ဂမ္ဘီယာက ျမန္မာနိုင္ငံကို တရားစြဲတဲ႔အမႈ ဒီဇင္ဘာလအတြင္း လူသိရွင္ၾကား ၾကားနာမည္

သည္ဟိဂ္၊ နို၀င္ဘာ-၁၉-၂၀၁၉
မ်ိဳးဆက္ (VOM)

ျမန္မာနုိင္ငံဟာ လူနည္းစုရိုဟင္ဂ်ာေတြအေပၚမွာ လူမ်ိဳးတုန္းသတ္ျဖတ္တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာနိုင္ငံက ကုလသမဂၢရဲ႕ နိုင္ငံတကာတရားရံုး (ICJ) မွာတရားစြဲထားတာနဲ႔ပတ္သက္ျပီး ဒီဇင္ဘာ ၁၀ ကေန ၁၂ ရက္အထိ လူသိရွင္ၾကား ၾကားနာသြားမယ္လို႔ ICJ ကထုတ္ျပန္ပါတယ္။

ဒီၾကားနာမႈမွာ ဂမ္းဘီယာနုိင္ငံက ေတာင္းဆိုထားတဲ႔အတိုင္း လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြနဲ႔ ပတ္သက္ျပီး ျမန္မာနုိင္ငံအေပၚအေရးယူ တားျမစ္တဲ႔ ယာယီအမိန္႔ထုတ္ဖို႔ဆိုတဲ႔ အစိိီအမံကို အေလးေပး လုပ္ေဆာင္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾကားမႈလုပ္ေဆာရာမွာ ဂမ္ဘီယာနုိင္ငံက ဒီဇင္ဘာ ၁၀ရက္ ၊ ျမန္မာနုိင္ငံက ဒီဇင္ဘာ ၁၁ မွာေလွ်ာက္လဲခ်က္ေပးရမွာျဖစ္ျပီး ဒီဇင္ဘာ ၁၂ ရက္မွာေတာ႔ နွစ္ဘက္စလံုးက ေလွ်ာက္လဲၾကရမွာျဖစ္ပါတယ္။

ျမန္မာနိုင္ငံဟာ ၁၉၄၈ ခုနွစ္ ကုလသမဂၢ လူမ်ိဳးတုန္းသတ္ျဖတ္မႈဆုိင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ဆိုျပီး အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OIC) ကိုယ္စား ဂမ္ဘီယာနုိင္ငံက ICJ မွာတရားစြဲခဲ႔တာျဖစ္ပါတယ္။

ရိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္အႏၱရာယ္က်ေရာက္တာေတြကေန ကာကြယ္ေပးဖို႔အတြက္ ICJ အေနနဲ႔ အေရးေပၚ အစီအမံေတြကို ခ်က္ခ်င္းေၾကညာေပးဖို႔လိုလားတယ္ေၾကာင္း ဂမ္ဘီယာေရွ႕ေနေတြက ေျပာပါတယ္။

Ref : Daily Mail Photo : AFP
#voiceofmyanmar #ဂမ္ဘီယာ #ျမန္မာနိုင္ငံ #တရားစြဲတဲ႔အမႈ

Unicode

ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲတဲ့အမှု ဒီဇင်ဘာလအတွင်း လူသိရှင်ကြား ကြားနာမည်

သည်ဟိဂ်၊ နိုဝင်ဘာ-၁၉-၂၀၁၉
မျိုးဆက် (VOM)

မြန်မာနိုင်ငံဟာ လူနည်းစုရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာတရားစွဲထားတာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁၀ ကနေ ၁၂ ရက်အထိ လူသိရှင်ကြား ကြားနာသွားမယ်လို့ ICJ ကထုတ်ပြန်ပါတယ်။

ဒီကြားနာမှုမှာ ဂမ်းဘီယာနိုင်ငံက တောင်းဆိုထားတဲ့အတိုင်း လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်အရေးယူ တားမြစ်တဲ့ ယာယီအမိန့်ထုတ်ဖို့ဆိုတဲ့ အစီအမံကို အလေးပေး လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကြားမှုလုပ်ဆောရာမှာ ဂမ်ဘီယာနိုင်ငံက ဒီဇင်ဘာ ၁၀ရက် ၊ မြန်မာနိုင်ငံက ဒီဇင်ဘာ ၁၁ မှာလျှောက်လဲချက်ပေးရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၂ ရက်မှာတော့ နှစ်ဘက်စလုံးက လျှောက်လဲကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ကုလသမဂ္ဂ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ မှာတရားစွဲခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် နောက်ထပ်အန္တရာယ်ကျရောက်တာတွေကနေ ကာကွယ်ပေးဖို့အတွက် ICJ အနေနဲ့ အရေးပေါ် အစီအမံတွေကို ချက်ချင်းကြေညာပေးဖို့လိုလားတယ်ကြောင်း ဂမ်ဘီယာရှေ့နေတွေက ပြောပါတယ်။

Ref : Daily Mail Photo : AFP
#voiceofmyanmar #ဂမ်ဘီယာ #မြန်မာနိုင်ငံ #တရားစွဲတဲ့အမှု

Related posts

Leave a Comment

VOM News

FREE
VIEW