၂၀၂၀မွာ ဇဲြကပင္ေတာင္ေပၚကို ေကဘယ္ကားစီးျပီး ၄ မိနစ္နဲ႕တက္ေရာက္နိုင္ေတာ့မယ္

ရန္ကုန္ နိုဝင္ဘာ ၇-၂၀၁၉
သိဂီ ၤ(VOM)

ကရင္ျပည္နယ္၊ ဇဲြကပင္ေတာင္မွာျပဳလုပ္ေနတဲ့ ေကဘယ္ကား စီမံကိန္းဟာ (၈၀)ရာခိုင္နႈန္းျပီးစီးေနတဲ့အတြက္ လာမယ့္ႏွစ္ေမလမွာ ေကဘယ္ကားစီးျပီး ဇြဲကပင္ေတာင္ေပၚကို ႀကာခ်ိန္ ၄ မိနစ္နဲ႕ တက္ေရာက္နိုင္မွာျဖစ္တယ္လို႕ ေကဘယ္လ္ကားစခန္းကို တာဝန္ယူတည္ေဆာက္ေနတဲ႕ ဇြဲကပင္ေျမႏွင့္ ေကဘယ္လ္ကား ဖြ႕ံၿဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္ကေန သိရပါတယ္။

ေကဘယ္ကားစီမံကိန္းကို ဆိုင္းတြဲ ၂ တြဲနဲ႕စတင္မွာျဖစ္ျပီး တစ္တြဲကို လူ အေယာက္ ၅၀ လိုက္ပါစီးနင္းနိုင္ကာ စီးနင္းခကို အသြားအျပန္အတြက္ ျမန္မာက်ပ္ေငြ ၁၀၀၀၀ က်ပ္ က်သင့္မယ္လို႔ သိရပါတယ္။

” ေကဘယ္လ္ကား တစ္စီးဆင္း တစ္စီးတက္ စနစ္ျဖစ္တယ္ ေအာ္တိုေပါ့။ အဆင္းမွာေတာ့ ျကိဳးရဲ႕ ပြတ္တိုက္မႈကေန လ်ပ္စစ္ ျပန္ထြက္မယ့္ စနစ္ေတြလည္း ပါမယ္ enegry save ျဖစ္တာေပါ႕။ အေစာဆုံးျပီးမယ္ဆိုရင္ မတ္လ ပိုင္းေလာက္ျဖစ္မယ္ ေနာက္က်ရင္ ေမလ အျပီးေပါ့။eco-tourism လည္းျဖစ္လို႕ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈ ပ်က္စီးမႈမရွိေအာင္ လုပ္ပါတယ္။ ” လို႕ ဇြဲကပင္ေျမႏွင့္ ေကဘယ္လ္ကား ဖြ႕ံၿဖိဳးတိုးတက္ေရးကုမၸဏီလီမိတက္ရဲ႕ Chief Executive Officer ျဖစ္သူ ဦးဗညားေဇာ္က ေျပာပါတယ္။

ဒီ ေကဘယ္ကား စီမံကိန္းက ဇြဲကပင္ေတာင္ေပၚနဲ႕ ေတာင္ေျခကို ဆက္သြယ္ထားျခင္းျဖစ္ၿပီး ဘားအံၿမိဳ႕ထဲကေန လာမယ့္သူေတြအတြက္ အခ်ိန္ ၁၅ မိနစ္သာျကာျမင့္မယ္လို႔လည္း သိရပါတယ္။

” ေတာင္ကို အေရွ႕ဘက္ကဆို ေလွကားထစ္ေပါင္း ၃ ေထာင္ေက်ာ္တက္ရတယ္။ လူျကိးဆို ၄ နာရီေလာက္ျကာနိုင္တယ္။လူငယ္ဆို ၁ နာရီ ခြဲေလာက္ႀကာမယ္။ဒီကုမၸဏီက နိုင္ငံေပါင္း ၉၀ ေက်ာ္မွာ ေကဘယ္ေပါင္း ၁၅၀၀၀ ေက်ာ္လုပ္ခဲ႕တယ္ ။ေနာက္ျပီး ကမ႓ာနိုင္ငံေတြမွာ ဓာတ္ေလွကားပထမဆုံးထုတ္လုပ္တဲ႕ကုမၸဏီလည္းျဖစ္တယ္။စက္ယႏၱရားေတြကို လည္း ဆြစ္ဇာလန္က အကုန္တင္သြင္းပါတယ္။MIC ကိုလည္း အင္ဗက္စမန့္တင္ထားပါတယ္။လွ်ပ္စစ္မီးကို ဘားအံဓာတ္အားခြဲစက္ရုံကေန ဆြဲဖို့ ပါမစ္က်ထားပါျပီ။” လို႔ ဦးဗညားေဇာ္က ေျပာပါတယ္။

ဇြဲကပင္ေတာင္ ေကဘယ္လ္ကားစီမံကိန္းဟာ ျမန္မာနိုင္ငံမွာ ၾကားတာဝါတိုင္မပါဘဲ ပထမအႀကီးဆံုး တည္ေဆာက္တဲ႕ စီမံကိန္းျဖစ္ၿပီး အရွည္က ၁၅၀၀ မီတာေက်ာ္ အျမင့္က မီတာ၇၀၀ေက်ာ္ျမင့္ကာ ဇြဲကပင္ေတာင္ေပၚကို ေျခလ်င္တက္မယ္ဆိုရင္ အနည္းဆုံးအခ်ိန္၂ နာရီေက်ာ္ ကေန ၄ နာရီအထိ ႀကာျမင့္နိုင္ပါတယ္။

” ၄ မိနစ္ဆိုတာ အရမ္းေတာ့ျမန္တယ္။သူတို႔တကယ္ စတင္မယ္အခ်ိန္က်မွ ေသခ်ာသိရမယ္။ အမတို႔ကေတာ့ သိပ္မစီးရဲဘူး ” လိ႔ု ဇြဲကပင္ေတာင္ကိုလာေရာက္တဲ့ ဘုရားဖူးျပည္သူတစ္ဦးျဖစ္သူ ေဒၚမ်ိဳးမ်ိဳးေထြးကေျပာပါတယ္။

ေကဘယ္လ္ကား စီမံကိန္းေႀကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမရွိေအာင္ ကားပါကင္ေနရာအတြက္ကို လိုအပ္တဲ႕ သစ္ပင္အေရအတြက္ အနည္းငယ္ကိုသာ ခုတ္ျပီး သဘာဝျဖစ္တည္မႈအေပၚလိုက္ျပီး ေဆာင္ရြက္မယ္လို႔ သိရပါတယ္။

ေကဘယ္လ္ကား စီမံကိန္းကို ၂၀၁၇ခုႏွစ္ ေမလမွာ စတင္ခဲ့ကာ တည္ေဆာက္ေရးကာလကို ၃ ႏွစ္ယူထားျခင္းျဖစ္ၿပီး စီမံကိန္းအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏအေနနဲ႔ အေမရိကန္ေဒၚလာ ၁၂ သန္းခြဲရွယ္ယာပါဝင္ထားတဲ႕ ကုမၸဏီ ေလးခုရွိတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ဇြဲကပင္ေတာင္ #ေကဘယ္လ္ကား

Unicode

၂၀၂၀မှာ ဇွဲကပင်တောင်ပေါ်ကို ကေဘယ်ကားစီးပြီး ၄ မိနစ်နဲ့တက်ရောက်နိုင်တော့မယ်

ရန်ကုန် နိုဝင်ဘာ ၇-၂၀၁၉
သိဂီ ၤ(VOM)

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်မှာပြုလုပ်နေတဲ့ ကေဘယ်ကား စီမံကိန်းဟာ (၈၀)ရာခိုင်နှုန်းပြီးစီးနေတဲ့အတွက် လာမယ့်နှစ်မေလမှာ ကေဘယ်ကားစီးပြီး ဇွဲကပင်တောင်ပေါ်ကို ကြာချိန် ၄ မိနစ်နဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ ကေဘယ်လ်ကားစခန်းကို တာဝန်ယူတည်ဆောက်နေတဲ့ ဇွဲကပင်မြေနှင့် ကေဘယ်လ်ကား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။

ကေဘယ်ကားစီမံကိန်းကို ဆိုင်းတွဲ ၂ တွဲနဲ့စတင်မှာဖြစ်ပြီး တစ်တွဲကို လူ အယောက် ၅၀ လိုက်ပါစီးနင်းနိုင်ကာ စီးနင်းခကို အသွားအပြန်အတွက် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။

” ကေဘယ်လ်ကား တစ်စီးဆင်း တစ်စီးတက် စနစ်ဖြစ်တယ် အော်တိုပေါ့။ အဆင်းမှာတော့ ကြိုးရဲ့ ပွတ်တိုက်မှုကနေ လျပ်စစ် ပြန်ထွက်မယ့် စနစ်တွေလည်း ပါမယ် enegry save ဖြစ်တာပေါ့။ အစောဆုံးပြီးမယ်ဆိုရင် မတ်လ ပိုင်းလောက်ဖြစ်မယ် နောက်ကျရင် မေလ အပြီးပေါ့။eco-tourism လည်းဖြစ်လို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု ပျက်စီးမှုမရှိအောင် လုပ်ပါတယ်။ ” လို့ ဇွဲကပင်မြေနှင့် ကေဘယ်လ်ကား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်ရဲ့ Chief Executive Officer ဖြစ်သူ ဦးဗညားဇော်က ပြောပါတယ်။

ဒီ ကေဘယ်ကား စီမံကိန်းက ဇွဲကပင်တောင်ပေါ်နဲ့ တောင်ခြေကို ဆက်သွယ်ထားခြင်းဖြစ်ပြီး ဘားအံမြို့ထဲကနေ လာမယ့်သူတွေအတွက် အချိန် ၁၅ မိနစ်သာကြာမြင့်မယ်လို့လည်း သိရပါတယ်။

” တောင်ကို အရှေ့ဘက်ကဆို လှေကားထစ်ပေါင်း ၃ ထောင်ကျော်တက်ရတယ်။ လူကြိးဆို ၄ နာရီလောက်ကြာနိုင်တယ်။လူငယ်ဆို ၁ နာရီ ခွဲလောက်ကြာမယ်။ဒီကုမ္ပဏီက နိုင်ငံပေါင်း ၉၀ ကျော်မှာ ကေဘယ်ပေါင်း ၁၅၀၀၀ ကျော်လုပ်ခဲ့တယ် ။နောက်ပြီး ကမ္ဘာနိုင်ငံတွေမှာ ဓာတ်လှေကားပထမဆုံးထုတ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်တယ်။စက်ယန္တရားတွေကို လည်း ဆွစ်ဇာလန်က အကုန်တင်သွင်းပါတယ်။MIC ကိုလည်း အင်ဗက်စမန့်တင်ထားပါတယ်။လျှပ်စစ်မီးကို ဘားအံဓာတ်အားခွဲစက်ရုံကနေ ဆွဲဖို့ ပါမစ်ကျထားပါပြီ။” လို့ ဦးဗညားဇော်က ပြောပါတယ်။

ဇွဲကပင်တောင် ကေဘယ်လ်ကားစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ကြားတာဝါတိုင်မပါဘဲ ပထမအကြီးဆုံး တည်ဆောက်တဲ့ စီမံကိန်းဖြစ်ပြီး အရှည်က ၁၅၀၀ မီတာကျော် အမြင့်က မီတာ၇၀၀ကျော်မြင့်ကာ ဇွဲကပင်တောင်ပေါ်ကို ခြေလျင်တက်မယ်ဆိုရင် အနည်းဆုံးအချိန်၂ နာရီကျော် ကနေ ၄ နာရီအထိ ကြာမြင့်နိုင်ပါတယ်။

” ၄ မိနစ်ဆိုတာ အရမ်းတော့မြန်တယ်။သူတို့တကယ် စတင်မယ်အချိန်ကျမှ သေချာသိရမယ်။ အမတို့ကတော့ သိပ်မစီးရဲဘူး ” လိ့ု ဇွဲကပင်တောင်ကိုလာရောက်တဲ့ ဘုရားဖူးပြည်သူတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးထွေးကပြောပါတယ်။

ကေဘယ်လ်ကား စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ကားပါကင်နေရာအတွက်ကို လိုအပ်တဲ့ သစ်ပင်အရေအတွက် အနည်းငယ်ကိုသာ ခုတ်ပြီး သဘာဝဖြစ်တည်မှုအပေါ်လိုက်ပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကေဘယ်လ်ကား စီမံကိန်းကို ၂၀၁၇ခုနှစ် မေလမှာ စတင်ခဲ့ကာ တည်ဆောက်ရေးကာလကို ၃ နှစ်ယူထားခြင်းဖြစ်ပြီး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂ သန်းခွဲရှယ်ယာပါဝင်ထားတဲ့ ကုမ္ပဏီ လေးခုရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ဇွဲကပင်တောင် #ကေဘယ်လ်ကား

Related posts

Leave a Comment

VOM News

FREE
VIEW