔ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေျမာက္ဦး #လက္နက္ႀကီးက်

Unicode

အမြှောက်ဆံထိလို့ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြောက်ဦး၊ နိုဝင်ဘာ ၅-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အရှေ့ဘက်၊ လေးမြို့မြစ်ကမ်းနံဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ကျောင်းတောင်ကျေးရွာမှာ နိုဝင်ဘာ၄ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီး အမြှောက်ကျည်တစ်လုံး ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ မြောက်ဦးမြို့ဘက်ကနေ ပန်းမြောင်းကျေးရွာအရှေ့ဘက်ကို လှန်းပစ်ရာမှာ ကျောင်းတောင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ဒေါ်မထွေးလေးရဲ့ ပေါင်ကို ကျည်စထိမှန်ခဲ့တာဖြစ်တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

“နေ့လည်ပိုင်း ၁၂ နာရီ ကျော်လောက်မှာ ဖြစ်တာပါ။ လက်နက်ကြီးကျည်က အဲ့ဒီဒဏ်ရာရသွားတဲ့ မထွေးလေးတို့နေအိမ်ခြံဝင်းအတွင်းမှာ ကျတယ်။ ပေါက်ကွဲပြီးတော့ ထမင်းစာဖို့လုပ်နေတဲ့ သူ့ရဲ့ပေါင်မှာ ဖောက်ဝင်သွားတာပေါ့။”လို့ အဲ့ဒီရွာသားက ဆိုပါတယ်။

လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာ “အဲ့ဒါတော့မသိဘူးဗျ။ အဲ့ဒီကျောင်းတောင်ရွာဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ တပ်တွေလည်းမရှိဘူး။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ မထွေးလေးကို ကျောင်းတောင်ကျေးရွာနဲ့ အနီးအနားက ပန်းမြောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် မြောက်ဦးဆေးရုံကို ထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မြောက်ဦး #လက်နက်ကြီးကျ

Related posts

Leave a Comment

VOM News

FREE
VIEW