6G မိုဘိုင္းကြန္ရက္နည္းပညာ ဖန္တီးေတာ႔မယ္႔ တရုတ္နုိင္ငံ

ေပက်င္း၊ နိုဝင္ဘာ-၇-၂၀၁၉
မ်ိဳးဆက္ (VOM)

တရုတ္နုိင္ငံဟာ 6G မိုလ္ဘိုင္းဆက္သြယ္ေရး ကြန္ရက္စနစ္ကို တရားဝင္စတင္ၿပီး သုေတြသနျပဳလုပ္ေနျပီလို႔ တရုတ္နိုင္ငံပိုင္သတင္းဌာနက နိုဝင္ဘာ ၇ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ျပီး ေနာက္ဆံုးေပၚ ၾကိဳးမဲ႔ဆက္သြယ္ေရးစနစ္ကို အဆင္႔ျမွင္႔တင္ဖို႔ ရည္ရြယ္ထားတယ္္လို႔ သိရပါတယ္။

တရုတ္အစိုးရဝန္ၾကီးဌာနေတြနဲ႔ သုေတသနဌာနေတြဟာ 6G နည္းပညာသုေတသနနဲ႔ ဖြံ႕ျဖိဳးတိုးတက္ေရးအဖြဲ႔ဖြဲ႔ရန္ ယခုသီတင္းပတ္အတြင္းက ေတြ႔ဆံုခဲ႔ၾကတယ္လို႔ တရုတ္နုိင္ငံ သိပၸံနဲ႔နည္းပညာ ဝန္ၾကီးဌာနက ထုတ္ေဝတဲ႔ Science and Technology Daily သတင္းဌာနက ေဖာ္ျပထားပါတယ္။

ျမန္နႈန္းျမင္႔ 5G နည္းပညာ၀န္ေဆာင္မႈနဲ႔ ပတ္သက္ျပီး မၾကာေသးမီွ လပိုင္းေတြအတြင္းက အေမရိကန္နဲ႔ တရုတ္နုိင္ငံတို႔အၾကား အဓိကျပသနာတစ္ရပ္ျဖစ္ပြားခဲ႔ပါတယ္။

ကမၻာ႔နိုင္ငံအေတာ္မ်ားမ်ားကေတာ႔ 4G ကြန္ရက္စနစ္ထက္ အခ်က္အလက္ရရိွမႈ အဆ ၂၀ ပိုမိုျမန္ဆန္တဲ႔ 5G ကြန္ရက္ကို အသံုးျပဳနိုင္ဖို႔ အျပိဳင္အဆိုင္ၾကိဳးစားေနၾကျပီး ေမာင္းသူမဲ႕ကားေတြအပါအဝင္ နည္းပညာအသစ္အဆန္းေတြမွာပါ အသံုးျပဳနိုင္မယ္လို႔ဆိုပါတယ္။

5G ကြန္ရက္နည္းပညာဝန္ေဆာင္မႈေပးရာမွာ တရုတ္နိုင္ငံအေျခစိုက္ ဟြာေဝးကုမၸဏီကလည္း နိုင္ငံအေတာ္မ်ားမ်ားမွာ ပါဝင္ပတ္သက္ေနပါတယ္။

ဒါေပမယ္႔ အေမရိကန္ကေတာ႔ ဟြာေ၀းရဲ႕ 5G ကြန္ရက္ဟာ အခ်က္အလက္ေတြခိုးယူျပီး သူလွ်ိဳလုပ္နိုင္တယ္ဆိုျပီး ေမလအတြင္းက အမည္ပ်က္စာရင္းသြင္းခဲ႔ပါတယ္။

Ref : CNA Photo :Getty Images
#voiceofmyanmar #ေပက်င္း #6Gကြန္ယက္

Unicode

6G မိုဘိုင်းကွန်ရက်နည်းပညာ ဖန်တီးတော့မယ့် တရုတ်နိုင်ငံ

ပေကျင်း၊ နိုဝင်ဘာ-၇-၂၀၁၉
မျိုးဆက် (VOM)

တရုတ်နိုင်ငံဟာ 6G မိုလ်ဘိုင်းဆက်သွယ်ရေး ကွန်ရက်စနစ်ကို တရားဝင်စတင်ပြီး သုတွေသနပြုလုပ်နေပြီလို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး နောက်ဆုံးပေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တရုတ်အစိုးရဝန်ကြီးဌာနတွေနဲ့ သုတေသနဌာနတွေဟာ 6G နည်းပညာသုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖွဲ့ရန် ယခုသီတင်းပတ်အတွင်းက တွေ့ဆုံခဲ့ကြတယ်လို့ တရုတ်နိုင်ငံ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနက ထုတ်ဝေတဲ့ Science and Technology Daily သတင်းဌာနက ဖော်ပြထားပါတယ်။

မြန်နှုန်းမြင့် 5G နည်းပညာဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး မကြာသေးမှီ လပိုင်းတွေအတွင်းက အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အဓိကပြသနာတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအတော်များများကတော့ 4G ကွန်ရက်စနစ်ထက် အချက်အလက်ရရှိမှု အဆ ၂၀ ပိုမိုမြန်ဆန်တဲ့ 5G ကွန်ရက်ကို အသုံးပြုနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး မောင်းသူမဲ့ကားတွေအပါအဝင် နည်းပညာအသစ်အဆန်းတွေမှာပါ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

5G ကွန်ရက်နည်းပညာဝန်ဆောင်မှုပေးရာမှာ တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးကုမ္ပဏီကလည်း နိုင်ငံအတော်များများမှာ ပါဝင်ပတ်သက်နေပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ ဟွာဝေးရဲ့ 5G ကွန်ရက်ဟာ အချက်အလက်တွေခိုးယူပြီး သူလျှိုလုပ်နိုင်တယ်ဆိုပြီး မေလအတွင်းက အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။

Ref : CNA Photo :Getty Images
#voiceofmyanmar #ပေကျင်း #6Gကွန်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW