ဦးထြန္းလြင္လို ပညာရွင္မ်ိဳးမ်ားေပမယ့္ ဦးထြန္းလြင္လို စိတ္ဓာတ္မ်ိဳးရွားတယ္

ဦးထြန္းလြင္လို ပညာရွင္မ်ိဳးမ်ားေပမယ့္ ဦးထြန္းလြင္လို စိတ္ဓာတ္မ်ိဳးရွားတယ္

ရန္ကုန္၊ ႏိုဝင္ဘာ ၇ ရက္၊ ၂၀၁၉
ေအာင္ထူးႏိုင္(VOM)

မိုးေလဝသပညာရွင္ ဦးထြန္းလြင္ရဲ႕ နာေရးအခမ္းအနားကို မေန႔က ရန္ကုန္ၿမိဳ႕ရွိ ေရေဝးသုသာန္မွာ ျပဳလုပ္ခဲ့ပါတယ္။ အဲဒီနာေရးအခမ္းအနားကို တက္ေရာက္လာတဲ့ ျပည္သူ႔ပါတီ ဒုတိယဥကၠ႒ ဦးမင္းေဇယ်က ဦးထြန္းလြင္လို ပညာရွင္မ်ိဳး မ်ားေပမယ့္ ဦးထြန္းလြင္လို စိတ္ဓာတ္မ်ိဳးရွားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဆရာႀကီးတို႔လို ပညာရွင္ေတြေတာ့ ေတာ္ေတာ္မ်ားမ်ားရွိေကာင္းရွိမွာပါ။ ဒါေပမဲ့ ဆရာႀကီးတို႔လို စိတ္ဓာတ္မ်ိဳးကို ေျပာခ်င္တာ။ ပညာရွင္ေတြမ်ားမယ္၊ စိတ္ဓာတ္ကေတာ့ ေလာေလာဆယ္ သိသေလာက္ကေတာ့ ေတာ္ေတာ္ရွားမယ္။ ဘာလို႔လည္းဆိုေတာ့ ပညာရွင္ေတြဟာ ဘယ္လိုလူေတြကို ဘယ္လိုအက်ိဳးျပဳရမလဲ။ ႏိုင္ငံကို ဘယ္လိုအက်ိဳးျပဳရမလဲဆိုတာ ေတြးၿပီး အက်ိဳးျပဳလုပ္ငန္းထဲမွာ ႏွစ္ျမဳပ္တာ၊ အဲဒါက တန္ဖိုး၊ ဆရာႀကီးဆုံးသြားေတာ့ အဲဒီတန္ဖိုးေတြကို ပိုႏွေျမာမိသလို ပိုလည္းတန္ဖိုးထားမိပါတယ္။ ဒါေၾကာင့္လည္း ဆရာႀကီး ကြယ္လြန္ျခင္း မကြယ္လြန္ျခင္းဟာ တစ္က႑၊ ျပည္သူေတြရဲ႕ရင္ထဲမွာေတာ့ ဆရာႀကီးဟာ ထာဝရကိန္းေအာင္းေနမယ္လို႔ ခံယူပါတယ္”

ဆရာႀကီးဦးထြန္းလြင္ကို ဆုံးရႈံးလိုက္ရတာဟာ ျပည္သူေတြအတြက္ နစ္နာတယ္လို႔ နယ္ပယ္အသီးသီးက ပညာရွင္ေတြက ေျပာပါတယ္။ ဆရာႀကီးဦးထြန္းလြင္ရဲ႕ စိတ္ဓာတ္နဲ႔ပတ္သက္လို႔ ျမန္မာႏိုင္ငံကာတြန္းဆရာမ်ားအသင္းဥကၠ႒ ဆရာေအာ္ပီက်ယ္က အခုလို မွတ္ခ်က္ျပဳေျပာဆိုပါတယ္။

“အဓိကေတာ့ ပညာရွင္ဆုံးရႈံးတာထက္ သူ႔ရဲ႕ေစတနာႏွလုံးသား၊ အဲဒီ ေစတနာႏွလုံးသားပညာရွင္က ရွားေနတာ။ ပညာကလည္း ႏိုင္ငံတကာဘြဲ႕ႀကီးယူၿပီး ကိုယ့္တိုင္းျပည္အတြက္ကို အၿမဲတမ္းျပန္အလုပ္အေကြၽး ျပဳႏိုင္ဖို႔၊ ျပည္သူနဲ႔တစ္သားတည္းျဖစ္ၿပီး အဲဒီလိုပညာနဲ႔ ျပည္သူ႔ေရွ႕က မားမားမတ္မတ္ရပ္တည္ေပးသူေတြက ရွားေနတာ”

ဆရာႀကီးဦးထြန္းလြင္ရဲ႕ နာေရးအခမ္းအနားကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က လြမ္းသူပန္းျခင္း ေပးပို႔ခဲ့ပါတယ္။ ဒါ့အျပင္ ထင္ရွားေက်ာ္ၾကားတဲ့ ဆရာေတာ္မ်ားအပါအဝင္ ဆရာႀကီးဦးထြန္းလြင္ကို ခ်စ္ခင္ေလးစားၾကတဲ့ လူပုဂၢိဳလ္တစ္ေထာင္ေက်ာ္ တက္ေရာက္ခဲ့ၾကပါတယ္။

#voiceofmyanmar #ဦးထြန္းလြင္ရဲ႕စ်ာပန #ဦးထြန္းလြင္

Unicode

ဦးထွန်းလွင်လို ပညာရှင်မျိုးများပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်၊ ၂၀၁၉
အောင်ထူးနိုင်(VOM)

မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ နာရေးအခမ်းအနားကို မနေ့က ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနာရေးအခမ်းအနားကို တက်ရောက်လာတဲ့ ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ဦးထွန်းလွင်လို ပညာရှင်မျိုး များပေမယ့် ဦးထွန်းလွင်လို စိတ်ဓာတ်မျိုးရှားတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဆရာကြီးတို့လို ပညာရှင်တွေတော့ တော်တော်များများရှိကောင်းရှိမှာပါ။ ဒါပေမဲ့ ဆရာကြီးတို့လို စိတ်ဓာတ်မျိုးကို ပြောချင်တာ။ ပညာရှင်တွေများမယ်၊ စိတ်ဓာတ်ကတော့ လောလောဆယ် သိသလောက်ကတော့ တော်တော်ရှားမယ်။ ဘာလို့လည်းဆိုတော့ ပညာရှင်တွေဟာ ဘယ်လိုလူတွေကို ဘယ်လိုအကျိုးပြုရမလဲ။ နိုင်ငံကို ဘယ်လိုအကျိုးပြုရမလဲဆိုတာ တွေးပြီး အကျိုးပြုလုပ်ငန်းထဲမှာ နှစ်မြုပ်တာ၊ အဲဒါက တန်ဖိုး၊ ဆရာကြီးဆုံးသွားတော့ အဲဒီတန်ဖိုးတွေကို ပိုနှမြောမိသလို ပိုလည်းတန်ဖိုးထားမိပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ကွယ်လွန်ခြင်း မကွယ်လွန်ခြင်းဟာ တစ်ကဏ္ဍ၊ ပြည်သူတွေရဲ့ရင်ထဲမှာတော့ ဆရာကြီးဟာ ထာဝရကိန်းအောင်းနေမယ်လို့ ခံယူပါတယ်”

ဆရာကြီးဦးထွန်းလွင်ကို ဆုံးရှုံးလိုက်ရတာဟာ ပြည်သူတွေအတွက် နစ်နာတယ်လို့ နယ်ပယ်အသီးသီးက ပညာရှင်တွေက ပြောပါတယ်။ ဆရာကြီးဦးထွန်းလွင်ရဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်းဥက္ကဋ္ဌ ဆရာအော်ပီကျယ်က အခုလို မှတ်ချက်ပြုပြောဆိုပါတယ်။

“အဓိကတော့ ပညာရှင်ဆုံးရှုံးတာထက် သူ့ရဲ့စေတနာနှလုံးသား၊ အဲဒီ စေတနာနှလုံးသားပညာရှင်က ရှားနေတာ။ ပညာကလည်း နိုင်ငံတကာဘွဲ့ကြီးယူပြီး ကိုယ့်တိုင်းပြည်အတွက်ကို အမြဲတမ်းပြန်အလုပ်အကျွေး ပြုနိုင်ဖို့၊ ပြည်သူနဲ့တစ်သားတည်းဖြစ်ပြီး အဲဒီလိုပညာနဲ့ ပြည်သူ့ရှေ့က မားမားမတ်မတ်ရပ်တည်ပေးသူတွေက ရှားနေတာ”

ဆရာကြီးဦးထွန်းလွင်ရဲ့ နာရေးအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လွမ်းသူပန်းခြင်း ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ထင်ရှားကျော်ကြားတဲ့ ဆရာတော်များအပါအဝင် ဆရာကြီးဦးထွန်းလွင်ကို ချစ်ခင်လေးစားကြတဲ့ လူပုဂ္ဂိုလ်တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။

#voiceofmyanmar #ဦးထွန်းလွင်ရဲ့ဈာပန #ဦးထွန်းလွင်

Related posts

Leave a Comment

VOM News

FREE
VIEW