ေက်ာက္စိမ္းလုပ္ကြက္ေတြမွာ တ႐ုတ္စာတန္းပါဆိုင္းဘုတ္ေတြ လိုက္လံစိုက္ထူၿပီး ဓါတ္ပုံ႐ိုက္ကူးသူကို ဖမ္းဆီး

ဖားကန္႔၊ ႏိုဝင္ဘာ-၁၈ -၂ဝ၁၉

ေဇာ္မိုးထက္(VOM)

 

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ေအးျမသာယာအုပ္စု၊ ရွေရာ္ခေက်း႐ြာအနီးက ေက်ာက္စိမ္းသစ္႐ြက္ ကုမၼဏီလုပ္ကြက္အတြင္း ႏိုဝင္ဘာ ၁၈ရက္ မနက္ပိုင္းက တ႐ုတ္စာတန္းပါ ဗီႏိုင္းဆိုင္းဘုတ္ကိုင္ေဆာင္ၿပီး ေၾကာ္ျငာဓါတ္ပုံ ႐ိုက္ကူးသူေတြကို သက္ဆိုင္ရာက ဖမ္းဆီးခဲ့ပါတယ္။

 

ဖမ္းဆီးခံရသူေတြဟာ ဦးလဖိုင္ေနာင္ (၄၇)မွတ္ပုံတင္အမွတ္ ၁/မမန(ႏိုင္) ဝ၁၁၄၁၂ (ဘ)ဦးလဖိုင္တူး ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ေအာင္ေျမ(၁)ေက်း႐ြာ ေနထိုင္သူႏွင့္ တ႐ုတ္ႏိုင္ငံသား မွတ္ပုံတင္  အမွတ္ ၅၃၃၁၂၃၂ဝဝဝဝ၃ဝ၉ဝ၄၉၈ ကိုင္ေဆာင္ထားသည့္ သားျဖစ္သူ ရဲရင့္ေအာင္(ေခၚ) ေဇာ္ဖ်င့္က်န္ တို႔ျဖစ္တယ္ လို႔ ဖားကန႔္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာန႐ုံးက အတည္ျပဳခဲ့တာျဖစ္ပါတယ္။

 

သက္ဆိုင္ရာ လူဝန္မႈႀကီးၾကပ္ေရးဌာနရဲ႕ စစ္ေဆးမႈေတြအရ သားျဖစ္သူဟာ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ေအာင္ေျမ(၁)ေက်း႐ြာတြင္ ေမြးဖြားခဲ့ၿပီး တ႐ုတ္ႏိုင္ငံ ေရွာက္ဗူလုံရပ္ကြက္ ရင္က်န္းၿမိဳ႕ ရင္က်န္းခ႐ိုင္ ယူနန္ျပည္နယ္မွာ မိခင္ျဖစ္သူ ေဒၚအားပန္းေမနဲ႔အတူေနထိုင္တယ္လို႔ သိရပါတယ္။ရဲရင့္ေအာင္ (ခ)ေဇာ္ဖ်င့္က်န္ဟာ တ႐ုတ္ႏိုင္ငံ၊ ရင္က်န္းၿမိဳ႕မွာ တ႐ုတ္အတန္းပညာ ေလးတန္းထိ ပညာသင္ၾကားခဲ့ရတယ္လို႔လည္း သိရပါတယ္။

 

ရဲရင့္ေအာင္(ခ)ေဇာ္ဖ်င့္က်န္ဟာ လြန္ခဲ့တဲ့ စက္တင္ဘာလက တ႐ုတ္ႏိုင္ငံ ရင္က်န္းၿမိဳ႕ကေန ျမန္မာႏိုင္ငံ ကန္ပိုင္တီးၿမိဳ႕သို႔ ခိုးလမ္းကတဆင့္ဝင္ေရာက္ခဲ့ၿပီး ဖခင္ေနထိုင္ရာ ဝိုင္းေမာ္ၿမိဳ႕နယ္ ေအာင္ေျမ(၁)ေက်း႐ြာတြင္ ေနတယ္လို႔  သက္ဆိုင္ရာက စစ္ေဆးေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

 

“ ႏိုဝင္ဘာ ၁၄ရက္ေန႔က ဆိုင္ကယ္ျဖင့္ ဝိုင္းေမာ္-ျမစ္ႀကီးနား -ကာမိုင္း-ဖားကန႔္ လမ္းအတိုင္း လာေရာက္ခဲ့ပါတယ္ ။ဗမာစကား ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္သည့္အတြက္ ဖားကန႔္ရတနာနယ္ေျမသို႔ လြယ္ကူစြာ လာေရာက္ႏိုင္ခဲ့တယ္၊ ဗမားစကား ေကာင္းေကာင္းေျပာတတ္ေတာ့  လမ္းမွာဘာမွ ေထြေထြထူးထူးမစစ္ပါဘူး။ေအးေအးေဆးေဆး ဒီအတိုင္းပဲ လာခဲ့တာပါ ” လို႔ တ႐ုတ္ႏိုင္ငံသား မွတ္ပုံတင္ ကိုင္ေဆာင္ထားတဲ့ ေဇာ္ဖ်င့္က်န္က ေျပာပါတယ္။

 

ဖားကန႔္ၿမိဳ႕နယ္ ေအးျမသာယာအုပ္စု ရွေရာခေက်း႐ြာ ရဝမ္ကုန္းေက်း႐ြာ အိမ္အမွတ္ ရဝ/၃၄၁ ရွိ ဦးေလးျဖစ္သူ ဦးထိန္ရင္(ခ)ဦးႏႈတ္ခမ္းကြဲ ၏ေနအိမ္တြင္ တည္းခိုခဲ့ၿပီး ႏိုဝင္ဘာ၁၇ရက္ေန႔ ညေန၃:၄ဝ ခ်ိန္တြင္ “က်င္းဝွမ့္ ရတနာေက်ာက္စိမ္းလုပ္ကြက္ ” ဟု တ႐ုတ္လို ေရးသားထားတဲ့ ဗီႏိုင္းဆိုင္းဘုတ္မွာ ေၾကာ္ျငာဓါတ္ပုံ႐ိုက္ကူးေနတဲ့အခ်ိန္ ဖမ္းဆီးခဲ့တယ္လို႔ ဖားကန႔္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာနကေနသိရပါတယ္။

 

ဖားကန႔္ရတနာနယ္မွာ အလားတူ တ႐ုတ္စာတမ္းပါ ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္ကာ ေက်ာက္စိမ္းတူးေဖာ္ေရး လုပ္ကြက္မ်ားအတြင္း ေၾကာ္ျငာ ဓါတ္ပုံ႐ိုက္ကူးတဲ့ အဖြဲ႕မ်ားထပ္ၿပီး ရွိႏိုင္တယ္လို႔လည္း မ်က္ျမင္ေတြ႕ရွိခဲ့သူ ေရမေဆးသမားမ်ားရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

 

“အဲဒီလို ဆိုင္းဘုတ္ေတြ ေထာင္ၿပီး ဓါတ္ပုံ႐ိုက္တဲ့ အဖြဲ႕ေတြက ေမွာ္တိုင္းလိုလိုမွာ ေတြ႕ေနရတာပဲ ။ဆန္ခါမွာလည္း ဟိုရက္ကေတြ႕တယ္ ။မေန႔က ေမွာ္စီစာမွာလည္းေတြ႕တယ္ ။ လူေတြလည္း မတူဘူး ။စာေတြကလည္း မတူဘူး ။ဆိုင္းဘုတ္အေရာင္ေတြကလည္း မတူဘူး” လို႔ ေရမေဆးေက်ာက္ရွာေဖြသူ ကိုျမင့္စိုးက ေျပာပါတယ္ ။

 

ယခုလို တ႐ုတ္စာတမ္းပါ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ၿပီး ဓါတ္ပုံ႐ိုက္ကူးတဲ့ ျဖစ္ရပ္ေတြဟာ ၂ဝ၁၆ခုႏွစ္ေလာက္ကတည္းက ရွိခဲ့တာျဖစ္ၿပီး ယခုတစ္ႀကိမ္ဟာ ပထမဆုံး အေရးယူေဆာင္႐ြက္ခဲ့တာလို႔လည္း သက္ဆိုင္ရာကေန သိရပါတယ္။

 

ဦးလဖိုင္ေနာင္နဲ႔ဘသားျဖစ္သူ ေဇာ္ဖ်င့္က်န္တို႔ကို ဖားကန႔္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဌာနက အေရးယူေဆာင္႐ြက္ႏိုင္ရန္ စစ္ေဆးေနဆဲျဖစ္တယ္လို႔  ဖားကန႔္ၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးဌာနကေနသိရပါတယ္။

 

#voiceofmyanmar #ဖားကန္႔ #တရုတ္စာတမ္းပါဆိုင္းဘုတ္ #ဖမ္းဆီး

Unicode

ကျောက်စိမ်းလုပ်ကွက်တွေမှာ တရုတ်စာတန်းပါဆိုင်းဘုတ်တွေ လိုက်လံစိုက်ထူပြီး ဓါတ်ပုံရိုက်ကူးသူကို ဖမ်းဆီး

ဖားကန့်၊ နိုဝင်ဘာ-၁၈ -၂ဝ၁၉
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာအနီးက ကျောက်စိမ်းသစ်ရွက် ကုမ္မဏီလုပ်ကွက်အတွင်း နိုဝင်ဘာ ၁၈ရက် မနက်ပိုင်းက တရုတ်စာတန်းပါ ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်ပြီး ကြော်ငြာဓါတ်ပုံ ရိုက်ကူးသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဦးလဖိုင်နောင် (၄၇)မှတ်ပုံတင်အမှတ် ၁/မမန(နိုင်) ဝ၁၁၄၁၂ (ဘ)ဦးလဖိုင်တူး ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာ နေထိုင်သူနှင့် တရုတ်နိုင်ငံသား မှတ်ပုံတင် အမှတ် ၅၃၃၁၂၃၂ဝဝဝဝ၃ဝ၉ဝ၄၉၈ ကိုင်ဆောင်ထားသည့် သားဖြစ်သူ ရဲရင့်အောင်(ခေါ်) ဇော်ဖျင့်ကျန် တို့ဖြစ်တယ် လို့ ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနရုံးက အတည်ပြုခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာ လူဝန်မှုကြီးကြပ်ရေးဌာနရဲ့ စစ်ဆေးမှုတွေအရ သားဖြစ်သူဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာတွင် မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံ ရှောက်ဗူလုံရပ်ကွက် ရင်ကျန်းမြို့ ရင်ကျန်းခရိုင် ယူနန်ပြည်နယ်မှာ မိခင်ဖြစ်သူ ဒေါ်အားပန်းမေနဲ့အတူနေထိုင်တယ်လို့ သိရပါတယ်။ရဲရင့်အောင် (ခ)ဇော်ဖျင့်ကျန်ဟာ တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့မှာ တရုတ်အတန်းပညာ လေးတန်းထိ ပညာသင်ကြားခဲ့ရတယ်လို့လည်း သိရပါတယ်။

ရဲရင့်အောင်(ခ)ဇော်ဖျင့်ကျန်ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက တရုတ်နိုင်ငံ ရင်ကျန်းမြို့ကနေ မြန်မာနိုင်ငံ ကန်ပိုင်တီးမြို့သို့ ခိုးလမ်းကတဆင့်ဝင်ရောက်ခဲ့ပြီး ဖခင်နေထိုင်ရာ ဝိုင်းမော်မြို့နယ် အောင်မြေ(၁)ကျေးရွာတွင် နေတယ်လို့ သက်ဆိုင်ရာက စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

“ နိုဝင်ဘာ ၁၄ရက်နေ့က ဆိုင်ကယ်ဖြင့် ဝိုင်းမော်-မြစ်ကြီးနား -ကာမိုင်း-ဖားကန့် လမ်းအတိုင်း လာရောက်ခဲ့ပါတယ် ။ဗမာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်အတွက် ဖားကန့်ရတနာနယ်မြေသို့ လွယ်ကူစွာ လာရောက်နိုင်ခဲ့တယ်၊ ဗမားစကား ကောင်းကောင်းပြောတတ်တော့ လမ်းမှာဘာမှ ထွေထွေထူးထူးမစစ်ပါဘူး။အေးအေးဆေးဆေး ဒီအတိုင်းပဲ လာခဲ့တာပါ ” လို့ တရုတ်နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ ဇော်ဖျင့်ကျန်က ပြောပါတယ်။

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ရှရောခကျေးရွာ ရဝမ်ကုန်းကျေးရွာ အိမ်အမှတ် ရဝ/၃၄၁ ရှိ ဦးလေးဖြစ်သူ ဦးထိန်ရင်(ခ)ဦးနှုတ်ခမ်းကွဲ ၏နေအိမ်တွင် တည်းခိုခဲ့ပြီး နိုဝင်ဘာ၁၇ရက်နေ့ ညနေ၃:၄ဝ ချိန်တွင် “ကျင်းဝှမ့် ရတနာကျောက်စိမ်းလုပ်ကွက် ” ဟု တရုတ်လို ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ်မှာ ကြော်ငြာဓါတ်ပုံရိုက်ကူးနေတဲ့အချိန် ဖမ်းဆီးခဲ့တယ်လို့ ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနကနေသိရပါတယ်။

ဖားကန့်ရတနာနယ်မှာ အလားတူ တရုတ်စာတမ်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များအတွင်း ကြော်ငြာ ဓါတ်ပုံရိုက်ကူးတဲ့ အဖွဲ့များထပ်ပြီး ရှိနိုင်တယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သူ ရေမဆေးသမားများရဲ့ ပြောကြားချက်အရ သိရပါတယ်။

“အဲဒီလို ဆိုင်းဘုတ်တွေ ထောင်ပြီး ဓါတ်ပုံရိုက်တဲ့ အဖွဲ့တွေက မှော်တိုင်းလိုလိုမှာ တွေ့နေရတာပဲ ။ဆန်ခါမှာလည်း ဟိုရက်ကတွေ့တယ် ။မနေ့က မှော်စီစာမှာလည်းတွေ့တယ် ။ လူတွေလည်း မတူဘူး ။စာတွေကလည်း မတူဘူး ။ဆိုင်းဘုတ်အရောင်တွေကလည်း မတူဘူး” လို့ ရေမဆေးကျောက်ရှာဖွေသူ ကိုမြင့်စိုးက ပြောပါတယ် ။

ယခုလို တရုတ်စာတမ်းပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဓါတ်ပုံရိုက်ကူးတဲ့ ဖြစ်ရပ်တွေဟာ ၂ဝ၁၆ခုနှစ်လောက်ကတည်းက ရှိခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ဟာ ပထမဆုံး အရေးယူဆောင်ရွက်ခဲ့တာလို့လည်း သက်ဆိုင်ရာကနေ သိရပါတယ်။

ဦးလဖိုင်နောင်နဲ့ဘသားဖြစ်သူ ဇော်ဖျင့်ကျန်တို့ကို ဖားကန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးနေဆဲဖြစ်တယ်လို့ ဖားကန့်မြို့နယ်လူဝင်မှုကြီးကြပ်ရေးဌာနကနေသိရပါတယ်။

#voiceofmyanmar #ဖားကန့် #တရုတ်စာတမ်းပါဆိုင်းဘုတ် #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW