တပ္သိမ္းေျမမွာပါတယ္ဆိုၿပီး ၿခံစည္း႐ိုးကာရံခဲ့တဲ့ေျမေတြကို ေဒသခံေတြကျပန္ရဖို႔ လုပ္ေဆာင္သြားမယ္

မႏၲေလး ႏိုဝင္ဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ လြန္ေကာင္းေက်း႐ြာအုပ္စု နဲ႔ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေ႐ႊစာရံအုပ္စု၊ ကြၽဲနဖားေက်း႐ြာက ေျမေတြကို တပ္သိမ္းေျမလို႔ေျပာၿပီး သိမ္းခံေနရတာကို ဥပေဒအတုိင္း လုပ္ေဆာင္သြားမယ္လို႔ ဒီကေန႔မနက္ပိုင္း ယင္းကိစၥနဲ႔ပက္သက္ၿပီးျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဒသခံေတာင္သူေတြက ေျပာခဲ့တာျဖစ္ပါတယ္။

စိုက္ပ်ိဳးယာေျမဧက ၁၀၀၀ခန္႔ကို တပ္သိမ္းေျမမွာပါတယ္လုိ႔ဆိုၿပီး ၂၀၁၉ခုႏွစ္ ဧၿပီလအတြင္းမွာ တပ္မေတာ္ကၿခံစည္႐ိုးကာရံခဲ့တဲ့အတြက္ ေျမေတြကို ေဒသခံေတာင္သူေတြက ျပန္ရဖို႔အတြက္ ယေန႔အခ်ိန္ထိ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ က်မတို႔ ႏွစ္ေပါင္း ငါးဆယ္ေက်ာ္ ဓားမဦးခ်လုပ္ကိုင္စားလာတဲ့ ေျမေတြကို တပ္သိမ္းေျမမွာ ပါဝင္တယ္ဆိုၿပီး ၁၂၁ေထာက္/ပို႔တပ္က တပ္စည္း႐ိုးကာတာပါ၊ ရဲအင္အားေရာ လူအင္အားေရာ တစ္ေထာင္ေလာက္နဲ႔တပ္စည္း႐ိုးကာတာပါ၊ က်မတို႔အိမ္ကိုလည္းဖ်က္ဆီးသြားပါတယ္၊ က်မတို႔က အိမ္လည္း ဖ်က္ဆီးခံရေသးတယ္ သူတို႔္တရားစြဲလည္းခံရပါတယ္၊ ဒါေတြကိုအမွန္တရားေပၚေပါက္ေစခ်င္တာပါ၊ ေတာင္သူငါးဆယ္နီးပါးရဲ႕ေျမေတြ တပ္စည္း႐ိုးကာတာခံရတာပါ၊ က်မတို႔ေျမေတြရဖို႔အတြက္၊ ဥပေဒအတိုင္း လုပ္ေဆာင္သြားမွာပါ ႏိုင္ငံေတာ္အစိုးရအေနနဲ႔လည္းက်မတို႔ေတာင္သူေတြ မနစ္နာေစဖို႔ ကူညီေပးေစလိုလို႔အခုလိုသတင္းစာရွင္းပြဲျပဳလုပ္တာပါ ”လို႔ ေတာင္သူေဒၚတင္တင္ျမကေျပာပါတယ္။

တပ္သိမ္းေျမလုိ႔ေျပာၿပီး ၿခံစည္း႐ိုးခတ္ေနတဲ့ေျမေတြဟာ AAA ဘိလပ္ေျမစက္႐ုံ၊ မာဘယ္ေက်ာက္ျပားစက္႐ုံ နဲ႔ အမွတ္ ၁၂၁ ေထာက္ပံ့ေရးတပ္ မႏၲေလး( နန္းတြင္း) ႏို႔စားႏြားေမြးျမဴေရးၿခံ တို႔ရဲ႕ အေရွ႕ဘက္ျခမ္းေျမေတြျဖစ္တယ္လို႔ ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

ယင္းကိစၥကို ပုသိမ္ႀကီးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေဌးလင္းက ကုိဆက္သြယ္ေမးျမန္းရာ ‟တပ္သိမ္းေျမ ၁၂၁ေထာက္/ပို႔တပ္ကသိမ္းတယ္လို႔သိရပါတယ္၊ သိမ္းဆည္းေျမကျပင္ဦးလြင္ၿမိဳ႕ထဲကလည္းပါတယ္၊ ပုသိမ္ႀကီးၿမိဳထဲကလည္းပါတယ္၊ ပုသိမ္ႀကီးၿမိဳ႕နယ္ထဲကေျမကပိုမ်ားတာေပါ့၊ ေတာင္သူေတြက အႀကိမ္ႀကိမ္အဖန္ဖန္ ေတာင္းဆိုခဲ့ေပမယ့္ ဘာၫႊန္ၾကားခ်က္ ဘာဆုံးျဖတ္ခ်က္မွမထြက္ေသးဘဲ တပ္ၿခံစည္း႐ိုးခတ္တယ္၊ ၿခံစည္း႐ိုးေတြ ခတ္ေနကာမွေျမ ျပန္/စစ္ က စာထြက္လာတယ္ ၊ ႏိုဝင္ဘာလဆန္းက ေတာင္သူေတြရဲ႕ထြက္ဆိုခ်က္ယူၿပီးၿပီ ဘာေတြစိုက္ပ်ိဳးထားလဲ၊ တပ္ကလည္းဘယ္ေလာက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ထားလဲ ေျမျပင္ကြင္းဆင္းၿပီးပါၿပီ၊ တိုင္း ဗဟိုေျမျပန္/စစ္ ေတြ အထက္ကိုသိေအာင္ က်ေနာ္တို႔ၿမိဳ႕နယ္က အားခ်င္းလုပ္ေဆာင္ေနပါတယ္လို႔”ေျပာပါတယ္။

လယ္သမား၅၀ေက်ာ္တို႔ရဲ႕ လယ္ဧကတစ္ေထာင္ေက်ာ္ခန္႔ကို ၿခံစည္း႐ိုးကာ တပ္ေျမသိမ္းျခင္းနဲ႔ပတ္သက္ၿပီး ကြၽဲနဖါးေက်း႐ြာသားေတြက စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီ နဲ႔ ႏိုင္ငံေတာ္သမၼတထံကို စာေရးသားေပးပို႔တိုင္ၾကားထားတယ္လို႔လည္း သတင္းစာရွင္းလင္းပဲြမွာ ေဒသခံေတြက ေျပာၾကားခဲ့ပါေသးတယ္။

အုတ္တိုင္စိုက္ တပ္စည္း႐ိုးကာရံျခင္းကို သက္ဆိုင္ရာတပ္က တာဝန္ရွိသူတစ္ဦးကို ဆက္သြယ္ေမးျမန္းရာ ‟အလုပ္မ်ားေနလို႔ မေျဖႏိုင္ေသးဘူး”လို႔ျပန္လည္ေျပာၾကားခဲ့ပါတယ္။

တပ္စည္း႐ိုးကာရံတဲ့အခ်ိန္ အခ်င္းမ်ားမွဳေတြျဖစ္ပြားခဲ့တဲ့အတြက္ ျပင္စာနယ္ေျမရဲစခန္းမွာ တပ္မေတာ္ဘက္က တရားလိုျပဳလုပ္ကာ (ပ)၇၈/၂၀၁၉ ပုဒ္မ ၃၃၁/၁၁၄ ၊ (ပ)၈၀/၂၀၁၉ ပုဒ္မ ၂၉၅/၁၈၆/၄၂၇ နဲ႔ တရားစြဲဆိုထားၿပီး နိုဝင္ဘာ(၁၉)ရက္ေန႔မွာ ရံုးခ်ိန္းခ်ိန္းဆိုထားတယ္လုိ႔ သိရပါတယ္။

#voiceofmyanmar #မႏၱေလး #ေတာင္သူ #ေျမယာ

Unicode

တပ်သိမ်းမြေမှာပါတယ်ဆိုပြီး ခြံစည်းရိုးကာရံခဲ့တဲ့မြေတွေကို ဒေသခံတွေကပြန်ရဖို့ လုပ်ဆောင်သွားမယ်

မန္တလေး နိုဝင်ဘာ ၁၈-၂၀၁၉
မိုးယံ(VOM)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု နဲ့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျွဲနဖားကျေးရွာက မြေတွေကို တပ်သိမ်းမြေလို့ပြောပြီး သိမ်းခံနေရတာကို ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဒီကနေ့မနက်ပိုင်း ယင်းကိစ္စနဲ့ပက်သက်ပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတောင်သူတွေက ပြောခဲ့တာဖြစ်ပါတယ်။

စိုက်ပျိုးယာမြေဧက ၁၀၀၀ခန့်ကို တပ်သိမ်းမြေမှာပါတယ်လို့ဆိုပြီး ၂၀၁၉ခုနှစ် ဧပြီလအတွင်းမှာ တပ်မတော်ကခြံစည်ရိုးကာရံခဲ့တဲ့အတွက် မြေတွေကို ဒေသခံတောင်သူတွေက ပြန်ရဖို့အတွက် ယနေ့အချိန်ထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ ကျမတို့ နှစ်ပေါင်း ငါးဆယ်ကျော် ဓားမဦးချလုပ်ကိုင်စားလာတဲ့ မြေတွေကို တပ်သိမ်းမြေမှာ ပါဝင်တယ်ဆိုပြီး ၁၂၁ထောက်/ပို့တပ်က တပ်စည်းရိုးကာတာပါ၊ ရဲအင်အားရော လူအင်အားရော တစ်ထောင်လောက်နဲ့တပ်စည်းရိုးကာတာပါ၊ ကျမတို့အိမ်ကိုလည်းဖျက်ဆီးသွားပါတယ်၊ ကျမတို့က အိမ်လည်း ဖျက်ဆီးခံရသေးတယ် သူတို့်တရားစွဲလည်းခံရပါတယ်၊ ဒါတွေကိုအမှန်တရားပေါ်ပေါက်စေချင်တာပါ၊ တောင်သူငါးဆယ်နီးပါးရဲ့မြေတွေ တပ်စည်းရိုးကာတာခံရတာပါ၊ ကျမတို့မြေတွေရဖို့အတွက်၊ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ နိုင်ငံတော်အစိုးရအနေနဲ့လည်းကျမတို့တောင်သူတွေ မနစ်နာစေဖို့ ကူညီပေးစေလိုလို့အခုလိုသတင်းစာရှင်းပွဲပြုလုပ်တာပါ ”လို့ တောင်သူဒေါ်တင်တင်မြကပြောပါတယ်။

တပ်သိမ်းမြေလို့ပြောပြီး ခြံစည်းရိုးခတ်နေတဲ့မြေတွေဟာ AAA ဘိလပ်မြေစက်ရုံ၊ မာဘယ်ကျောက်ပြားစက်ရုံ နဲ့ အမှတ် ၁၂၁ ထောက်ပံ့ရေးတပ် မန္တလေး( နန်းတွင်း) နို့စားနွားမွေးမြူရေးခြံ တို့ရဲ့ အရှေ့ဘက်ခြမ်းမြေတွေဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ယင်းကိစ္စကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းဌေးလင်းက ကိုဆက်သွယ်မေးမြန်းရာ ‟တပ်သိမ်းမြေ ၁၂၁ထောက်/ပို့တပ်ကသိမ်းတယ်လို့သိရပါတယ်၊ သိမ်းဆည်းမြေကပြင်ဦးလွင်မြို့ထဲကလည်းပါတယ်၊ ပုသိမ်ကြီးမြိုထဲကလည်းပါတယ်၊ ပုသိမ်ကြီးမြို့နယ်ထဲကမြေကပိုများတာပေါ့၊ တောင်သူတွေက အကြိမ်ကြိမ်အဖန်ဖန် တောင်းဆိုခဲ့ပေမယ့် ဘာညွှန်ကြားချက် ဘာဆုံးဖြတ်ချက်မှမထွက်သေးဘဲ တပ်ခြံစည်းရိုးခတ်တယ်၊ ခြံစည်းရိုးတွေ ခတ်နေကာမှမြေ ပြန်/စစ် က စာထွက်လာတယ် ၊ နိုဝင်ဘာလဆန်းက တောင်သူတွေရဲ့ထွက်ဆိုချက်ယူပြီးပြီ ဘာတွေစိုက်ပျိုးထားလဲ၊ တပ်ကလည်းဘယ်လောက်အကောင်အထည်ဖော်ဆောင်ရွက်ထားလဲ မြေပြင်ကွင်းဆင်းပြီးပါပြီ၊ တိုင်း ဗဟိုမြေပြန်/စစ် တွေ အထက်ကိုသိအောင် ကျနော်တို့မြို့နယ်က အားချင်းလုပ်ဆောင်နေပါတယ်လို့”ပြောပါတယ်။

လယ်သမား၅၀ကျော်တို့ရဲ့ လယ်ဧကတစ်ထောင်ကျော်ခန့်ကို ခြံစည်းရိုးကာ တပ်မြေသိမ်းခြင်းနဲ့ပတ်သက်ပြီး ကျွဲနဖါးကျေးရွာသားတွေက စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ နဲ့ နိုင်ငံတော်သမ္မတထံကို စာရေးသားပေးပို့တိုင်ကြားထားတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြောကြားခဲ့ပါသေးတယ်။

အုတ်တိုင်စိုက် တပ်စည်းရိုးကာရံခြင်းကို သက်ဆိုင်ရာတပ်က တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ‟အလုပ်များနေလို့ မဖြေနိုင်သေးဘူး”လို့ပြန်လည်ပြောကြားခဲ့ပါတယ်။

တပ်စည်းရိုးကာရံတဲ့အချိန် အချင်းများမှုတွေဖြစ်ပွားခဲ့တဲ့အတွက် ပြင်စာနယ်မြေရဲစခန်းမှာ တပ်မတော်ဘက်က တရားလိုပြုလုပ်ကာ (ပ)၇၈/၂၀၁၉ ပုဒ်မ ၃၃၁/၁၁၄ ၊ (ပ)၈၀/၂၀၁၉ ပုဒ်မ ၂၉၅/၁၈၆/၄၂၇ နဲ့ တရားစွဲဆိုထားပြီး နိုဝင်ဘာ(၁၉)ရက်နေ့မှာ ရုံးချိန်းချိန်းဆိုထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #တောင်သူ #မြေယာ

Related posts

Leave a Comment

VOM News

FREE
VIEW