ေအေအက လႊတ္ေပးလိုက္သူေတြကို ႏွစ္ရက္ေျမာက္စစ္ေဆး မိသားစုေတြစိုးရိမ္

#Buthitaung

Zawgyi

ဘူးသီးေတာင္၊ ႏုိဝင္ဘာ ၆-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ေရႊနဒီအျမန္ေရယာဥ္ေပၚကေန ေအေအတပ္ဖြဲ႔က ဖမ္းဆီးသြားခဲ့သူေတြထဲက အရပ္သားေတြနဲ႔ ဝန္ထမ္းေတြအပါအဝင္ ၂၅ ဦးကို ႏုိဝင္ဘာ ၅ ရက္ေန႔မနက္ပိုင္းကျပန္လည္လႊတ္ေပးလိုက္ၿပီး အဲ့ဒီလူေတြကို ဘူးသီးေတာင္ၿမိဳ႕နယ္ နယ္ျခားေစာင့္တပ္ဖြဲ႔ခြဲ နခခ ၃ မွာ ဒုတိယေန႔အျဖစ္ စစ္ေဆးမႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

ျပန္လည္လြတ္ေျမာက္လာခဲ့သူေတြကို ရဲတပ္ဖြဲ႔က စစ္ေဆးမႈေခၚယူခဲ့တာျဖစ္ၿပီး မေန႔က ဘူးသီးေတာင္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ခ်ိန္ကေန ဒီေန႔အထိ စစ္ေဆးမႈေတြ ျပဳလုပ္ေနတာျဖစ္ၿပီး မိသာစုေတြနဲ႔လည္း ေတြ႔ဆံုခြင့္မရရွိတာေၾကာင့္စိုးရိမ္မႈေတြ ရွိေနၾကတာျဖစ္ပါတယ္။

“သူတုိ႔ကို မေန႔က ၂ နာခြဲေလာက္ကေန စၿပီးေတာ့စစ္ေနတာပါ။ နယ္ျခားေစာင့္တပ္ဖြဲ႔မွာစစ္ေနတာပါ။ ဘယ္လိုေတြစစ္ေဆးေနလဲ ဘာေၾကာင့္စစ္ေဆးတာလဲဆိုတာကို မသိရဘူး။ ေတြ႔ခြင့္လည္းမရဘူး။ ကၽြန္မတုိ႔လည္း အျပင္ကေနေစာင့္ေနတာပါ။ စိုးရိမ္တာေပါ့။ ဘာေတြထပ္ျဖစ္လာမလဲဆိုတာကို”လို႔ စစ္ေဆးခံေနရတဲ့အထဲမွာပါဝင္တဲ့ ဦးသိန္းေက်ာ္ရဲ႕ အစ္မျဖစ္သူ ေဒၚႏုစိန္ကေျပာပါတယ္။

သူတုိ႔ကို မေန႔ကစစ္ေဆးရာမွာ ကြဲလြဲမႈတခ်ိဳ႕ရွိေနတဲ့အတြက္ ဒီကေန႔မွာ ထပ္ၿပီးေတာ့ စစ္ေဆးမႈေတြ ျပဳလုပ္ေနတာျဖစ္တယ္လို႔သိရေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္ အမ်ိဳသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေက်ာ္ဇံကေျပာပါတယ္။

“သူတို႔ကို ေခၚယူစစ္ေဆးတာက ၿမိဳကနယ္ရဲတပ္ဖြဲ႔မွဴးကေျပာတယ္။ ဖမ္းတာမဟုတ္ဘူး။ ေရႊနဒီအဖမ္းခံရတ့ဲအတြက္ ရေသ့ေတာင္ရဲစခန္းမွာ အမႈဖြင့္ထားတယ္။ ဒါေၾကာင့္ သူတုိ႔ကို သက္ေသအျဖစ္စစ္ေဆးေနတာျဖစ္တယ္လို႔ ေျပာတယ္။”လို႔ ဦးေမာင္ေက်ာ္ဇံကေျပာပါတယ္။
ျပန္လည္လြတ္ေျမာက္လာသူေတြကို အခုလိုမ်ိဳး မိသားစုေတြနဲ႔ ေတြ႔ခြင့္မရရွိဘဲ အခ်ိန္အၾကာႀကီး စစ္ေဆးေနတာဟာ မလုပ္သင့္ေၾကာင္းနဲ႔ လိုအပ္လို႔ရွိရင္လည္း တျခားနည္းလမ္းေတြနဲ႔ ေခၚယူစစ္ေဆးလို႔ရႏုိင္တယ္လို႔ သူကဆိုပါတယ္။

#voiceofmyanmar #ဘူးသီးေတာင္ #ေအေအဖမ္းဆီးသူေတြစစ္ေဆး

Unicode

အေအေက လွှတ်ပေးလိုက်သူတွေကို နှစ်ရက်မြောက်စစ်ဆေး မိသားစုတွေစိုးရိမ်

ဘူးသီးတောင်၊ နိုဝင်ဘာ ၆-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ရွှေနဒီအမြန်ရေယာဉ်ပေါ်ကနေ အေအေတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သူတွေထဲက အရပ်သားတွေနဲ့ ဝန်ထမ်းတွေအပါအဝင် ၂၅ ဦးကို နိုဝင်ဘာ ၅ ရက်နေ့မနက်ပိုင်းကပြန်လည်လွှတ်ပေးလိုက်ပြီး အဲ့ဒီလူတွေကို ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၃ မှာ ဒုတိယနေ့အဖြစ် စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာခဲ့သူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးမှုခေါ်ယူခဲ့တာဖြစ်ပြီး မနေ့က ဘူးသီးတောင်မြို့ကို ရောက်ရှိလာခဲ့ချိန်ကနေ ဒီနေ့အထိ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး မိသာစုတွေနဲ့လည်း တွေ့ဆုံခွင့်မရရှိတာကြောင့်စိုးရိမ်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။

“သူတို့ကို မနေ့က ၂ နာခွဲလောက်ကနေ စပြီးတော့စစ်နေတာပါ။ နယ်ခြားစောင့်တပ်ဖွဲ့မှာစစ်နေတာပါ။ ဘယ်လိုတွေစစ်ဆေးနေလဲ ဘာကြောင့်စစ်ဆေးတာလဲဆိုတာကို မသိရဘူး။ တွေ့ခွင့်လည်းမရဘူး။ ကျွန်မတို့လည်း အပြင်ကနေစောင့်နေတာပါ။ စိုးရိမ်တာပေါ့။ ဘာတွေထပ်ဖြစ်လာမလဲဆိုတာကို”လို့ စစ်ဆေးခံနေရတဲ့အထဲမှာပါဝင်တဲ့ ဦးသိန်းကျော်ရဲ့ အစ်မဖြစ်သူ ဒေါ်နုစိန်ကပြောပါတယ်။

သူတို့ကို မနေ့ကစစ်ဆေးရာမှာ ကွဲလွဲမှုတချို့ရှိနေတဲ့အတွက် ဒီကနေ့မှာ ထပ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့သိရကြောင်း ဘူးသီးတောင်မြို့နယ် အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကပြောပါတယ်။

“သူတို့ကို ခေါ်ယူစစ်ဆေးတာက မြိုကနယ်ရဲတပ်ဖွဲ့မှူးကပြောတယ်။ ဖမ်းတာမဟုတ်ဘူး။ ရွှေနဒီအဖမ်းခံရတဲ့အတွက် ရသေ့တောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဒါကြောင့် သူတို့ကို သက်သေအဖြစ်စစ်ဆေးနေတာဖြစ်တယ်လို့ ပြောတယ်။”လို့ ဦးမောင်ကျော်ဇံကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေကို အခုလိုမျိုး မိသားစုတွေနဲ့ တွေ့ခွင့်မရရှိဘဲ အချိန်အကြာကြီး စစ်ဆေးနေတာဟာ မလုပ်သင့်ကြောင်းနဲ့ လိုအပ်လို့ရှိရင်လည်း တခြားနည်းလမ်းတွေနဲ့ ခေါ်ယူစစ်ဆေးလို့ရနိုင်တယ်လို့ သူကဆိုပါတယ်။

#voiceofmyanmar #ဘူးသီးတောင် #အေအေဖမ်းဆီးသူတွေစစ်ဆေး

Related posts

Leave a Comment

VOM News

FREE
VIEW