အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ထိုင္းကဖမ္းလာၿပီး တာခ်ီလိတ္ကေန မႏၱေလးကိုပို႔

တာခ်ီလိတ္၊ ႏိုဝင္ဘာ ၆-၂၀၁၉
ဇင္လတ္(ေရႊႀတိဂံ)

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ အလိုရွိေနတဲ့ တရားခံေျပးအျဖစ္ေၾကညာထားၿပီးထိုင္းႏိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ဘက္မွ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွတဆင့္ တာခ်ီလိတ္ၿမိဳ႕ ႏိုဝင္ဘာလ (၆)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၁၅)မိနစ္မွာ ေခၚေဆာင္သြားတာျဖစ္ပါတယ္။

အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ ကို ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ဘက္မွ Alphad ယာဥ္(၂)စီးနဲ႔ေန႔လယ္ (၁၂)နာရီ (၁၅)မိနစ္မွာ ျမန္မာ – ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၂) ဘက္ကို ေရာက္ရွိလာၿပီး ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ဘက္မွ အသင့္ေစာင့္ေနတဲ့ ရဲကားမ်ားလည္း အတူလိုက္ပါသြားတာျဖစ္ေၾကာင္းနဲ႔ ၿမိဳ႕တြင္းရွိ လမ္းမေပၚမွာလည္း ရဲတပ္ဖြဲ႕ဝင္မ်ားက လုံၿခဳံေရးေစာင့္ေနၾကတာကိုလည္း ေတြ႕ျမင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံအလိုရွိေနတဲ့ အသက္(၅၀) ေလာက္ရွိတဲ့ တရားခံ စိုးထြန္းရွိန္ ကို ဒီကေန႔ နံနက္ပိုင္းက ျမန္မာႏိုင္ငံဘက္ကို ပို႔လိုက္ေၾကာင္း၊ သူကိုေခၚေဆာင္လာခ်ိန္မွာ ထိုင္းႏိုင္ငံမွ သတင္းသမားမ်ားလည္း ဓါတ္ပုံ႐ိုက္ခြင့္မရေၾကာင္း၊ အရင္လိုတရားခံကို တံတားေပၚမွာမလႊဲပဲ ထိုင္းႏိုင္ငံဘက္႐ုံးမွာ လႊဲေပးေၾကာင္း၊ ဟိုရက္က ျမန္မာရဲတပ္ဖြဲ႕မွ အႀကီးအကဲမ်ားကလာေရာက္အကူအညီေတာင္းထားေၾကာင္းကို ထိုင္းႏိုင္ငံဘက္သတင္းေထာက္တစ္ဦးက Facebook ေပၚမွာ ေရးထားတာ ေတြ႕ရပါတယ္။

အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ မွာ သူ၏ကုမၸဏီျဖစ္တဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီက မႏၲေလးတိုင္း၊ ရမည္းသင္းၿမိဳ႕နယ္ရွိ ဧက (၆၀၀၀) ေက်ာ္တြင္ ေ႐ႊလုပ္ကြက္ေဆာင္႐ြက္ခဲ့ေသာ္လည္း ႏိုင္ငံေတာ္ကို ေပးသြင္းရမယ့္ သတ္မွတ္ေ႐ႊပိႆာမ်ား မေပးေဆာင္တဲ့အျပင္ ေ႐ႊတူးေဖာ္မႈကို တရားမဝင္ဆက္လက္လုပ္ကိုင္ေနလို႔ သတၱဳတြင္းဥပေဒအျပင္ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈတို႔နဲ႔ အမႈဖြင့္ထားေၾကာင္းနဲ႔ ၂၀၁၉ခုႏွစ္ မတ္လက မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕မရဲစခန္း(ပ) ၆၁/၂၀၁၈၊ ျမန္မာ့သတၱဳတြင္းဥပေဒပုဒ္မ ၃၀(က)/က်င့္ ၅၁၂ အမႈမွ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ တရားခံေျပးမ်ားျဖစ္တဲ့ စိုးထြန္းရွိန္၊ ညီညီလြင္၊ ခင္ေဇာ္၊ မင္းမင္းစိုးႏွင့္ ေစာေမာင္တို႔ကို ေတြ႕ရွိပါက နီးစပ္ရာ ရဲစခန္းမ်ားကို ဆက္သြယ္ အေၾကာင္းၾကားေပးၾကရန္ ေၾကညာထားေၾကာင္း၊ Myanmar Now သတင္းဌာနက ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ (၁၄)ရက္ေန႔က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က တရားခံေျပးအျဖစ္ ေၾကညာထားတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရးကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ ကိုထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ သုဝဏၰဘူမိေလဆိပ္မွာ ေတြ႕ရေၾကာင္း ေဖာ္ျပၿပီးေနာက္သူကိုရွာေဖြဖမ္းဆီးရန္ ျမန္မာရဲတပ္ဖြဲ႕ ထိပ္ပိုင္းအရာရွိမ်ားက ထိုင္းႏိုင္ငံကို သြားမယ္လို႔ သမၼတ႐ုံး ေျပာခြင့္ရအရာရွိက ေျပာၾကားထားေၾကာင္း သိရပါတယ္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ အလိုရွိေနတဲ့ တရားခံေျပးအျဖစ္ေၾကညာထားၿပီးထိုင္းနိုင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ေနတဲ့ အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ထိုင္းနိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕ဘက္မွ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရးတံတား အမွတ္(၂)မွတဆင့္ တာခ်ီလိတ္ၿမိဳ႕ နိုဝင္ဘာလ (၆)ရက္ေန႕ ေန႕လယ္ (၁၂)နာရီ (၁၅)မိနစ္မွာ ေရာက္ရွိၿပီး တာခ်ီလိတ္ေလဆိပ္မွ မြန္းလြဲ (၂)နာရီ (၃၅)မိနစ္မွာ အဲစ္သံလြင္ ေလယာဥ္ျဖင့္ မႏၱေလးကို ထြက္ခြာသြားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ေရႊႀတိဂံေဒသသတင္းလႊာ #ဦးစိုးထြန္းရိွန္

Unicode

အမ်ိဳးသားႀကီးပြားတိုးတက္ေရး ကုမၸဏီပိုင္ရွင္ ဦးစိုးထြန္းရွိန္ကို ထိုင္းကဖမ္းလာၿပီး တာခ်ီလိတ္ကေန မႏၱေလးကိုပို႔

တာချီလိတ်၊ နိုဝင်ဘာ ၆-၂၀၁၉
ဇင်လတ်(ရွှေတြိဂံ)

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေတဲ့ တရားခံပြေးအဖြစ်ကြေညာထားပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် တာချီလိတ်မြို့ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ Alphad ယာဉ်(၂)စီးနဲ့နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂) ဘက်ကို ရောက်ရှိလာပြီး မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်မှ အသင့်စောင့်နေတဲ့ ရဲကားများလည်း အတူလိုက်ပါသွားတာဖြစ်ကြောင်းနဲ့ မြို့တွင်းရှိ လမ်းမပေါ်မှာလည်း ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးစောင့်နေကြတာကိုလည်း တွေ့မြင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအလိုရှိနေတဲ့ အသက်(၅၀) လောက်ရှိတဲ့ တရားခံ စိုးထွန်းရှိန် ကို ဒီကနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဘက်ကို ပို့လိုက်ကြောင်း၊ သူကိုခေါ်ဆောင်လာချိန်မှာ ထိုင်းနိုင်ငံမှ သတင်းသမားများလည်း ဓါတ်ပုံရိုက်ခွင့်မရကြောင်း၊ အရင်လိုတရားခံကို တံတားပေါ်မှာမလွှဲပဲ ထိုင်းနိုင်ငံဘက်ရုံးမှာ လွှဲပေးကြောင်း၊ ဟိုရက်က မြန်မာရဲတပ်ဖွဲ့မှ အကြီးအကဲများကလာရောက်အကူအညီတောင်းထားကြောင်းကို ထိုင်းနိုင်ငံဘက်သတင်းထောက်တစ်ဦးက Facebook ပေါ်မှာ ရေးထားတာ တွေ့ရပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် မှာ သူ၏ကုမ္ပဏီဖြစ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်ကို ပေးသွင်းရမယ့် သတ်မှတ်ရွှေပိဿာများ မပေးဆောင်တဲ့အပြင် ရွှေတူးဖော်မှုကို တရားမဝင်ဆက်လက်လုပ်ကိုင်နေလို့ သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့နဲ့ အမှုဖွင့်ထားကြောင်းနဲ့ ၂၀၁၉ခုနှစ် မတ်လက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးများဖြစ်တဲ့ စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့ကို တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများကို ဆက်သွယ် အကြောင်းကြားပေးကြရန် ကြေညာထားကြောင်း၊ Myanmar Now သတင်းဌာနက ၂၀၁၉ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကိုထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာ တွေ့ရကြောင်း ဖော်ပြပြီးနောက်သူကိုရှာဖွေဖမ်းဆီးရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများက ထိုင်းနိုင်ငံကို သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရအရာရှိက ပြောကြားထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေတဲ့ တရားခံပြေးအဖြစ်ကြေညာထားပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် တာချီလိတ်မြို့ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ ရောက်ရှိပြီး တာချီလိတ်လေဆိပ်မှ မွန်းလွဲ (၂)နာရီ (၃၅)မိနစ်မှာ အဲစ်သံလွင် လေယာဥ်ဖြင့် မန္တလေးကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရွှေတြိဂံဒေသသတင်းလွှာ #ဦးစိုးထွန်းရှိန်

Related posts

Leave a Comment

VOM News

FREE
VIEW