ပုဂံဘုရားေတြမွာ သံပန္းတံခါးမတပ္ခ်င္ေပမယ့္လည္း မတပ္လို႔မရတဲ့ အေျခအေနျဖစ္ေန

ရန္ကုန္ နိုဝင္ဘာ ၁၉-၂၀၁၉

သိဂီ ၤ(VOM)

 

ပုဂံက ဘုရားေတြေပၚတက္ေရာက္နိုင္တဲ႕ ေလွခါးပါတဲ့ဘုရားေတြမွာ  သံပန္းတံခါး မတပ္ခ်င္ေပမယ့္လည္း လက္ရွိအေျခအေနက မတပ္လို႕မရတဲ့ အေျခအေနကိုေရာက္ေနတယ္လို႕ ပုဂံေရွးေဟာင္းသုေတသနဌာနခြဲကေနသိရပါတယ္။

 

ဘုရားေတြေပၚ မဆင္မျခင္တက္ေရာက္မႈေတြကို တားျမစ္ဖို့အတြက္ လတ္တေလာမွ ပုဂံက ဘုရားေတြေပၚတက္ေရာက္ခြင့္ကိုပိတ္ထားေပမယ့္လည္း ေဒသခံေတြအကူအညီနဲ႕ ဘုရားေပၚတက္တဲ႕ကိစၥေတြရွိသလို တားျမစ္ကန္႔သတ္ထားတဲ့ သံပန္းတံခါးကို ခ်ိဳးဖ်က္ဝင္ေရာက္သူ ဖ်က္စီးသူေတြ ရွိေနတာေႀကာင့္ ဘုရားေတြမွာ သံပန္းတံခါး တပ္ဆင္ေနရတာျဖစ္ပါတယ္။

 

“ပုဂံဘုရားနဲ႕ သံပန္းမတင့္တယ္ဘူး ေျပာႀကတယ္။ က်ေတာ္တုိ႔လည္း ဒီဘုရားေတြကို ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ မတပ္ခ်င္ဘူး။ မတပ္ခ်င္ေပမယ့္လည္း ဒီသံပန္းတံခါးေတာင္ ေသာ့ဖ်က္လုိက္ ရုိက္ခ်ိဳးလိုက္ လုပ္ၾကတယ္။ တျခားအသားေတြဆို အလြယ္တကူပ်က္စီးသြားမွာပဲ။ ခုိင္ခိုင္ခ့ံခံ့ျဖစ္မယ့္အရာကုိစဥ္းစားရတယ္။ ထိခုိက္မႈနည္းေအာင္စဥ္းစားလုပ္ရတယ္။ ဖ်က္တဲ့ေနရာမွာလည္း အဂၤေတေတြ မပ်က္စီးေအာင္ ေသခ်ာလုပ္ရတယ္။ စဥ္းစားရတယ္။တကယ္လို႕အားလုံးသာ စည္းကမ္းလုိက္နာၿပီး မတက္သင့္တာမတက္ဘူးဆိုရင္ ဒီတံခါးေတြတပ္စရာေတာင္မလိုဘူး။ လိုက္နာမႈ ပုိင္းက်အားနည္းတယ္။ ဒါေၾကာင့္ မတပ္လို႔မရတဲ့အဆင့္ျဖစ္ေနၿပီး “လို႕ ပုဂံေရွးေဟာင္းသုေတသနဌာနခြဲမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးျမင့္သန္းကေျပာပါတယ္။

 

သံပန္းမႈအေနနဲ႕က ဘုရားေပၚတက္ေရာက္ႏုိင္တဲ့ ေလွကားပါဘုရားအဆူ ၆၀ နီးပါးကုိ သံပန္းတံခါးေတြ တပ္ဆင္ထားၿပီးျဖစ္ေႀကာင္းနဲ႕ သံပန္းတံခါးေတြ တပ္ဆင္ရာမွာ ဘုရားကို  ထိခိုက္ပ်က္စီးမႈအနည္းဆုံးျဖစ္ေအာင္ လုပ္ေနသလို သံပန္းေတြ ျပန္လည္ ၿဖဳတ္တဲ႕အခါမွာလည္း အဂၤေတေတြ ပ်က္စီးမႈမရွိေစဖို႕ ေသခ်ာစဥ္းစားၿပီး စနစ္တက်လုပ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

 

ခုလို ဘုရားေတြေပၚ တက္ေရာက္ခြင့္ပိတ္ၿပီး သံပန္းတံခါးေတြခတ္ေနမယ့္အစား ခံနိုင္ရည္ဝန္အားရွိေသးတဲ႕ တက္ေရာက္လို႔ရတဲဲ့ဘုရားေတြကို လူဦးေရကန္႔သတ္ကာ ဝင္ေႀကးတစ္ခုသတ္မွတ္ျပီး တက္ေရာက္ခြင့္ျပဳသင့္တယ္လို႔ ပုဂံဧည့္လမ္းညႊန္မ်ားအသင္းကေျပာဆိုထားတာလည္းျဖစ္ပါတယ္။

 

” ဒီဘုရားကုိတက္လုိ႔ရမယ္ လူအေရအတြက္နဲ႔ေပါ့။ ခု ႏုိင္ငံျခားသားေတြခုိးတက္ေနတာအမ်ားႀကီး အဲ့ဒါေတြက အႏၱရာယ္မ်ားတယ္။ လိမ့္က်လို႔လုိက္ေျဖရွင္းရတာေတြလည္းရွိတယ္။ tourism police ေတြနဲ႔ေပါ့။  တစ္ေယာက္ကုိ ၅၀၀ ေလာက္ေကာက္ လူ ၂၀၀ တက္ခုိင္းမယ္ ၅၀ ျပန္ဆင္းလာရင္ ဆြဲထားတဲ့ကဒ္ေလးေတြျပန္သိမ္း ေနာက္လူ ထပ္တင္ ။ စနစ္တက်ေလး တက္ေတာ့ ဘုရားေတြ  ပ်က္စီးမႈေလ်ာ့တာေပါ့။ ခိုးတက္တာေတြရွိေနတယ္။ ပရမ္းပတာမျဖစ္ေအာင္  တရား၀င္တက္ခြင့္ေပးလုိ္က္တာက ပိုေကာင္းတယ္။ ဒါကို ဘာ့ေၾကာင့္ တက္ခြင့္ျပန္မေပးေသးတာလဲ မသိဘူး။” လို႕ ပုဂံဧည့္လမ္းညႊန္မ်ားအသင္းဥကၠ႒ ဦးသန္းေဌးကေျပာပါတယ္။

 

ပုဂံမွာ နိုင္ငံျခားသားေတြကိုအဓိက ဆြဲေဆာင္မႈရွိေစတာက ဘုရားေပၚတက္ေရာက္ျပီး ေနဝင္ခ်ိန္ ေနထြက္ခ်ိန္ႀကည့္ရႈျခင္းျဖစ္တာေႀကာင့္ ဘုရားေပၚတက္ေရာက္ခြင့္ကို ခြင့္ျပဳေပးဖို႔ လိုအပ္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

 

လက္ရွိမွာေတာ့ ပုဂံေရွးေဟာင္းသုေတသနဌာနက သက္ဆိုင္ရာဌာနေတြနဲ႕ ပူးေပါင္းျပီး ဘုရားေတြကို လွည္လည္ စစ္ေဆးေနပါတယ္။ ဘုရားအခ်ိဳ႕အေပၚ တရား၀င္ စနစ္တက် တက္ေရာက္ခြင့္ျပဳႏုိင္ဖို႕ အတြက္လည္း တုိင္းေဒသႀကီးအစိုးရအဖြဲ႔ထံ တင္ျပေတာင္းဆိုထားပါတယ္။

 

ပုဂံကို ထိန္းသိမ္းတဲ့ေနရာမွာ ေရွးသုဌာနတစ္ခုတည္း တာဝန္ရွိတာမဟုတ္ဘဲ ေဒသခံေတြမွာလည္း ထိန္းသိမ္းရမယ့္ တာဝန္ရွိတဲ့အတြက္ ေဒသခံပါဝင္ပူးေပါင္းမႈ အမ်ားႀကီးလိုအပ္ေနၿပီး ပုဂံေရွးေဟာင္းယဥ္ေက်းမႈအေမြအႏွစ္ေဒသဟာ ျပီးခဲ့တဲ့ဇြန္လကမွ ကမ႓ာ့အေမြအႏွစ္စာရင္းဝင္အျဖစ္ သတ္မွတ္ခံထားရတာလည္း ျဖစ္ပါတယ္။

 

#voiceofmyanmar #ပုဂံ #သံပန္းတံခါး

Unicode

ပုဂံဘုရားတွေမှာ သံပန်းတံခါးမတပ်ချင်ပေမယ့်လည်း မတပ်လို့မရတဲ့ အခြေအနေဖြစ်နေ

ရန်ကုန် နိုဝင်ဘာ ၁၉-၂၀၁၉
သိဂီ ၤ(VOM)

ပုဂံက ဘုရားတွေပေါ်တက်ရောက်နိုင်တဲ့ လှေခါးပါတဲ့ဘုရားတွေမှာ သံပန်းတံခါး မတပ်ချင်ပေမယ့်လည်း လက်ရှိအခြေအနေက မတပ်လို့မရတဲ့ အခြေအနေကိုရောက်နေတယ်လို့ ပုဂံရှေးဟောင်းသုတေသနဌာနခွဲကနေသိရပါတယ်။

ဘုရားတွေပေါ် မဆင်မခြင်တက်ရောက်မှုတွေကို တားမြစ်ဖို့အတွက် လတ်တလောမှ ပုဂံက ဘုရားတွေပေါ်တက်ရောက်ခွင့်ကိုပိတ်ထားပေမယ့်လည်း ဒေသခံတွေအကူအညီနဲ့ ဘုရားပေါ်တက်တဲ့ကိစ္စတွေရှိသလို တားမြစ်ကန့်သတ်ထားတဲ့ သံပန်းတံခါးကို ချိုးဖျက်ဝင်ရောက်သူ ဖျက်စီးသူတွေ ရှိနေတာကြောင့် ဘုရားတွေမှာ သံပန်းတံခါး တပ်ဆင်နေရတာဖြစ်ပါတယ်။

“ပုဂံဘုရားနဲ့ သံပန်းမတင့်တယ်ဘူး ပြောကြတယ်။ ကျတော်တို့လည်း ဒီဘုရားတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မတပ်ချင်ဘူး။ မတပ်ချင်ပေမယ့်လည်း ဒီသံပန်းတံခါးတောင် သော့ဖျက်လိုက် ရိုက်ချိုးလိုက် လုပ်ကြတယ်။ တခြားအသားတွေဆို အလွယ်တကူပျက်စီးသွားမှာပဲ။ ခိုင်ခိုင်ခံ့ခံ့ဖြစ်မယ့်အရာကိုစဉ်းစားရတယ်။ ထိခိုက်မှုနည်းအောင်စဉ်းစားလုပ်ရတယ်။ ဖျက်တဲ့နေရာမှာလည်း အင်္ဂတေတွေ မပျက်စီးအောင် သေချာလုပ်ရတယ်။ စဉ်းစားရတယ်။တကယ်လို့အားလုံးသာ စည်းကမ်းလိုက်နာပြီး မတက်သင့်တာမတက်ဘူးဆိုရင် ဒီတံခါးတွေတပ်စရာတောင်မလိုဘူး။ လိုက်နာမှု ပိုင်းကျအားနည်းတယ်။ ဒါကြောင့် မတပ်လို့မရတဲ့အဆင့်ဖြစ်နေပြီး “လို့ ပုဂံရှေးဟောင်းသုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းကပြောပါတယ်။

သံပန်းမှုအနေနဲ့က ဘုရားပေါ်တက်ရောက်နိုင်တဲ့ လှေကားပါဘုရားအဆူ ၆၀ နီးပါးကို သံပန်းတံခါးတွေ တပ်ဆင်ထားပြီးဖြစ်ကြောင်းနဲ့ သံပန်းတံခါးတွေ တပ်ဆင်ရာမှာ ဘုရားကို ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ်နေသလို သံပန်းတွေ ပြန်လည် ဖြုတ်တဲ့အခါမှာလည်း အင်္ဂတေတွေ ပျက်စီးမှုမရှိစေဖို့ သေချာစဉ်းစားပြီး စနစ်တကျလုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

ခုလို ဘုရားတွေပေါ် တက်ရောက်ခွင့်ပိတ်ပြီး သံပန်းတံခါးတွေခတ်နေမယ့်အစား ခံနိုင်ရည်ဝန်အားရှိသေးတဲ့ တက်ရောက်လို့ရတဲ့ဘုရားတွေကို လူဦးရေကန့်သတ်ကာ ဝင်ကြေးတစ်ခုသတ်မှတ်ပြီး တက်ရောက်ခွင့်ပြုသင့်တယ်လို့ ပုဂံဧည့်လမ်းညွှန်များအသင်းကပြောဆိုထားတာလည်းဖြစ်ပါတယ်။

” ဒီဘုရားကိုတက်လို့ရမယ် လူအရေအတွက်နဲ့ပေါ့။ ခု နိုင်ငံခြားသားတွေခိုးတက်နေတာအများကြီး အဲ့ဒါတွေက အန္တရာယ်များတယ်။ လိမ့်ကျလို့လိုက်ဖြေရှင်းရတာတွေလည်းရှိတယ်။ tourism police တွေနဲ့ပေါ့။ တစ်ယောက်ကို ၅၀၀ လောက်ကောက် လူ ၂၀၀ တက်ခိုင်းမယ် ၅၀ ပြန်ဆင်းလာရင် ဆွဲထားတဲ့ကဒ်လေးတွေပြန်သိမ်း နောက်လူ ထပ်တင် ။ စနစ်တကျလေး တက်တော့ ဘုရားတွေ ပျက်စီးမှုလျော့တာပေါ့။ ခိုးတက်တာတွေရှိနေတယ်။ ပရမ်းပတာမဖြစ်အောင် တရားဝင်တက်ခွင့်ပေးလိုက်တာက ပိုကောင်းတယ်။ ဒါကို ဘာ့ကြောင့် တက်ခွင့်ပြန်မပေးသေးတာလဲ မသိဘူး။” လို့ ပုဂံဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးသန်းဌေးကပြောပါတယ်။

ပုဂံမှာ နိုင်ငံခြားသားတွေကိုအဓိက ဆွဲဆောင်မှုရှိစေတာက ဘုရားပေါ်တက်ရောက်ပြီး နေဝင်ချိန် နေထွက်ချိန်ကြည့်ရှုခြင်းဖြစ်တာကြောင့် ဘုရားပေါ်တက်ရောက်ခွင့်ကို ခွင့်ပြုပေးဖို့ လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပုဂံရှေးဟောင်းသုတေသနဌာနက သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး ဘုရားတွေကို လှည်လည် စစ်ဆေးနေပါတယ်။ ဘုရားအချို့အပေါ် တရားဝင် စနစ်တကျ တက်ရောက်ခွင့်ပြုနိုင်ဖို့ အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားပါတယ်။

ပုဂံကို ထိန်းသိမ်းတဲ့နေရာမှာ ရှေးသုဌာနတစ်ခုတည်း တာဝန်ရှိတာမဟုတ်ဘဲ ဒေသခံတွေမှာလည်း ထိန်းသိမ်းရမယ့် တာဝန်ရှိတဲ့အတွက် ဒေသခံပါဝင်ပူးပေါင်းမှု အများကြီးလိုအပ်နေပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ ပြီးခဲ့တဲ့ဇွန်လကမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #ပုဂံ #သံပန်းတံခါး

Related posts

Leave a Comment

VOM News

FREE
VIEW