ဦးေဝွ႔တင္းကိစၥ အေရးႀကီးအဆိုေဆြးေႏြးတာမွာ ကန္႔ကြက္သူ ၇ဦး၊ မဲမေပးပဲေနတဲ့သူ ၁၉၀ေက်ာ္ရိွ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၈-၂၀၁၉
သီရိ(VOM)

ေနျပည္ေတာ္မွာ ဒီကေန႔မနက္ပိုင္းကျပဳလုပ္တဲ့ ဒုတိယအႀကိမ္၊ ျပည္ေထာင္စုလႊတ္ေတာ္ ၁၄ ႀကိမ္ေျမာက္ပုံမွန္ အစည္းအေဝးမွာ ဦးေဝွ႔တင္းကိစၥ အေရးႀကီးအဆိုေဆြးေႏြးရာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ၈ ဦးပါဝင္ ေဆြးေႏြးခဲ့ပါတယ္။

ေဆြးေႏြးမႈမ်ားအၿပီးမွာ ျပည္ေထာင္စုလႊတ္ေတာ္နာယကက အဆိုကို အတည္ျပဳဖို႔အတြက္ လႊတ္ေတာ္ရဲ႕ သေဘာထားရယူခဲ့ရာ ဆႏၵမဲေပးခြင့္ရွိသူ ၅၇၆ ဦးနက္ အဆိုကို ေထာက္ခံသူ ၃၇၆ မဲ၊ ကန္႔ကြက္သူ ၇ မဲ၊ ၾကားေန ၃ မဲရရွိၿပီး ဆႏၵမဲအေရအတြက္ ၃၈၆ မဲေပးခဲ့ၾကတာျဖစ္ၿပီး ေထာက္ခံဆႏၵမဲမ်ားတဲ့အတြက္ အဆိုကို ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္။

အိႏၵိယႏိုင္ငံသားေတြနဲ႔ ဖမ္းဆီခံရသူအားလုံးကို လႊတ္ေပးခဲ့ေပမယ့္လည္း ဦးေဝွ႔တင္းကို ျမန္မာ့တပ္မ ေတာ္နဲ႔ေပါင္းကာ သူတို႔ရဲ႕အမ်ိဳးသားေရးကို ဖ်က္လို၊ ဖ်က္ဆီးလုပ္တယ္။ ခူမီး ခ်င္းလူငယ္ကို ဖြဲ႕စည္းၿပီး ခ်င္း လူမ်ိဳးနဲ႔ ရခိုင္လူမ်ိဳးအၾကား စိတ္ဝမ္းကြဲျပားမႈျဖစ္ေအာင္လုပ္တယ္။ ဘာသာေရး၊ လူမ်ိဳးေရး ေသြးထိုးလႈံ ေဆာ္မႈ လုပ္တယ္လို႔ ေအေအအဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ထည့္သြင္းေရးသားထားတာ ျဖစ္ပါတယ္။

“ ယခုလို စြပ္စြဲခ်က္ေတြဟာ လုံးဝမွန္ကန္မႈမရွိေၾကာင္း ေထာက္ျပခ်င္ပါတယ္။ ျမန္မာ့တပ္မေတာ္နဲ႔ ေအ ေအလက္နက္ကိုင္တို႔ဟာ ၂၀၁၉ ခုႏွစ္အတြင္း တိုက္ပြဲပိုမိုျပင္းထန္လာတဲ့အတြက္ေၾကာင့္ ျမန္မာ့တပ္မေတာ္က ပလက္ဝၿမိဳ႕နယ္မွာ ဆန္တင္သြင္းခြင့္ကို ကန္႔သတ္လိုက္တဲ့အတြက္ေၾကာင့္၊၊ စားနပ္ရိကၡာပ်က္လပ္မႈ ျဖစ္လာ တဲ့အတြက္ေၾကာင့္ ဆန္တစ္အိတ္ တစ္သိန္းေက်ာ္လာတဲ့အထိ ျဖစ္လာတဲ့အတြက္ေၾကာင့္ ဦးေဝွ႔တင္းဟာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သည္ႏွင့္အညီ ျပည္သူမ်ား၏ အခက္အခဲကို ေျပလည္ေစဖို႔ရန္အတြက္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႈးနဲ႔ ပူးေပါင္းကာ ဆန္သယ္ယူခြင့္ရရွိေရး ျမန္မာ့တပ္မေတာ္နဲ႔ ညႇိႏႈိင္းေပးခဲ့ျခင္း သာျဖစ္ပါတယ္”လို႔ ခ်င္းျပည္နယ္၊ မတူပီမဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးပါထန္းကေျပာပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္မွာ ၂၀၁၅ ခုႏွစ္ကတည္းက ေအေအအဖြဲ႕က စတင္လႈပ္ရွားလာၿပီး ျမန္မာ့တပ္မေတာ္နဲ႔လည္း မၾကာခဏတိုက္ပြဲမ်ားျဖစ္လာခဲ့တာျဖစ္ပါတယ္။

တိုက္ပြဲေတြျဖစ္ခ်ိန္တိုင္း ေအေအအဖြဲ႕က ေဒသခံျပည္သူေတြကို လမ္းျပအျဖစ္ ဒါမွမဟုတ္ လုံၿခဳံေရးအရဆိုၿပီး မၾကာခဏ ဖမ္းဆီးေခၚ ေဆာင္သြားၿပီး တခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့ေပမယ့္ တခ်ိဳ႕ကိုေတာ့ ဒီေန႔ထိ ျပန္လႊတ္ေပးျခင္းမရွိတာကိုလည္း ဦးပါထန္းကထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခ်င္းလူမ်ိဳးနဲ႔ ရခိုင္လူမ်ိဳးတို႔ဟာ ေရွးယခင္ကတည္းက ယေန႔တိုင္ေအာင္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေန ထိုင္လာခဲ့ၾကတဲ့ လူမ်ိဳးေတြျဖစ္ပါတယ္။ ယခုလို လုပ္ရပ္ေတြေၾကာင့္သာလွ်င္ ေရွးယခင္ကတည္းက ၿငိမ္းခ်မ္း စြာအတူယွဥ္တြဲေနထိုင္လာခဲ့ၾကတဲ့ ခ်င္းလူမ်ိဳးနဲ႔ ရခိုင္လူမ်ိဳးအၾကားမွာ အထင္အျမင္လြဲမွားမႈ၊ စိတ္ဝမ္းကြဲျပားမႈ ေတြ ျဖစ္ေပၚလာမွာ ျဖစ္တဲ့အျပင္ ပဋိပကၡကို ေမြးဖြားေပးသလို ျဖစ္လာမွာျဖစ္တဲ့အတြက္ေၾကာင့္ ေအေအအ ေနနဲ႔ ယခုလို လုပ္ရပ္မ်ိဳးကို လုံးဝေရွာင္ရွားၿပီး ဦးေဝွ႔တင္းနဲ႔ အျပစ္မဲ့ျပည္သူမ်ားကို အျမန္ဆုံးလႊတ္ေပးဖို႔လို ေၾကာင္းေဆြးေႏြးလိုပါတယ္” လို႔လည္း ထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။

ပလက္ဝၿမိဳ႕နယ္ဆိုတာ ေရွးယခင္ကတည္းက ဒီေန႔ခ်ိန္ထိ လူမ်ိဳးေရးႏွင့္ ဘာသာေရးအေျခခံတဲ့ ပဋိပ ကၡတစ္ႀကိမ္မွမရွိခဲ့သလို ဦးေဝွ႔တင္းအေနနဲ႔လည္း ဗုဒၶဘာသာနဲ႔ ခရစ္ယာန္ဘာသာအၾကား ပဋိပကၡျဖစ္ေအာင္ ေသြးထိုးလႈံ႕ေဆာ္တယ္ဆိုတဲ့ ေအေအရဲ႕ စြပ္စြဲခ်က္ဟာ လုံးဝမဟုတ္မမွန္ေၾကာင္း ပလက္ဝၿမိဳ႕နယ္၊ ခရစ္ယာန္ အသင္းေတာ္မ်ားေကာင္စီကလည္း အတိအလင္းထုတ္ျပန္ထားတယ္လို႔ လႊတ္ေတာ္မွာတင္ျပခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #လႊတ္ေတာ္ #ဦးေဝွ႔တင္း #အဆိုတင္သြင္းမွဳ

Unicode

ဦးဝှေ့တင်းကိစ္စ အရေးကြီးအဆိုဆွေးနွေးတာမှာ ကန့်ကွက်သူ ၇ဦး၊ မဲမပေးပဲနေတဲ့သူ ၁၉၀ကျော်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၁၈-၂၀၁၉
သီရိ(VOM)

နေပြည်တော်မှာ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၄ ကြိမ်မြောက်ပုံမှန် အစည်းအဝေးမှာ ဦးဝှေ့တင်းကိစ္စ အရေးကြီးအဆိုဆွေးနွေးရာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၈ ဦးပါဝင် ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုများအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုကို အတည်ပြုဖို့အတွက် လွှတ်တော်ရဲ့ သဘောထားရယူခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၅၇၆ ဦးနက် အဆိုကို ထောက်ခံသူ ၃၇၆ မဲ၊ ကန့်ကွက်သူ ၇ မဲ၊ ကြားနေ ၃ မဲရရှိပြီး ဆန္ဒမဲအရေအတွက် ၃၈၆ မဲပေးခဲ့ကြတာဖြစ်ပြီး ထောက်ခံဆန္ဒမဲများတဲ့အတွက် အဆိုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားတွေနဲ့ ဖမ်းဆီခံရသူအားလုံးကို လွှတ်ပေးခဲ့ပေမယ့်လည်း ဦးဝှေ့တင်းကို မြန်မာ့တပ်မ တော်နဲ့ပေါင်းကာ သူတို့ရဲ့အမျိုးသားရေးကို ဖျက်လို၊ ဖျက်ဆီးလုပ်တယ်။ ခူမီး ချင်းလူငယ်ကို ဖွဲ့စည်းပြီး ချင်း လူမျိုးနဲ့ ရခိုင်လူမျိုးအကြား စိတ်ဝမ်းကွဲပြားမှုဖြစ်အောင်လုပ်တယ်။ ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ ဆော်မှု လုပ်တယ်လို့ အေအေအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။

“ ယခုလို စွပ်စွဲချက်တွေဟာ လုံးဝမှန်ကန်မှုမရှိကြောင်း ထောက်ပြချင်ပါတယ်။ မြန်မာ့တပ်မတော်နဲ့ အေ အေလက်နက်ကိုင်တို့ဟာ ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာတဲ့အတွက်ကြောင့် မြန်မာ့တပ်မတော်က ပလက်ဝမြို့နယ်မှာ ဆန်တင်သွင်းခွင့်ကို ကန့်သတ်လိုက်တဲ့အတွက်ကြောင့်၊၊ စားနပ်ရိက္ခာပျက်လပ်မှု ဖြစ်လာ တဲ့အတွက်ကြောင့် ဆန်တစ်အိတ် တစ်သိန်းကျော်လာတဲ့အထိ ဖြစ်လာတဲ့အတွက်ကြောင့် ဦးဝှေ့တင်းဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်နှင့်အညီ ပြည်သူများ၏ အခက်အခဲကို ပြေလည်စေဖို့ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးနဲ့ ပူးပေါင်းကာ ဆန်သယ်ယူခွင့်ရရှိရေး မြန်မာ့တပ်မတော်နဲ့ ညှိနှိုင်းပေးခဲ့ခြင်း သာဖြစ်ပါတယ်”လို့ ချင်းပြည်နယ်၊ မတူပီမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းကပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ၂၀၁၅ ခုနှစ်ကတည်းက အေအေအဖွဲ့က စတင်လှုပ်ရှားလာပြီး မြန်မာ့တပ်မတော်နဲ့လည်း မကြာခဏတိုက်ပွဲများဖြစ်လာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ချိန်တိုင်း အေအေအဖွဲ့က ဒေသခံပြည်သူတွေကို လမ်းပြအဖြစ် ဒါမှမဟုတ် လုံခြုံရေးအရဆိုပြီး မကြာခဏ ဖမ်းဆီးခေါ် ဆောင်သွားပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် တချို့ကိုတော့ ဒီနေ့ထိ ပြန်လွှတ်ပေးခြင်းမရှိတာကိုလည်း ဦးပါထန်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးတို့ဟာ ရှေးယခင်ကတည်းက ယနေ့တိုင်အောင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေ ထိုင်လာခဲ့ကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ယခုလို လုပ်ရပ်တွေကြောင့်သာလျှင် ရှေးယခင်ကတည်းက ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ ချင်းလူမျိုးနဲ့ ရခိုင်လူမျိုးအကြားမှာ အထင်အမြင်လွဲမှားမှု၊ စိတ်ဝမ်းကွဲပြားမှု တွေ ဖြစ်ပေါ်လာမှာ ဖြစ်တဲ့အပြင် ပဋိပက္ခကို မွေးဖွားပေးသလို ဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့် အေအေအ နေနဲ့ ယခုလို လုပ်ရပ်မျိုးကို လုံးဝရှောင်ရှားပြီး ဦးဝှေ့တင်းနဲ့ အပြစ်မဲ့ပြည်သူများကို အမြန်ဆုံးလွှတ်ပေးဖို့လို ကြောင်းဆွေးနွေးလိုပါတယ်” လို့လည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ပလက်ဝမြို့နယ်ဆိုတာ ရှေးယခင်ကတည်းက ဒီနေ့ချိန်ထိ လူမျိုးရေးနှင့် ဘာသာရေးအခြေခံတဲ့ ပဋိပ က္ခတစ်ကြိမ်မှမရှိခဲ့သလို ဦးဝှေ့တင်းအနေနဲ့လည်း ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာအကြား ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုတဲ့ အေအေရဲ့ စွပ်စွဲချက်ဟာ လုံးဝမဟုတ်မမှန်ကြောင်း ပလက်ဝမြို့နယ်၊ ခရစ်ယာန် အသင်းတော်များကောင်စီကလည်း အတိအလင်းထုတ်ပြန်ထားတယ်လို့ လွှတ်တော်မှာတင်ပြခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #လွှတ်တော် #ဦးဝှေ့တင်း #အဆိုတင်သွင်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW