ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီးကို ရာထူးကေန ဖယ္ရွားဆိုုတဲ႕ သတင္းထြက္ေပၚ

Zawgyi

 

မႏၱေလး နိုုဝင္ဘာ ၁၃-၂၀၁၉
VOM

အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳ တကၠသိုလ္ရဲ႕ ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသကိုု လာမယ့္သက္တမ္းအတြက္ ပါေမာကၡခ်ဳပ္ရာထူးကိုု ဆက္လက္တိုုးမေပးေတာ့ပဲ ရာထူးက ဖယ္ရွားေပးဖိုု႕ သာသနာေရးဝန္ၾကီးဌာနက ေလွ်ာက္ထားေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။

ဒီကိစၥ သာသာနာေရးဝန္ၾကီးဌာနက ျပည္တြင္းျပည္ပဆက္ဆံေရး ညြန္ၾကားေရးမွဴး ဦးေအာင္ဆန္းဝင္းကိုုေမးၾကည့္ေတာ့ အစည္းအေဝးထိုုင္ေနေၾကာင္းနဲ႕ ဒီကိစၥ သူမသိေသးေၾကာင္း ေျပာပါတယ္။

နိုုင္ငံေတာ္သံဃမဟာနာယက အက်ိဴးေတာ္ေဆာင္အဖြဲ႕ဝင္ ဆရာေတာ္ၾကီးတပါးကိုု VOM က ေလွ်ာက္ထားၾကည့္ေတာ့ တရားဝင္အမိန္႕စာမထြက္ေသးေပမယ့္ သူတိုု႕ၾကားသိေၾကာင္းနဲ႕ ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသဟာ သက္ေတာ္လည္းၾကီးျပီး က်မၼာေရးလည္းမေကာင္းတာေၾကာင့္ ျဖစ္နုုိင္တယ္လိုု႕ မွတ္ခ်က္ျပဳပါတယ္။

သူ႕ေနရာကိုု ဆက္ခံဖိုု႕ ျဖစ္နိုုင္ေျခရွိတဲ႕ ဆရာေတာ္ေတြကေတာ့ ဒုုတိယပါေမာကၡခ်ဳပ္ျဖစ္တဲ႕ ဦးအာဒိစၥျဖစ္နိုုင္သလိုု ဦးစႏၵဝံသလည္းျဖစ္နုုိင္တယ္လိုု႕ မဟနအဖြဲ႕ဝင္ ဆရာေတာ္က သူ႕အျမင္ကိုု မိန္႕ပါတယ္။

အတည္မျပဳနုုိင္တဲ႕ သတင္းေတြအရ အစိုုးရက သက္တမ္းတိုုးမေပးဘဲ နားခိုုင္းတယ္လိုု႕ အမ်ားျပည္သူမထင္ေအာင္ ဆရာေတာ္ရဲ႕ သေဘာဆႏၵအေလ်ာက္ ရာထူးကနားတာလိုု႕လက္မွတ္ထိုုးေပးဖိုု႕ ေလွ်ာက္ထားေၾကာင္း ၊ ဆရာေတာ္ကေတာ့ အစိုုးရကသာ တရားဝင္စာထုုတ္ေပးဖိုု႕ မိန္႕ၾကားတယ္လိုု႕ နီးစပ္တဲ႕ အသိုုင္းအဝိုုင္းက သိရပါတယ္။

လူမွဳကြန္ယက္ေတြမွာေတာ့ ဆရာေတာ္က ရာထူးက အနားေပးတာကိုု ေက်နပ္ေၾကာင္း ဒါေပမယ့္ ဒကာရင္းေတြကေတာ့ အစိုုးရအေနနဲ႕ ဒီလိုုလုုပ္တာ မသင့္ေတာ္ေၾကာင္း ၊ မေန႕က ေဒၚေအာင္ဆန္းစုုၾကည္အမွဴးျပဳ တည္တဲ႕ ထာဝရျငိမ္းခ်မ္းေရးေစတီေတာ္ အေနကဇာတင္ပြဲကိုု ဆရာေတာ္ မၾကြေရာက္တာေၾကာင့္လိုု႕ ဆိုုသူကဆိုုနဲ႕ မွတ္ခ်က္ အမ်ိဳးမ်ိဳးေပးေနၾကပါတယ္။

ဒီကိစၥ ဗီအိုုအမ္သတင္းဌာနအေနနဲ႕ အတည္ျပဳခ်က္ရရင္ ရသလိုု ဆက္လက္တင္ျပေပးသြားပါ့မယ္။

သက္ေတာ္ ၇၉ ႏွစ္ရွိျပီျဖစ္တဲ႕ ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသဟာ အျပည္ျပည္ဆိုင္ရာ ေထရဝါဒဗုဒၶသာသနာျပဳ တကၠသိုလ္၊ အျပည္ျပည္ဆိုင္ရာ အဘိဓမၼာမဟာသိပၸံ၊ သီတဂူကမာၻ႔ဗုဒၶသာသနာျပဳတကၠသိုလ္ (စစ္ကိုင္းၿမိဳ႕) တို႔ရဲ႕ ပါေမာကၡခ်ဳပ္ ဆရာေတာ္ ျဖစ္သလိုု စစ္ကိုင္းၿမိဳ႕၊ မဟာသုေဗာဓာ႐ုံေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ လည္းျဖစ္ပါတယ္။ ေမျမိဳ႕နဲ႕ မတၳရာမွာလည္း ေက်ာင္းခြဲေတြတည္ေဆာက္ျပီး ပရိယတၱိ ၊ ပရိတ္ပတၱိကိုု သင္ၾကားပိုု႕ခ်ေနဆဲျဖစ္ပါတယ္။ ဆရာေတာ္ဟာ က်မ္းစာေရးသားျခင္း၊ စာေပပို႔ခ်ျခင္း၊ တရားေဟာေျပာျခင္း၊ တရားျပသျခင္း၊ ယဥ္ေက်းလိမၼာ လူငယ္သင္တန္း ဖြင့္လွစ္တာေတြကိုု လက္ရွိအခ်ိန္ထိေဆာင္ရြက္ေနဆဲ ျဖစ္ပါတယ္။

#voiceofmyanmar #ေဒါက္တာနႏၵမာလာဘိဝံသ #ပါေမာကၡခ်ဳပ္ဆရာေတာ္

ဓါတ္ပံုု ပါခ်ဳပ္ဆရာေတာ္တရားမွတ္စုုမ်ား ေပခ်္မွ

Unicode

ပါချုပ်ဆရာတော်ဘုရားကြီးကို ရာထူးကနေ ဖယ်ရှားဆိုတဲ့ သတင်းထွက်ပေါ်

မန္တလေး နိုဝင်ဘာ ၁၃-၂၀၁၉
VOM

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသကို လာမယ့်သက်တမ်းအတွက် ပါမောက္ခချုပ်ရာထူးကို ဆက်လက်တိုးမပေးတော့ပဲ ရာထူးက ဖယ်ရှားပေးဖို့ သာသနာရေးဝန်ကြီးဌာနက လျှောက်ထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဒီကိစ္စ သာသာနာရေးဝန်ကြီးဌာနက ပြည်တွင်းပြည်ပဆက်ဆံရေး ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကိုမေးကြည့်တော့ အစည်းအဝေးထိုင်နေကြောင်းနဲ့ ဒီကိစ္စ သူမသိသေးကြောင်း ပြောပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အကျိူးတော်ဆောင်အဖွဲ့ဝင် ဆရာတော်ကြီးတပါးကို VOM က လျှောက်ထားကြည့်တော့ တရားဝင်အမိန့်စာမထွက်သေးပေမယ့် သူတို့ကြားသိကြောင်းနဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟာ သက်တော်လည်းကြီးပြီး ကျမ္မာရေးလည်းမကောင်းတာကြောင့် ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။

သူ့နေရာကို ဆက်ခံဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဆရာတော်တွေကတော့ ဒုတိယပါမောက္ခချုပ်ဖြစ်တဲ့ ဦးအာဒိစ္စဖြစ်နိုင်သလို ဦးစန္ဒဝံသလည်းဖြစ်နိုင်တယ်လို့ မဟနအဖွဲ့ဝင် ဆရာတော်က သူ့အမြင်ကို မိန့်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ အစိုးရက သက်တမ်းတိုးမပေးဘဲ နားခိုင်းတယ်လို့ အများပြည်သူမထင်အောင် ဆရာတော်ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနားတာလို့လက်မှတ်ထိုးပေးဖို့ လျှောက်ထားကြောင်း ၊ ဆရာတော်ကတော့ အစိုးရကသာ တရားဝင်စာထုတ်ပေးဖို့ မိန့်ကြားတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

လူမှုကွန်ယက်တွေမှာတော့ ဆရာတော်က ရာထူးက အနားပေးတာကို ကျေနပ်ကြောင်း ဒါပေမယ့် ဒကာရင်းတွေကတော့ အစိုးရအနေနဲ့ ဒီလိုလုပ်တာ မသင့်တော်ကြောင်း ၊ မနေ့က ဒေါ်အောင်ဆန်းစုကြည်အမှူးပြု တည်တဲ့ ထာဝရငြိမ်းချမ်းရေးစေတီတော် အနေကဇာတင်ပွဲကို ဆရာတော် မကြွရောက်တာကြောင့်လို့ ဆိုသူကဆိုနဲ့ မှတ်ချက် အမျိုးမျိုးပေးနေကြပါတယ်။

ဒီကိစ္စ ဗီအိုအမ်သတင်းဌာနအနေနဲ့ အတည်ပြုချက်ရရင် ရသလို ဆက်လက်တင်ပြပေးသွားပါ့မယ်။

သက်တော် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဟာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ် (စစ်ကိုင်းမြို့) တို့ရဲ့ ပါမောက္ခချုပ် ဆရာတော် ဖြစ်သလို စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၏ ပဓာနနာယကဆရာတော် လည်းဖြစ်ပါတယ်။ မေမြို့နဲ့ မတ္ထရာမှာလည်း ကျောင်းခွဲတွေတည်ဆောက်ပြီး ပရိယတ္တိ ၊ ပရိတ်ပတ္တိကို သင်ကြားပို့ချနေဆဲဖြစ်ပါတယ်။ ဆရာတော်ဟာ ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်း ဖွင့်လှစ်တာတွေကို လက်ရှိအချိန်ထိဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

#voiceofmyanmar #ဒေါက်တာနန္ဒမာလာဘိဝံသ #ပါမောက္ခချုပ်ဆရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW