တပ်သိမ်းမြေမှာပါတယ်ဆိုပြီး ခြံစည်းရိုးကာရံခဲ့တဲ့မြေတွေကို ဒေသခံတွေကပြန်ရဖို့ လုပ်ဆောင်သွားမယ်
မန္တလေး နိုဝင်ဘာ ၁၈-၂၀၁၉ မိုးယံ(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ လွန်ကောင်းကျေးရွာအုပ်စု နဲ့ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံအုပ်စု၊ ကျွဲနဖားကျေးရွာက မြေတွေကို တပ်သိမ်းမြေလို့ပြောပြီး သိမ်းခံနေရတာကို ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဒီကနေ့မနက်ပိုင်း ယင်းကိစ္စနဲ့ပက်သက်ပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတောင်သူတွေက ပြောခဲ့တာဖြစ်ပါတယ်။ စိုက်ပျိုးယာမြေဧက ၁၀၀၀ခန့်ကို တပ်သိမ်းမြေမှာပါတယ်လို့ဆိုပြီး ၂၀၁၉ခုနှစ် ဧပြီလအတွင်းမှာ တပ်မတော်ကခြံစည်ရိုးကာရံခဲ့တဲ့အတွက် မြေတွေကို ဒေသခံတောင်သူတွေက ပြန်ရဖို့အတွက် ယနေ့အချိန်ထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ ကျမတို့ နှစ်ပေါင်း ငါးဆယ်ကျော် ဓားမဦးချလုပ်ကိုင်စားလာတဲ့ မြေတွေကို တပ်သိမ်းမြေမှာ ပါဝင်တယ်ဆိုပြီး ၁၂၁ထောက်/ပို့တပ်က တပ်စည်းရိုးကာတာပါ၊ ရဲအင်အားရော လူအင်အားရော တစ်ထောင်လောက်နဲ့တပ်စည်းရိုးကာတာပါ၊ ကျမတို့အိမ်ကိုလည်းဖျက်ဆီးသွားပါတယ်၊ ကျမတို့က အိမ်လည်း ဖျက်ဆီးခံရသေးတယ် သူတို့်တရားစွဲလည်းခံရပါတယ်၊ ဒါတွေကိုအမှန်တရားပေါ်ပေါက်စေချင်တာပါ၊ တောင်သူငါးဆယ်နီးပါးရဲ့မြေတွေ တပ်စည်းရိုးကာတာခံရတာပါ၊ ကျမတို့မြေတွေရဖို့အတွက်၊ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ နိုင်ငံတော်အစိုးရအနေနဲ့လည်းကျမတို့တောင်သူတွေ မနစ်နာစေဖို့ ကူညီပေးစေလိုလို့အခုလိုသတင်းစာရှင်းပွဲပြုလုပ်တာပါ…
Read More
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးမှာ အရေးပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပြီလို့ ဗိုလ်မှူးကြီးစိုင်းငင်းပြောဆို
ချင်းမိုင်၊ နိုဝင်ဘာလ ၁၈-၂၀၁၉ အောင်ထူးနိုင်(VOM) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)ရဲ့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့အစည်းအဝေး(ဒုတိယအကြိမ်) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာလ (၁၆) ရက်နေ့ကနေ စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၁၈ ရက်နေ့(ယနေ့)မှာ အစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီဖြစ်ကာ အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီး စိုင်းငင်းက နိဂုံးချုပ် အမှာစကားပြောကြားရာမှာတော့ “ဒီအစည်းအဝေးမှာ အရေးပါတဲ့ အကြောင်းအရာတွေကို မိမိတို့ ဆွေးနွေးနိုင်ခဲ့ကြပြီး သဘောထား စုစည်းချက်တွေ၊ PPSTကို တင်ပြအစီရင်ခံမယ့် အကြောင်းအရာတွေကို စုစည်းပြင်ဆင်နိုင်ခဲ့တယ်။ ဒါ့အပြင် မိမိတို့ တိုင်းပြည်မှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေးတို့ရဲ့ ပကတိ အခြေအနေမှန်တွေကို လက်တွေ့ကျကျ သုံးသပ်နိုင်ခဲ့ခြင်းဟာ ရှေ့လုပ်ငန်းစဉ်အတွက် များစွာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်”လို့…
Read More
ဒေါင်းတို့မျိုးဆက်အဖွဲ့က အယူခံမတက်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အကူအညီတောင်းမယ်
ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၁၉ အောင်ထူးနိုင်(VOM) ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း သံချပ်ထိုးခဲ့တဲ့စာသားတွေကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနစ်ဦးအနက် ခြောက်ဦးကို အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပြီး ကျန်တစ်ဦးကို တရားသေလွတ်ဖို့ ဗိုလ်တထောင်မြို့နယ်တရားရုံးက နိုဝင်ဘာ ၁၈ ရက်(ဒီနေ့)မှာ အမိန့်ချမှတ်လိုက်ပါတယ်။ သံချပ်ထိုးရာမှာ တပ်မတော်ကို စော်ကားတဲ့အသုံးအနှုန်းတွေပါဝင်တယ်ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ရန်ကုန်တိုင်းရှိ မရမ်းကုန်း၊ ဗိုလ်တထောင်နဲ့ ဧရာဝတီတိုင်းရှိ ဖျာပုံနဲ့ ဒေးဒရဲတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့နဲ့ တပ်မတော်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်မတို့ အယူခံဝင်ဖို့ အစီအစဉ် မရှိပါဘူး။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က နေရာတိုင်းမှာ တရားစွဲခံရတယ်။ ပုဒ်မ နှစ်မျိုးနဲ့ အကြိမ်ကြိမ် တရားစွဲခံရတာဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီညွတ်ဘူး၊ တရားမျှတမှုမရှိဘူး၊ လူအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့…
Read More
မြန်မာနိုင်ငံမှာ ပဋိဝဇီဝဆေးယဉ်ပါးမှုအန္တရာယ် မြင့်တက်နေ
မန္တလေး၊ နိုဝင်ဘာ ၁၈-၂၀၁၉ ဖြူဖြူ(VOM) တစ်ကမ္ဘာလုံးမှာကြုံတွေ့နေရတဲ့ ပဋိဇီဝဆေးယဉ်ပါးမှုအန္တရယ်ဟာ မြန်မာနိုင်ငံမှာလည်း အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီဖြစ်တယ်လို့ နိုဝင်ဘာ(၁၈)ရက်က မန္တလေးမြို့ Hotel Sakura Princess မှာကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကနေ သိရပါတယ်။ “ ပဋိဇီဝဆေးယဉ်ပါးမှု အန္တရယ်က အရမ်းကို အရှိန်အဟုန်နဲ့ကြီးနေတယ်။ တဆိမ့်ဆိမ့်နဲ့ ရေရှည်ဖြစ်ပွားတဲ့ ကပ်ရောဂါအသွင်ဖြစ်တယ်။ အခြားအီဘိုလာ၊ ဇီကာတွေလို ထ,ထကြောက်ရတာမျိုးမဟုတ်ဘူး။ အမြဲတမ်းရေရှည်ကြီးနဲ့ကို ဖြစ်နေတာမို့ ဒါကို တိုက်ဖျက်ဖို့အတွက်ဆိုပြီး အမျိုးသားအဆင့်မှာ နည်းဗျူဟာတွေထားပြီး လုပ်ဆောင်နေတယ်” လို့ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓါတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ပြောပါတယ်။ ဘတ်တီးရီးယားပိုးတွေဟာ အရင်ကပျောက်ကင်းနေတဲ့ ပဋိဇီဝဆေးတွေအပေါ် ခံနိုင်ရည်ပိုရှိလာသလို လူ၊ တိရိစ္ဆာန်နဲ့ အပင်တွေရဲ့ခန္ဓာကိုယ်ထဲမှာ ကြာကြာပိုနေနိုင်လာပြီး ဆေးမတိုးတော့ဘဲ၊ ရောဂါပျောက်ကင်းမှုမရှိတော့ဘဲ ဆေးယဉ်ပါးလာခြင်းဖြစ်ပါတယ်။ အဲဒီလို ပဋိဇီဝဆေး ယဉ်ပါးလာခြင်း အကြောင်းရင်းမှာ ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်သုံးတာ၊…
Read More
ငလျင်ကြောင့် တိမ်းစောင်းခဲ့တဲ့ အဆောက်အဦးတွေ လူနေထိုင်လို့ရတဲ့အတွက် အန္တရာယ်ရှိအဆောက်အဦးလို့ သတ်မှတ်လို့မရ
ရန်ကုန်၊ နိုဝင်ဘာ ၁၈-၂၀၁၉ သိဂီ င်္ (VOM) ရန်ကုန်မြို့မှာ နိုဝင်ဘာ၁၂ရက်နေ့ ညပိုင်းက မြေငလျင်လှုပ်ခတ်မှုအပြီး တိမ်းစောင်းသွားတဲ့ အဆောက်အဦးတွေဟာ လူနေထိုင်လို့ရသေးတဲ့အတွက် အန္တရာယ်ရှိအဆောက်အဦးအဖြစ် သတ်မှတ် မရဘူးလို့ ရန်ကုန်စည်ပင်သာယာရေးကော်မတီကသိရပါတယ်။ ခုလိုပြောကြားချက်ကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ရန်ကုန်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်သန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ငလျင်ကြောင့် ရန်ကုန်မြို့ထဲက ပုဇွန်တောင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း နဲ့ ဒေါပုံမြို့နယ်တွေမှာ တိမ်းစောင်းအဆောက်အဦး ၂၀ ကျော် ရှိခဲ့ပြီး အဆောက်အဦး ၈ လုံးကတော့ ပြန်တည့်မတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ” allow of limit အတွင်းရှိတာက ၁၃ လုံးရှိတယ် ။ကျန်တာ က allow of limit ပြင်ပက ၈ လုံးရှိတယ်။ အဲ့ဒီ…
Read More
TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာသူ ၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲရှိနေ
မန္တလေး၊ နိုဝင်ဘာ ၁၈-၂၀၁၉ ရှိုင်းအောင်(VOM) ကျောက်မဲခရိုင်၊ မိုင်းကောင်းမြို့နယ်ခွဲ ၊ မာန်ခေါက်ကျေးရွာအုပ်စု၊ အာဗျောင်ကျေးရွာက ဒေသခံ အယောက် ၃၀၀ ကျော်ဟာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ့်ဆန်မြို့နယ် ၊ ကျောက်ဖြူကျေးရွာဘက်ကို နေရပ်စွန့်ခွာလာပြီး ထွက်ပြေးတိမ်းရှောင်လာသူ (၃၀၀)ကျော်ရှိနေကာ စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ကျောက်ဖြူလေးကျေးရွာဒေသခံတွေဆီက သိရပါတယ်။ “လက်ရှိမှာ နေရပ်စွန်ခွာလာသူအများအပြားဟာ ဖျားနာနေကြတာကြောင့် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကို အဓိက လိုအပ်နေပါတယ်။ ရွာမှာရှိတဲ့ ဆေးဝါးတွေလဲ ကုန်သွားပြီ စစ်ကြောင်းတစ်ခုတက်လာတယ်လို့တော့ သတင်းရတယ်ဘာဖြစ်မယ်မသိရသေးတော့ မိုင်းကောင်းကိုလဲ ဆင်းမ၀ယ်ရဲဘူး” လို့ ကျောက်ဖြူလေးကျေးရွာမှာနေတဲ့ ဒေသခံတစ်ဦးက (VOM) ကို အတည်ပြုပြောပါတယ်။ လက်ရှိမှာ ကျောက်ဖြူလေးကျေးရွာကို စစ်ဘေးရှောင်လာသူတွေ ထပ်ရောက်နေတာရှိတဲ့အတွက် ဆန်၊ဆီ၊ဆားနဲ့ ဖျားတဲ့သူတွေများနေကာ ဆေးဝါးတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး…
Read More
ကျောက်စိမ်းလုပ်ကွက်တွေမှာ တရုတ်စာတန်းပါဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူပြီး ဓါတ်ပုံရိုက်ကူးသူကို ဖမ်းဆီး
ဖားကန့်၊ နိုဝင်ဘာ-၁၈ -၂ဝ၁၉ ဇော်မိုးထက်(VOM)   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးက ကျောက်စိမ်းသစ်ရွက် ကုမ္မဏီလုပ်ကွက်အတွင်း နိုဝင်ဘာ ၁၈ရက် မနက်ပိုင်းက တရုတ်စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြော်ငြာဓါတ်ပုံ ရိုက်ကူးသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပါတယ်။   ဖမ်းဆီးခံရသူတွေဟာ ဦးလဖိုင်နောင် (၄၇)မှတ်ပုံတင်အမှတ် ၁/မမန(နိုင်) ဝ၁၁၄၁၂ (ဘ)ဦးလဖိုင်တူး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာ နေထိုင်သူနှင့် တရုတ်နိုင်ငံသား မှတ်ပုံတင်  အမှတ် ၅၃၃၁၂၃၂ဝဝဝဝ၃ဝ၉ဝ၄၉၈ ကိုင်ဆောင်ထားသည့် သားဖြစ်သူ ရဲရင့်အောင်(ခေါ်) ဇော်ဖျင့်ကျန် တို့ဖြစ်တယ် လို့ ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနရုံးက အတည်ပြုခဲ့တာဖြစ်ပါတယ်။   သက်ဆိုင်ရာ လူဝန်မှုကြီးကြပ်ရေးဌာနရဲ့ စစ်ဆေးမှုတွေအရ သားဖြစ်သူဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာတွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ ရှောက်ဗူလုံရပ်ကွက် ရင်ကျန်းမြို့ ရင်ကျန်းခရိုင် ယူနန်ပြည်နယ်မှာ မိခင်ဖြစ်သူ…
Read More
ထိုင်ဝမ်ခွဲထွက်ရေး လှုပ်ရှားမှုမှန်သမျှ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်သတိပေး
ဘန်ကောက်၊ နိုဝင်ဘာ-၁၈-၂၀၁၉ မျိုးဆက် (VOM) ထိုင်ဝမ်လွတ်လပ်ရေးအတွက် ဘယ်လိုလုပ်ရပ်မျိုးကိုမှ တရုတ်နိုင်ငံက သည်းခံမှာမဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုလိုက်ပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ်အရေးကို သင့်လျော်တဲ့ပုံစံနဲ့ ချဉ်းကပ်ကိုင်တွယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာကျင်းပတဲ့ ကာကွယ်ရေးဆွေးနွေးပွဲပြင်ပမှာ အမေရိကန်နဲ့တရုတ် ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူရှန်က ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူ့ရဲ့ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး တရုတ်ပြည်မကြီး နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေးအင်အားကို အသုံးပြုသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်လေယာဉ်သင်္ဘောတစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး တရုတ်စစ်သင်္ဘောကို အမေရိကန်နဲ့ ဂျပန်စစ်သင်္ဘောတွေက လိုက်လံစောင့်ကြည့်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်တာဝန်ရှိသူတွေအနေနဲ့ ရေလက်ကြားနဲ့ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုလည်း လေးစားသင့်ကြောင်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ထားတာဖြစ်ပါတယ်။ Ref & Photo : Reuters…
Read More
ဦးဝှေ့တင်းကိစ္စ အရေးကြီးအဆိုဆွေးနွေးတာမှာ ကန့်ကွက်သူ ၇ဦး၊ မဲမပေးပဲနေတဲ့သူ ၁၉၀ကျော်ရှိ
နေပြည်တော်၊ နိုဝင်ဘာ ၁၈-၂၀၁၉ သီရိ(VOM) နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ဦးဝှေ့တင်းကိစ္စ အရေးကြီးအဆိုဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၈ ဦးပါဝင် ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုများအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုကို အတည်ပြုဖို့အတွက် လွှတ်တော်ရဲ့ သဘောထားရယူခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၇၆ ဦးနက် အဆိုကို ထောက်ခံသူ ၃၇၆ မဲ၊ ကန့်ကွက်သူ ၇ မဲ၊ ကြားနေ ၃ မဲရရှိပြီး ဆန္ဒမဲအရေအတွက် ၃၈၆ မဲပေးခဲ့ကြတာဖြစ်ပြီး ထောက်ခံဆန္ဒမဲများတဲ့အတွက် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားတွေနဲ့ ဖမ်းဆီခံရသူအားလုံးကို လွှတ်ပေးခဲ့ပေမယ့်လည်း ဦးဝှေ့တင်းကို မြန်မာ့တပ်မ တော်နဲ့ပေါင်းကာ သူတို့ရဲ့အမျိုးသားရေးကို ဖျက်လို၊ ဖျက်ဆီးလုပ်တယ်။ ခူမီး ချင်းလူငယ်ကို ဖွဲ့စည်းပြီး ချင်း လူမျိုးနဲ့ ရခိုင်လူမျိုးအကြား စိတ်ဝမ်းကွဲပြားမှုဖြစ်အောင်လုပ်တယ်။ ဘာသာရေး၊…
Read More
Read More
VOM News
FREE
VIEW