ေ႐ြ႕လ်ားပညာေရးစီမံကိန္းနဲ႔ ပညာသင္ၾကားေနေသာ ေက်ာင္းသား/သူေတြကို လက္ေဝွ႔ခ်န္ပီယံေအာင္လ လာေရာက္ၾကည့္ရႈအားေပး

ရန္ကုန္ ႏိုဝင္ဘာ ၁၀-၂၀၁၉
မိုးယံ (VOM)

ရန္ကုန္တိုင္း၊ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္ (၁၈) အင္ဂါပတ္ ဆြမ္းေလာင္းဓမၼာ႐ုံမွာ ဒီကေန႔မနက္ပိုင္းက ကမာၻေက်ာ္ လက္ေဝွ႔ခ်န္ပီယံ ေအာင္လအန္ဆန္းမွ ျမန္မာေ႐ြ႕လ်ားပညာေရးစီမံကိန္းနဲ႔ ပညာသင္ၾကားေနေသာ ေက်ာင္းသား/သူေတြကို လာေရာက္ၾကည့္ရႈၿပီး အားေပးစကားေျပာခဲ့တယ္လို႔ သိရပါတယ္။

‟က်မတို႔ ပညာသင္ၾကားေရးက Mobile Education (ေ႐ြ႕လ်ားပညာသင္ၾကားေရး)ပါ၊ အဲဒီက ဒါ႐ိုက္တာအဖြဲ႕ထဲကတစ္ေယာက္နဲ႔က ေအာင္လနဲ႔ေက်ာင္းေနဘက္သူငယ္ခ်င္းေတြဆိုေတာ့ အရင္ကလည္း စာေရးကိရိယာေတြလႉထားပါတယ္၊ အခုလည္း ကေလးေတြနဲ႔ကစားခ်င္တယ္ ေတြ႕ခ်င္တယ္ဆိုၿပီး လာတာပါ၊ ကေလးေတြနဲ႔ကစားတယ္ ကေလးေတြကိုစိတ္ဓာတ္ခြန္အားျမႇင့္တင္ေပးပါတယ္၊ အခုခ်ိန္မွာ ပညာသင္တယ္ဆိုေပမယ့္ ႀကိဳးစားရင္ဘာမဆိုျဖစ္ႏိုင္တယ္လို႔ ေျပာဆိုသြားပါတယ္၊ ဒီေန႔က သူကေလးေတြဘာလိုအပ္္လည္းလာၾကည့္တာပါလို႔” ျမန္မာေ႐ြ႕လ်ားပညာေရးစီမံကိန္းက တာဝန္ခံဆရာမ ေဒၚႏိုင္ႏိုင္ေအးကေျပာပါတယ္။

၂၀၁၇ခုႏွစ္ ဇြန္လ ၁၅ရက္ေန႔မွစတင္ကာ ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းက ေက်ာင္းသား/သူ (၇၅)ေယာက္ကို Mobile Educationနဲ႔ သင္ၾကားေပးေနတာျဖစ္ပါတယ္။

ေအာင္လအန္ဆန္းကလည္း ကေလးေတြနဲ႔ ေတြ႔ဆံုေနခ်ိန္ ကေလးေတြကို ‟ဘာအေရးႀကီးဆုံးလဲ ”လို႔ ေမးျမန္းရာ ကေလးမ်ားက‟ ပညာေရးအေရးႀကီးေၾကာင္း”ျပန္ေျဖခဲ့ၾကၿပီး ကေလးေတြကိုလည္း ရည္မွန္းခ်က္ထားၿပီးအလုပ္လုပ္ဖို႔နဲ႔ ကေလးေတြကို ‟အရမ္းခ်စ္ပါတယ္”လို႔ ေျပာၾကားသြားတယ္လို႔ သိရပါတယ္။

ျမန္မာေ႐ြ႕လ်ားပညာေရးစီမံကိန္းသင္ၾကားေရးသည္ ေက်ာင္းမေနႏိုင္တဲ့ ခေလးေတြကို အေရး/အဖတ္သင္ၾကားေပးၿပီး ေက်ာင္းျပန္တက္ခ်င္တဲ့ကေလးေတြကိုလည္း ေက်ာင္းထားေပးတယ္လို႔လည္း သိရပါတယ္။
အရြယ္လြန္ကေလးေတြကိုလည္း ဝါသနာပါရာ္ ပညာရပ္ေတြျဖစ္တဲ့ ကြန္ပ်ဴတာ၊ ေမာ္တာျပင္ ၊ စက္ခ်ဳပ္သင္တန္းမ်ားကိုတက္ေရာက္ေစကာ လုပ္ငန္းခြင္ဝင္ႏိုင္ဖို႔အတြက္ သင္ၾကားျပသေပးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေအာင္လအန္ဆန္း

Unicode

ရွေ့လျားပညာရေးစီမံကိန်းနဲ့ ပညာသင်ကြားနေသော ကျောင်းသား/သူတွေကို လက်ဝှေ့ချန်ပီယံအောင်လ လာရောက်ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ ၁၀-၂၀၁၉
မိုးယံ (VOM)

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၈) အင်ဂါပတ် ဆွမ်းလောင်းဓမ္မာရုံမှာ ဒီကနေ့မနက်ပိုင်းက ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းမှ မြန်မာရွေ့လျားပညာရေးစီမံကိန်းနဲ့ ပညာသင်ကြားနေသော ကျောင်းသား/သူတွေကို လာရောက်ကြည့်ရှုပြီး အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။

‟ကျမတို့ ပညာသင်ကြားရေးက Mobile Education (ရွေ့လျားပညာသင်ကြားရေး)ပါ၊ အဲဒီက ဒါရိုက်တာအဖွဲ့ထဲကတစ်ယောက်နဲ့က အောင်လနဲ့ကျောင်းနေဘက်သူငယ်ချင်းတွေဆိုတော့ အရင်ကလည်း စာရေးကိရိယာတွေလှူထားပါတယ်၊ အခုလည်း ကလေးတွေနဲ့ကစားချင်တယ် တွေ့ချင်တယ်ဆိုပြီး လာတာပါ၊ ကလေးတွေနဲ့ကစားတယ် ကလေးတွေကိုစိတ်ဓာတ်ခွန်အားမြှင့်တင်ပေးပါတယ်၊ အခုချိန်မှာ ပညာသင်တယ်ဆိုပေမယ့် ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောဆိုသွားပါတယ်၊ ဒီနေ့က သူကလေးတွေဘာလိုအပ်လည်းလာကြည့်တာပါလို့” မြန်မာရွေ့လျားပညာရေးစီမံကိန်းက တာဝန်ခံဆရာမ ဒေါ်နိုင်နိုင်အေးကပြောပါတယ်။

၂၀၁၇ခုနှစ် ဇွန်လ ၁၅ရက်နေ့မှစတင်ကာ ရွှေပြည်သာမြို့နယ်အတွင်းက ကျောင်းသား/သူ (၇၅)ယောက်ကို Mobile Educationနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။

အောင်လအန်ဆန်းကလည်း ကလေးတွေနဲ့ တွေ့ဆုံနေချိန် ကလေးတွေကို ‟ဘာအရေးကြီးဆုံးလဲ ”လို့ မေးမြန်းရာ ကလေးများက‟ ပညာရေးအရေးကြီးကြောင်း”ပြန်ဖြေခဲ့ကြပြီး ကလေးတွေကိုလည်း ရည်မှန်းချက်ထားပြီးအလုပ်လုပ်ဖို့နဲ့ ကလေးတွေကို ‟အရမ်းချစ်ပါတယ်”လို့ ပြောကြားသွားတယ်လို့ သိရပါတယ်။

မြန်မာရွေ့လျားပညာရေးစီမံကိန်းသင်ကြားရေးသည် ကျောင်းမနေနိုင်တဲ့ ခလေးတွေကို အရေး/အဖတ်သင်ကြားပေးပြီး ကျောင်းပြန်တက်ချင်တဲ့ကလေးတွေကိုလည်း ကျောင်းထားပေးတယ်လို့လည်း သိရပါတယ်။
အရွယ်လွန်ကလေးတွေကိုလည်း ဝါသနာပါရာ် ပညာရပ်တွေဖြစ်တဲ့ ကွန်ပျူတာ၊ မော်တာပြင် ၊ စက်ချုပ်သင်တန်းများကိုတက်ရောက်စေကာ လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက် သင်ကြားပြသပေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #အောင်လအန်ဆန်း

Related posts

Leave a Comment

VOM News

FREE
VIEW