TNLA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာလာသူ ၃၀၀ ေက်ာ္ စားဝတ္ေနေရး အခက္အခဲရွိေန

မႏၱေလး၊ ႏိုဝင္ဘာ ၁၈-၂၀၁၉
ရိွဳင္းေအာင္(VOM)

ေက်ာက္မဲခရိုင္၊ မုိင္းေကာင္းၿမိဳ႕နယ္ခြဲ ၊ မာန္ေခါက္ေက်းရြာအုပ္စု၊ အာေဗ်ာင္ေက်းရြာက ေဒသခံ အေယာက္ ၃၀၀ ေက်ာ္ဟာ TNLA နဲ႔ တပ္မေတာ္တုိ႔ တုိက္ပြဲျဖစ္ပြားေနတဲ့အတြက္ နမ့္ဆန္ၿမိဳ႕နယ္ ၊ ေက်ာက္ျဖဴေက်းရြာဘက္ကုိ ေနရပ္စြန္႔ခြာလာၿပီး ထြက္ေျပးတိမ္းေရွာင္လာသူ (၃၀၀)ေက်ာ္ရိွေနကာ စားဝတ္ေနေရး အခက္အခဲရွိေနတယ္လို႔ ေက်ာက္ျဖဴေလးေက်းရြာေဒသခံေတြဆီက သိရပါတယ္။

“လက္ရွိမွာ ေနရပ္စြန္ခြာလာသူအမ်ားအျပားဟာ ဖ်ားနာေနၾကတာေၾကာင့္ ေဆး၀ါးနဲ႔ အေျခခံစားေသာက္ကုန္ေတြကုိ အဓိက လုိအပ္ေနပါတယ္။ ရြာမွာရွိတဲ့ ေဆး၀ါးေတြလဲ ကုန္သြားၿပီ စစ္ေၾကာင္းတစ္ခုတက္လာတယ္လုိ႔ေတာ့ သတင္းရတယ္ဘာျဖစ္မယ္မသိရေသးေတာ့ မုိင္းေကာင္းကုိလဲ ဆင္းမ၀ယ္ရဲဘူး” လုိ႔ ေက်ာက္ျဖဴေလးေက်းရြာမွာေနတဲ့ ေဒသခံတစ္ဦးက (VOM) ကုိ အတည္ျပဳေျပာပါတယ္။

လက္ရိွမွာ ေက်ာက္ျဖဴေလးေက်းရြာကို စစ္ေဘးေရွာင္လာသူေတြ ထပ္ေရာက္ေနတာရိွတဲ့အတြက္ ဆန္၊ဆီ၊ဆားနဲ႔ ဖ်ားတဲ့သူေတြမ်ားေနကာ ေဆးဝါးေတြလည္း လိုအပ္ေနတာျဖစ္ပါတယ္။

နုိ၀င္ဘာလ ၁၆ ရက္နဲ႔ ၁၇ ရက္မွာတုိက္ပြဲေတြျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးနဲ႔ပစ္ခတ္ခံရအတြက္ ရြာသားသုံးေယာက္ဒဏ္ရာရကာ ေနအိမ္သုံးလုံးနဲ႔ ဘုန္းႀကီးေက်ာင္း အနည္းငယ္ပ်က္စီးခဲ့တယ္လုိ႔ ေက်ာက္ျဖဴေလးေက်းရြာေဒသခံတစ္ဦးရဲ႕ေျပာျပခ်က္အရ သိရတာျဖစ္ပါတယ္။

#voiceofmyanmar #နမ့္ဆန္ #ေနရပ္စြန္႔ခြာ #တိုက္ပြဲ

Unicode

TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာသူ ၃၀၀ ကျော် စားဝတ်နေရေး အခက်အခဲရှိနေ

မန္တလေး၊ နိုဝင်ဘာ ၁၈-၂၀၁၉
ရှိုင်းအောင်(VOM)

ကျောက်မဲခရိုင်၊ မိုင်းကောင်းမြို့နယ်ခွဲ ၊ မာန်ခေါက်ကျေးရွာအုပ်စု၊ အာဗျောင်ကျေးရွာက ဒေသခံ အယောက် ၃၀၀ ကျော်ဟာ TNLA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နမ့်ဆန်မြို့နယ် ၊ ကျောက်ဖြူကျေးရွာဘက်ကို နေရပ်စွန့်ခွာလာပြီး ထွက်ပြေးတိမ်းရှောင်လာသူ (၃၀၀)ကျော်ရှိနေကာ စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ကျောက်ဖြူလေးကျေးရွာဒေသခံတွေဆီက သိရပါတယ်။

“လက်ရှိမှာ နေရပ်စွန်ခွာလာသူအများအပြားဟာ ဖျားနာနေကြတာကြောင့် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေကို အဓိက လိုအပ်နေပါတယ်။ ရွာမှာရှိတဲ့ ဆေးဝါးတွေလဲ ကုန်သွားပြီ စစ်ကြောင်းတစ်ခုတက်လာတယ်လို့တော့ သတင်းရတယ်ဘာဖြစ်မယ်မသိရသေးတော့ မိုင်းကောင်းကိုလဲ ဆင်းမဝယ်ရဲဘူး” လို့ ကျောက်ဖြူလေးကျေးရွာမှာနေတဲ့ ဒေသခံတစ်ဦးက (VOM) ကို အတည်ပြုပြောပါတယ်။

လက်ရှိမှာ ကျောက်ဖြူလေးကျေးရွာကို စစ်ဘေးရှောင်လာသူတွေ ထပ်ရောက်နေတာရှိတဲ့အတွက် ဆန်၊ဆီ၊ဆားနဲ့ ဖျားတဲ့သူတွေများနေကာ ဆေးဝါးတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခံရအတွက် ရွာသားသုံးယောက်ဒဏ်ရာရကာ နေအိမ်သုံးလုံးနဲ့ ဘုန်းကြီးကျောင်း အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကျောက်ဖြူလေးကျေးရွာဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရတာဖြစ်ပါတယ်။

#voiceofmyanmar #နမ့်ဆန် #နေရပ်စွန့်ခွာ #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW