ထိုင္းေတာင္ပိုင္းမွာ ခြဲထြက္ေရးမြတ္စလင္သူပုန္ေတြ တိုက္ခိုက္မႈေၾကာင္႔ လူ ၁၅ ဦးေသဆံုး

ဘန္ေကာက္၊ နို၀င္ဘာ-၆-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္းနုိင္ငံေတာင္ပိုင္း မြတ္စလင္အမ်ားစုေနထိုင္ရာေဒသရိွ လံုျခံဳေရးစစ္ေဆးေရးဂိတ္တစ္ခုကို ခြဲထြက္ေရးသူပုန္ေတြ စီးနွင္းတိုက္ခိုက္ခဲ႔တာေၾကာင္႔ ရဲတပ္ဖြဲ႔ဝင္တစ္ဦးနဲ႔ ေက်းရြာလံုျခံဳေရး လုပ္အားေပးေတြ အပါအဝင္ လူ ၁၅ ဦးေသဆံုးခဲ႔တယ္လို႔ လံုျခဳံေရးတာဝန္ရိွသူေတြက နိုဝင္ဘာ ၆ ရက္မွာ ေျပာပါတယ္။

ခြဲထြက္ေရးမြတ္စလင္ သူပုန္ေတြေၾကာင္႔ လူေထာင္ေပါင္းမ်ားစြာေသဆံုးခဲ႔တဲ႔ အဲဒီေဒသမွာ ယခုနွစ္အတြင္း အဆိုးရြားဆံုး တိုက္ခိုက္မႈတစ္ခုလည္းျဖစ္ပါတယ္။

နိုဝင္ဘာ ၅ ရက္ညေနွာင္းပိုင္းမွာျဖစ္ပြားခဲ႔တဲ႔ တိုက္ခိုက္မႈျပီးေနာက္ ယာလာျပည္နယ္က တိုက္ခိုက္ေရးသမားေတြဟာ သူတို႔ကိုလိုက္လံရွာေဖြသူေတြကို ေနွာင္႔ေနွးေစဖုိ႔အတြက္ ေပါက္ကြဲေစတဲ႔ ပစၥည္းေတြနဲ႔ အသံုးျပဳခဲ႔သလို လမ္းေပၚမွာ သံမႈိေတြကိုပါခ်ထားခဲ႔ပါတယ္။

တိုက္ခိုက္မႈမွာ သူပုန္ေတြရဲ႕ လုပ္ရပ္ျဖစ္ေၾကာင္း ေဒသဆိုင္ရာလံုျခံဳေရးအဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူ ဗိုလ္မွဴးၾကီး ပရာေမာ႔ပရြမ္ကေျပာဆိုျပီး ဒါဟာ မၾကာေသးမီကာလေတြအတြင္း အၾကီးမားဆံုးတိုက္ခိုက္မႈတစ္ခုလို႔ ဆိုပါတယ္။

မေလးရွားမြတ္စလင္ အမ်ားစုေနထိုင္တဲ႔ ထိုင္းနိုင္ငံက ယာလာ၊ ပတ္တာနီနဲ႔ နာရာသီ၀ပ္ ျပည္နယ္ေတြမွာ ဆယ္စုနွစ္သက္တမ္းရိွျပီျဖစ္တဲ႔ ခြဲထြက္ေရးသူပုန္ေတြေၾကာင္႔ ၂၀၀၄ ခုနွစ္ေနာက္ပိုင္းမွာ လူ ၇၀၀၀ နီးပါးအထိ ေသဆံုးခဲ႔တယ္လို႔ အၾကမ္းဖက္မႈေတြကို ေစာင္႔ၾကည္႔ေလ႔လာေနတဲ႔ Deep South Watch အဖြဲ႔က ေျပာပါတယ္။

Ref & Photo : Reuters
#voiceofmyanmar #ဘန္ေကာက္ #ခြဲထြက္ေရးမြတ္စလင္

Unicode

ထိုင်းတောင်ပိုင်းမှာ ခွဲထွက်ရေးမွတ်စလင်သူပုန်တွေ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး

ဘန်ကောက်၊ နိုဝင်ဘာ-၆-၂၀၁၉
မျိုးဆက် (VOM)

ထိုင်းနိုင်ငံတောင်ပိုင်း မွတ်စလင်အများစုနေထိုင်ရာဒေသရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ခွဲထွက်ရေးသူပုန်တွေ စီးနှင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ကျေးရွာလုံခြုံရေး လုပ်အားပေးတွေ အပါအဝင် လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက နိုဝင်ဘာ ၆ ရက်မှာ ပြောပါတယ်။

ခွဲထွက်ရေးမွတ်စလင် သူပုန်တွေကြောင့် လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ အဲဒီဒေသမှာ ယခုနှစ်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက်ညနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုပြီးနောက် ယာလာပြည်နယ်က တိုက်ခိုက်ရေးသမားတွေဟာ သူတို့ကိုလိုက်လံရှာဖွေသူတွေကို နှောင့်နှေးစေဖို့အတွက် ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ အသုံးပြုခဲ့သလို လမ်းပေါ်မှာ သံမှိုတွေကိုပါချထားခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ သူပုန်တွေရဲ့ လုပ်ရပ်ဖြစ်ကြောင်း ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပရာမော့ပရွမ်ကပြောဆိုပြီး ဒါဟာ မကြာသေးမီကာလတွေအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုလို့ ဆိုပါတယ်။

မလေးရှားမွတ်စလင် အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံက ယာလာ၊ ပတ်တာနီနဲ့ နာရာသီဝပ် ပြည်နယ်တွေမှာ ဆယ်စုနှစ်သက်တမ်းရှိပြီဖြစ်တဲ့ ခွဲထွက်ရေးသူပုန်တွေကြောင့် ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ လူ ၇၀၀၀ နီးပါးအထိ သေဆုံးခဲ့တယ်လို့ အကြမ်းဖက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Deep South Watch အဖွဲ့က ပြောပါတယ်။

Ref & Photo : Reuters
#voiceofmyanmar #ဘန်ကောက် #ခွဲထွက်ရေးမွတ်စလင်

Related posts

Leave a Comment

VOM News

FREE
VIEW