လူလုပ္တဲ႕ ေရေဘးေၾကာင့္ လယ္ဧက ေလးေထာင္ေက်ာ္ ဒုကၡေရာက္ေန

လူလုပ္တဲ႕ ေရေဘးေၾကာင့္ လယ္ဧက ေလးေထာင္ေက်ာ္ ဒုကၡေရာက္ေန

ရန္ကုန္ ႏိုဝင္ဘာ-၁၆-၂၀၁၉

မိုးယံ(VOM)

ရန္ကုန္တိုင္း ေဒသႀကီး ထန္းတပင္ၿမိဳ႕နယ္ ၾကမန္းေက်း႐ြာအုပ္စု ၾကမန္း႐ြာ ေဇယ်ာသိဒၵိဘုန္းေတာ္ႀကီးေက်ာင္းမွာ ရြာေပါင္း (၁၉)႐ြာကလယ္သမား ႏွစ္ရာနီးပါးဟာ လူလုပ္ေရေဘးေၾကာင့္ လယ္ဧကေလးေထာင္ေက်ာ္ ဒုကၡေရာက္ရတယ္ဆိုုျပီး သတင္းစာရွင္းပြဲကိုု နိုုဝင္ဘာ ၁၅ ရက္ေန႕က ျပဳလုပ္ခဲ့ပါတယ္။

‟က်မတို႔ၾကမန္းအုပ္စုအပါအဝင္ တလိုင္ေမ ၊ ေဘာလယ္၊ ၾကမန္း၊
မဲပလီ၊ ေ႐ႊၾကာဗ်ိဳက္ စတဲ့ငါးအုပ္စုက ေရေဘးသင့္တဲ့ေတာင္သူနဲ႔ျပည္သူေတြ တစ္ေသာင္းေက်ာ္ ဒုကၡေရာက္ၾကရၿပီးေတာ့ လယ္ဧက ေလးေထာင္ေက်ာ္ ေရသြင္း/ေရႏႈတ္ေျမာင္းေတြ အခက္အခဲ ေတြျဖစ္ေနပါတယ္။ (၂၀၁၅-၂၀၁၆)ခုႏွစ္က ဒီေျမာင္းေတြကို ကင္းလြတ္ခြင့္ေပးထားပါတယ္ အခု (၂၀၁၈-၂၀၁၉)ခုႏွစ္က်မွ ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးက အင္းေလ လံပစ္တဲ့အထဲထည့္ေပးတာ လက္လုပ္လက္စားေရလုပ္သားေတြ စားဝတ္ေနေရး က်န္းမာေရး ပညာေရး အကုန္ဒုကၡေရာက္ကုန္ၾကတယ္ ေနာက္ပိုင္းျပည္သူေတြသူခိုး သူဝွက္ ဆူပူအုံႂကြမႈစတဲ့မလိုလားအပ္တာေတြျဖစ္လာႏိုင္လို႔ ျပည္သူေတြ ေတာင္သူေတြ ဒီဒုကၡကအျမန္ဆုံးလြတ္ေျမာက္ၿပီးသက္ဆိုင္ရာက အျမန္ဆုံးေျဖရွင္းေပးေစခ်င္လိူ႔ အခုလို သတင္းစာရွင္းပြဲလုပ္တာပါလို႔”ၾကမန္းအုပ္စုအုပ္ခ်ဳပ္ေရးမႉး ေဒၚျမင့္ျမင့္သိန္းကေျပာပါတယ္။

ဒဂုံအင္တာေနရွင္နယ္ကုမၸဏီက ေျမဧကရွစ္ေထာင္ေက်ာ္သိမ္းယူရာမွာ အင္းတစ္ဆယ့္ေလးလုံးပါရွိၿပီး အဆိုပါအင္းေတြထဲမွာ ကန္တူးရာက ေျမာင္းေတြျဖစ္ေပၚလာၿပီး ေတာင္သူေတြအဓိက အသုံးျပဳေနေသာ (၃)လိုင္းေျမာင္းအား (၁၃)သိန္း (၆)လိုင္းေျမာင္းအား(၁၈)သိန္း(၁၀)လိုင္းေျမာင္းႀကီးအားသိန္း (၃၀)ၾကမန္း႐ြာခ်င္းကပ္ေနေသး(C)လိုင္းကိုသိန္း(၂၀) နဲ႔ အင္း၁၄အင္းေလ လံရေသာသူမွေရာင္းစားထားတာျဖစ္တယ္လိုု႕ေဒသခံေတြက ေျပာၾကပါတယ္။

‟ေျမာင္းေတြကေရယူလို႔မရဘူး ငါးရွာစားလို႔မရေတာ့ဘူး ငါးကန္ေတြေဘးမွာရွိတဲ့ေရသြင္း ေရထုတ္ေျမာင္းေတြကိုအင္းေလလံစြဲတဲ့သူေတြကအျခားသူေတြကို ေရာင္းစားတယ္၊ သူတို႔ကေျမာင္းထဲမွာငါးရွာၾကတယ္ ဆည္ေတြလုပ္ၾကတယ္တမံေတြလုပ္ၾကေတာ့ေရပိတ္ဆို႔မႈေတြျဖစ္တယ္လို႔”ၾကမန္း႐ြာသားဦးစိုးဝင္းကေျပာပါတယ္။

သတင္းစာရွင္းပြဲနဲ႔ပတ္သက္ၿပီး ထန္းတပင္ၿမိဳ႕နယ္ ငါးလုပ္ငန္းဦးစီးဌာန ဦးစီးမႉးဦးေအးမင္းက
VOMကို အခုလိုရွင္းျပပါတယ္။

‟အင္းနယ္နိမိတ္ထဲမွာ အဲဒီေျမာင္းေတြျဖစ္ေနတာ ကန္ေတြက ငါးကန္ေတြတူးေတာ့ တစ္ကန္နဲ႔တစ္ကန္ၾကားကေျမာင္းေတြျဖစ္ေနတာပါ။ ငါးကန္ေတြကို ကုမၸဏီ ကတူးလို႔ျဖစ္လာတဲ့ေျမာင္းေတြပါဆည္ေျမာင္းဦးစီးဌာနက လယ္သမားေတြအတြက္ေရသြင္းေရထုတ္ဖို႔ဆိုၿပီးႏိုင္ငံေတာ္ဘတ္ဂ်က္နဲ႔တူးေပးထားတဲ့ေျမာင္းေတြမဟုတ္ပါဘူး အခုလိုေတာင္သူေတြ အခက္အခဲျဖစ္ေနရင္ေတာ့ က်ေနာ္တို႔အင္းသမားနဲ႔လယ္သမားနဲ႔ေရစီးေရလာ အသြားအလာ အခက္အခဲ မရွိေအာင္ က်ေနာ္တို႔ဘက္ကညႇိႏႈိင္းေပးလို႔ရပါတယ္လို႔”ဆိုုပါတယ္။

#voiceofmyanmar #ထန္းတပင္ #အင္းေလလံ

Unicode

လူလုပ်တဲ့ ရေဘေးကြောင့် လယ်ဧက လေးထောင်ကျော် ဒုက္ခရောက်နေ

ရန်ကုန် နိုဝင်ဘာ-၁၆-၂၀၁၉

မိုးယံ(VOM)

ရန်ကုန်တိုင်း ဒေသကြီး ထန်းတပင်မြို့နယ် ကြမန်းကျေးရွာအုပ်စု ကြမန်းရွာ ဇေယျာသိဒ္ဒိဘုန်းတော်ကြီးကျောင်းမှာ ရွာပေါင်း (၁၉)ရွာကလယ်သမား နှစ်ရာနီးပါးဟာ လူလုပ်ရေဘေးကြောင့် လယ်ဧကလေးထောင်ကျော် ဒုက္ခရောက်ရတယ်ဆိုပြီး သတင်းစာရှင်းပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

‟ကျမတို့ကြမန်းအုပ်စုအပါအဝင် တလိုင်မေ ၊ ဘောလယ်၊ ကြမန်း၊
မဲပလီ၊ ရွှေကြာဗျိုက် စတဲ့ငါးအုပ်စုက ရေဘေးသင့်တဲ့တောင်သူနဲ့ပြည်သူတွေ တစ်သောင်းကျော် ဒုက္ခရောက်ကြရပြီးတော့ လယ်ဧက လေးထောင်ကျော် ရေသွင်း/ရေနှုတ်မြောင်းတွေ အခက်အခဲ တွေဖြစ်နေပါတယ်။ (၂၀၁၅-၂၀၁၆)ခုနှစ်က ဒီမြောင်းတွေကို ကင်းလွတ်ခွင့်ပေးထားပါတယ် အခု (၂၀၁၈-၂၀၁၉)ခုနှစ်ကျမှ မြို့နယ်ငါးလုပ်ငန်းဦးစီးက အင်းလေ လံပစ်တဲ့အထဲထည့်ပေးတာ လက်လုပ်လက်စားရေလုပ်သားတွေ စားဝတ်နေရေး ကျန်းမာရေး ပညာရေး အကုန်ဒုက္ခရောက်ကုန်ကြတယ် နောက်ပိုင်းပြည်သူတွေသူခိုး သူဝှက် ဆူပူအုံကြွမှုစတဲ့
မလိုလားအပ်တာတွေဖြစ်လာနိုင်လို့ ပြည်သူတွေ တောင်သူတွေ ဒီဒုက္ခကအမြန်ဆုံးလွတ်မြောက်ပြီးသက်ဆိုင်ရာက အမြန်ဆုံးဖြေရှင်းပေးစေချင်လိူ့ အခုလို သတင်းစာရှင်းပွဲလုပ်တာပါလို့”ကြမန်းအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်မြင့်မြင့်သိန်းကပြောပါတယ်။

ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီက မြေဧကရှစ်ထောင်ကျော်သိမ်းယူရာမှာ အင်းတစ်ဆယ့်လေးလုံးပါရှိပြီး အဆိုပါအင်းတွေထဲမှာ ကန်တူးရာက မြောင်းတွေဖြစ်ပေါ်လာပြီး တောင်သူတွေအဓိက အသုံးပြုနေသော (၃)လိုင်းမြောင်းအား (၁၃)သိန်း (၆)လိုင်းမြောင်းအား(၁၈)သိန်း(၁၀)လိုင်းမြောင်းကြီးအားသိန်း (၃၀)ကြမန်းရွာချင်းကပ်နေသေး(C)လိုင်းကိုသိန်း(၂၀) နဲ့ အင်း၁၄အင်းလေ လံရသောသူမှရောင်းစားထားတာဖြစ်တယ်လို့ဒေသခံတွေက ပြောကြပါတယ်။

‟မြောင်းတွေကရေယူလို့မရဘူး ငါးရှာစားလို့မရတော့ဘူး ငါးကန်တွေဘေးမှာရှိတဲ့ရေသွင်း ရေထုတ်မြောင်းတွေကိုအင်းလေလံစွဲတဲ့သူတွေကအခြားသူတွေကို ရောင်းစားတယ်၊ သူတို့ကမြောင်းထဲမှာငါးရှာကြတယ် ဆည်တွေလုပ်ကြတယ်တမံတွေလုပ်ကြတော့
ရေပိတ်ဆို့မှုတွေဖြစ်တယ်လို့”ကြမန်းရွာသားဦးစိုးဝင်းကပြောပါတယ်။

သတင်းစာရှင်းပွဲနဲ့ပတ်သက်ပြီး ထန်းတပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးအေးမင်းက
VOMကို အခုလိုရှင်းပြပါတယ်။

‟အင်းနယ်နိမိတ်ထဲမှာ အဲဒီမြောင်းတွေဖြစ်နေတာ ကန်တွေက ငါးကန်တွေတူးတော့ တစ်ကန်နဲ့တစ်ကန်ကြားကမြောင်းတွေဖြစ်နေတာပါ။ ငါးကန်တွေကို ကုမ္ပဏီ ကတူးလို့ဖြစ်လာတဲ့မြောင်းတွေပါဆည်မြောင်းဦးစီးဌာနက လယ်သမားတွေအတွက်ရေသွင်းရေထုတ်ဖို့ဆိုပြီးနိုင်ငံတော်ဘတ်ဂျက်နဲ့တူးပေးထားတဲ့မြောင်းတွေမဟုတ်ပါဘူး အခုလိုတောင်သူတွေ အခက်အခဲဖြစ်နေရင်တော့ ကျနော်တို့အင်းသမားနဲ့လယ်သမားနဲ့ရေစီးရေလာ အသွားအလာ အခက်အခဲ မရှိအောင် ကျနော်တို့ဘက်ကညှိနှိုင်းပေးလို့ရပါတယ်လို့”ဆိုပါတယ်။

#voiceofmyanmar #ထန်းတပင် #အင်းလေလံ

Related posts

Leave a Comment

VOM News

FREE
VIEW